ကြမ်းပိုး

ကြမ်းပိုး
Temporal range: Cenomanian–Present
PreЄ
Є
O
S
D
C
P
T
K
Pg
N
Cimex lectularius
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက:Animalia
မျိုးပေါင်းစု:Arthropoda
မျိုးပေါင်း:Insecta
မျိုးစဉ်:Hemiptera
Superfamily:Cimicoidea
မျိုးရင်း:Cimicidae
Latreille, 1802
Subdivisions
မျိုးရင်းခွဲများ နှင့် မျိုးစုများ

Subfamily Afrociminae

  • Genus Afrocimex
    • Afrocimex constrictus

Subfamily Cimicinae

  • Genus Bertilia
  • Genus Cimex
  • Genus Oeciacus[၁]
  • Genus Paracimex
  • Genus Propicimex

Subfamily Cacodminae

  • Genus Aphrania
  • Genus Cacodomus
  • Genus Crassicimex
  • Genus Leptocimex
  • Genus Loxaspis
  • Genus Stricticimex

Subfamily Haematosiphoninae

  • Genus Caminicimex
  • Genus Cimexopsis
  • Genus Haematosiphon
  • Genus Hesperocimex
  • Genus Ornithocoris
  • Genus Psitticimex
  • Genus Synxenoderus

Subfamily Latrocimicinae

  • Genus Latrocimex

Subfamily Primicimicinae

  • Genus Bucimex
  • Genus Primicimex

ကြမ်းပိုးသည် စီမီစီဒီး Cimicidae မျိုးနွယ်ဝင် အင်းဆက်တစ်မျိုးဖြစ်သည့်ပြင် သေးငယ်ပြီး ဖမ်းရခက်သော ကပ်ပါးကောင်တစ်မျိုးဖြစ်သည်။ ၎င်းတို့သည် လူနှင့် အခြားသွေးနွေးသတ္တဝါများ၏ သွေးကို သောက်သုံးပြီး အသက်ရှင်နေထိုင်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် Bed bug (or) Bedbug ဟုခေါ်ပြီး လူအိပ်သော အိပ်ရာတွင် နေထိုင်သည့်အတွက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ၎င်းကြမ်းပိုးများသည် အဓိကအားဖြင့် လူတို့ သတိမထားမိသည့် ညအချိန်တွင် လှုပ်ရှားသွားလာကြသည်။ ၎င်းတို့တွင် ကိုက်ခဲနိုင် သေးငယ်သောသွားကလေးများရှိသည့်ပြင် အကိုက်ခံရပါက ခြင်ကိုက်သကဲ့သို့ ယားယံစေသည်။

အရေအပြား အဖုအပိတ်ထွက်ခြင်း၊ ယားယံခြင်း နှင့် အခြား အရေအပြားရောဂါကဲ့သို့သော ကျန်းမာရေးဆိုးကျိုးအချို့သည် ကြမ်းပိုးများ ကိုက်ခဲခြင်းကြောင့် ဖြစ်သည်။ ၁၉၄၀ မတိုင်မီကတည်းက ကြမ်းပိုးများကို အမြစ်ပြတ် သုတ်သင်ခဲ့ကြသော်လည်း ၁၉၉၅ ခုနှစ်ကတည်းက ကြမ်းပိုးပျံ့နှံ့မှုသည် တိုး၍သာ ပွားလာသည်ကိုတွေ့ရသည်။ လူသားများ၏ ပိုးမွှားကြရောက်အန္တရာယ်များ တိုးလာခြင်းသည် ကြမ်းပိုးကိုက်ခြင်းများနှင့်လည်း ဆက်နွယ်နေသည်။

ကြမ်းပိုးများသည် ဝမ်းတွင်းမျိုးစေ့ချခြင်းနည်းဖြင့် မိတ်လိုက်မျိုးပွားကြသည်။

ကြမ်းပိုးတွင် ခြေ ခြောက်ချောင်းရှိသည်(အရွယ်ရောက်ပြီးကောင်တွင် ခြောက်ချောင်းနှင့် မရွယ်မရောက်ခင်ကောင်တွင် ငါးချောင်းသာရှိ)။ ၎င်းတို့၏ အသက်ရှင် နေထိုင်မှု ဖြစ်စဉ်အဆင့် အမျိုးမျိုးတွင် အရေခွံလဲခြင်းများကိုလည်း အခါခါ ပြုလုပ်ကြသေးသည်။ ၎င်းတို့သည် သူတို့၏အခွံများအား လုံးဝမကျန်အောင် ချွတ်လဲနိုင်ကြသည်။ ကြမ်းပိုးများသည် အခွံလဲခြင်းကို အရွယ်မရောက်မှီအချိန်၌ ၆ ကြိမ်ခန့် လဲလှယ်ကြသည်။

ကြမ်းပိုးအန္တရာယ်မှ ရှောင်ရှားခြင်းနှင့် အမျိုးဖြုတ် သတ်ဖြတ်ခြင်း

ကြမ်းပိုးများကို ယင်းတို့ရောက်ရှိလာပြီးမှ ရှင်းလင်းရန် ကြိုးစားခြင်းထက် မရောက်လာခင် ကြိုတင်ကာကွယ်ခြင်းသည် သာ၍ ကောင်းသည်။ ယင်းတို့အန္တရာယ်မှ ကာကွယ်ရန်အတွက်ကိုကား အောက်ပါအတိုင်းလုပ်ဆောင်နိုင်ကြသည်။ သင်သည် ခရီးသွားခြင်း၊ အိမ်လည်သွားခြင်းများပြုလုပ်ပါက ခရီးဆောင်အိတ်များကို သယ်ဆောင်သွားရမည်ဖြစ်သည်။ အကယ်၍ သင်နေထိုင်သည့် အိမ်၊ သို့မဟုတ် တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်များတွင် ကြမ်းပိုး၏ အရိပ်ယောင်များတွေ့ရှိပါက သင်၏ အသုံးအဆောင်ပစ္စည်းများကို စားပွဲ၊ ကုလားထိုင်များပေါ်တွင် ချက်ချင်းမချထားသင့်ချေ။ အခန်းသစ်ကို မေးမြန်စုံစမ်းပြီး ပြောင်းလဲခြင်းသည် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် သင်အိမ်သို့ ရောက်သည်နှင့် ခရီးဆောင်အိတ်ကို ချက်ချင်းမဖွင့်ပါနှင့်။

ကြမ်းပိုးအန္တရာယ်ကို အတတ်နိုင်ဆုံးလေ့လာပြီးမှဖွင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ကြမ်းပိုးများသည် အိတ်များ၊ အဝတ်အစားများ မှ ဖိနပ်များအဆုံး ကပ်ညိတွယ် လိုက်ပါနိုင်သောကြောင့်ဖြစ်သည်။ ထို့နောက် ၎င်းအိတ်များ၊ အတွင်းရှိ အဝတ်အစားများကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ခြင်းဖြင့် ၎င်းတို့ကို သတ်ဖြတ်နိုင်သည်။

အိမ်တွင်ရှိပါကလည်း အိမ်သုံးပစ္စည်းများ၊ စားပွဲ၊ ကုလားထိုင်းများ၏ ကြမ်းများကို ကြမ်းကြားများမဖြစ်နေစေရန် အိမ်ဆောက်ပစ္စည်းများ၊ သုတ်ဆေးများအသုံးပြု၍ ပိတ်ထားသင့်သည်။ ထို့ပြင် အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်တို့ကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်သင့်သည်။ ခေါင်းအုံးများကိုလည်း သင့်တော်သလို စီစဉ်သင့်သည်။ အသုံးမလိုသည့် သစ်သားထိုင်ခုံစုတ်များ၊ သစ်သား အိမ်အသုံးအဆောင်များကို မီးရှို့ဖျက်ဆီးသင့်သည်။ နံရံများကို အပေါက်များရှိမနေစေရန် အိမ်သုတ်ဆေးများအသုံးပြု၍ ပိတ်ထားသင့်သည်။ ဓာတုဗေဒပိုးသတ်ဆေးများအသုံးပြု၍လည်း အမျိုးဖြုတ်သတ်ပစ်နိုင်သည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ