အတ္တလန္တိတ်သမုဒ္ဒရာ
အတ္တလန္တိတ် သမုဒ္ဒရာသည် ကမ္ဘာ ပေါ်ရှိ သမုဒ္ဒရာများ အနက် ဒုတိယမြောက် အကြီးဆုံး ဖြစ်သည်။ စုစုပေါင်း ဧရိယာမှာ ၁၀၆,၄၀၀,၀၀၀ စတုရန်း ကီလိုမီတာခန့် ရှိပြီး ကမ္ဘာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို နေရာယူထားပြီး ကမ္ဘာ့ ရေထု၏ ၂၆ ရာခိုင်နှုန်းခန့် တည်ရှိနေသည်။ နာမည်မှာ ဂရိဒဏ္ဍာရီလာ အက်တလပ်စ် ကို ရည်ညွှန်းခြင်း ဖြစ်ပြီး အတ္တလန္တိတ် ဆိုသည်မှာ အက်တလပ်စ်၏ ပင်လယ်ဟု အဓိပ္ပာယ် သက်ရောက်စေသည်။
Atlantic Ocean | |
---|---|
Extent of the Atlantic Ocean according to the 2002 IHO definition, excluding Arctic and Antarctic regions | |
ကိုဩဒိနိတ် | 0°N 25°W / 0°N 25°W 25°W / 0°N 25°W |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | List of bordering countries (not drainage basin), ဆိပ်ကမ်းများ |
မျက်နှာပြင် ဧရိယာ | ၁၀၆,၄၆၀,၀၀၀ km2 (၄၁,၁၀၀,၀၀၀ sq mi) North Atlantic: ၄၁,၄၉၀,၀၀၀ km2 (၁၆,၀၂၀,၀၀၀ sq mi), South Atlantic ၄၀,၂၇၀,၀၀၀ km2 (၁၅,၅၅၀,၀၀၀ sq mi) |
ပျမ်းမျှအနက် | ၃,၆၄၆ m (၁၁,၉၆၂ ft) |
အနက်ဆုံး အနက်အရှိုင်း | Puerto Rico Trench ၈,၃၇၆ m (၂၇,၄၈၀ ft)[၁] |
ရေထုထည် | ၃၁၀,၄၁၀,၉၀၀ km3 (၇၄,၄၇၁,၅၀၀ cu mi) |
ကမ်းခြေအလျား၁ | ၁၁၁,၈၆၆ km (၆၉,၅၁၀ mi) including marginal seas |
ကျွန်းများ | ကျွန်းများစာရင်း |
ချောက်များ | Puerto Rico; South Sandwich; Romanche |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
သမိုင်းထဲတွင် အတ္တလန္တိတ်ဟု ပထမဆုံး ဖော်ပြထားသည်မှာ ဘီစီ ၄၅၀ ခန့်တွင် ဟီရိုဒိုးတပ်စ်ရေးသားသော သမိုင်းစာအုပ်တွင် ဖြစ်သည်။ တောင်ဘက် အတ္တလန္တိတ် သမုဒ္ဒရာကို ၁၉ ရာစု အလယ်ပိုင်းတွင် အီသီယိုပီးယား ဆိုသော အမည်မှ ဆင်းသက်လာသည့် အီသီယိုးပစ် သမုဒ္ဒရာဟုလည်း ညွှန်းဆို ခေါ်ဝေါ်ကြသည်။[၂] ဥရောပသားများ အခြား သမုဒ္ဒရာများကို ရှာဖွေ မတွေ့ရှိမီ အချိန်က သမုဒ္ဒရာ ဆိုသော အမည်မှာ ဂျီဘရော်လ်တာ ရေလက်ကြား အလွန် ဒေသကို ခေါ်ဆိုခြင်း ဖြစ်ပြီး ယခု အတ္တလန္တိတ်ဟု ခေါ်ဆိုသော နေရာပင် ဖြစ်သည်။ ဂရိတို့ကမူ သမုဒ္ဒရာ ဆိုသည်မှာ ကမ္ဘာကို လှည့်ပတ်နေသည့် ဧရာမ မြစ်ကြီးဟု ယုံကြည်ခဲ့ကြသည်။