ကုနီနီမြစ်

ကုနီနီမြစ်[မှတ်စု ၁]သည် တောင်အာဖရိကဒေသတွင် ရှိသော မြစ်တစ်စင်းဖြစ်သည်။ အင်ဂိုလာကုန်းပြင်မြင့်မှ စတင်စီးဆင်းလာခဲ့သော မြစ်သည် တောင်ဘက် နမီးဘီးယားနယ်စပ်သို့ စီးဆင်းသွားပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ စီးဝင်ရောက်ရှိခြင်း မရှိချိန်ထိ နယ်စပ်မျဉ်းတလျှောက် အနောက်ဘက်သို့ စီးဆင်းသွားသည်။ ဤဒေသရှိ သက်တမ်းကြာမြင့်စွာ တည်ရှိနေသော မြစ်များထဲမှ တစ်စင်းလည်းဖြစ်သည်။ ၁,၀၅၀ ကီလိုမီတာ (၆၅၂ မိုင်) ရှည်လျားပြီး မြစ်လက်တက်များဖြင့် ဖြာထွက်နေသော မြစ်ဝှမ်းသည် ၁၀၆,၅၆၀ စတုရန်း ကီလိုမီတာ (၄၁,၁၄၃ စတုရန်းမိုင်) ဧရိယာမျှ ကျယ်ဝန်းသည်။ မြစ်ဝ၌ နှစ်စဉ်ပျမ်းမျှရေစီးနှုန်းမှာ 174 m3/s (6,145 cfs) ရှိသည်။ အီပုပါရေတံခွန်သည် ထိုမြစ်ပေါ်တွင် တည်ရှိသည်။[၄] အိုလုရှန်ဂျာဆည်သည် ထိုမြစ်၏ မြစ်လက်တက် အီတာကာမြစ်ပေါ်တွင် တည်ရှိပြီး ရူအာကာနာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထောက်ပံ့ပေးသည်။

ကုနီနီမြစ်
အီပုပါရေတံခွန်အနီးရှိ ကုနီနီမြစ်
ကုနီနီမြစ်ရေစီးကြောင်း၊ အင်ဂိုလာကုန်းပြင်မြင်တွင် အပြာရောင်ဖြင့် ဖော်ပြထားသည်။
နိုင်ငံများအင်ဂိုလာနိုင်ငံနှင့် နမီးဘီးယားနိုင်ငံ
အချက်အလက်များ
မြစ်ဖျားခံရာအင်ဂိုလာကုန်းပြင်မြင့်
စီးဝင်ရာနေရာအတ္တလန္တိတ်သမုဒ္ဒရာ
၀ m (၀ ft)
17°15′09″S 11°45′05″E / 17.25250°S 11.75139°E / -17.25250; 11.75139 11°45′05″E / 17.25250°S 11.75139°E / -17.25250; 11.75139
အလျား၁,၀၅၀ km (၆၅၀ mi)
စီးဆင်းမှု
  • ပျမ်းမျှ နှုန်း:
    ၁၇၄ m3/s (၆,၁၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၁၀၆,၅၆၀ km2 (၄၁,၁၄၀ sq mi)
ရေတံခွန်များအီပုပါရေတံခွန်
အီပုပါရေတံခွန်

စိတ်ဝင်စားဖွယ်အရာများ

အပျော်ဖောင်စီးခြင်းနှင့် ကနူးလှေစီးခြင်းတို့အပါအဝင် မြစ်ပေါ်တွင် ရေပေါ်အားကစားများပြုလုပ်နိုင်သော အီပုပါတွင် မကြာခဏဆိုသလို အပျော်ခရီးသွား စခန်းချမှုများရှိသည်။ [၅] ထို့ပြင် ချောက်ကြီးတစ်လျှောက်တွင်လည်း ရှေးဟောင်းဘာအိုဘက်ပင်များတည်ရှိနေသည်။ ထိုသည်တို့သည် ဆွဲဆောင်မှုရှိပြီး ကျေးရွာနှင့် ရေတံခွန်များကို အပေါ်စီးမှ ကောင်းစွာမြင်နိုင်သော ရှုခင်းများဖြစ်သည်။ သို့ပေမယ့် ထိုအရာများအားလုံးသည် ပုလင်းကွဲများနှင့် စွန့်ပစ်အမှိုက်များကြောင့် ပျက်စီး၍နေပြီဖြစ်သည်။

မှတ်ချက်

ကိုးကား

ရင်းမြစ်

  • C. Michael Hogan (2012)။ "Kunene River"။ in P. Saundry; C. Cleveland (eds.)။ Encyclopedia of Earth။ Washington DC.: National Council for Science and the Environment။
  • "The macroinvertebrates of the Cunene River from the Ruacana Falls to the river mouth and assessment of the conservation status of the river" (2000). African Journal of Aquatic Science 25 (1). 
  • Nakayama၊ Mikiyasu (2003)။ International Waters in Southern Africa။ United Nations University Press။ ISBN 92-808-1077-4 Google eBook.

ပြင်ပလင့်များ


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ