ခင်စန်းရီ

ဝန်ကြီး အငြိမ်းစား

ဒေါက်တာ ဒေါ်ခင်စန်းရီ သည် မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သည်။ သူမသည် ပညာရေး ဝန်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၄ ဖေဖော်ဝါရီ နှင့် ၂၀၁၅ ဒီဇင်ဘာတို့တွင် သမ္မတ ဦးသိန်းစိန်မှ ဒေါ်ခင်စန်းရီအား ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရာ သူမသည် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသော ဒုတိယမြောက် အမျိုးသမီး ဖြစ်လာခဲ့သည်။[၁] ၂၀၁၃ ဒီဇင်ဘာနှင့် ၂၀၁၅ ဒီဇင်ဘာလတို့တွင် ပညာရေး ဝန်ကြီး ဦးမြအေးနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဒေါက်တာဦးကိုကိုဦးတို့ ကွယ်လွန်ခဲ့ပြီးနောက် သူမသည် ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။[၂][၃]

ခင်စန်းရီ
ပညာရေး ဝန်ကြီးဌာန နှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ ဝန်ကြီး
တာဝန်သက်တမ်း
ဖေဖော်ဝါရီ ၂၀၁၄၊ ဒီဇင်ဘာ ၂၀၁၅ – ၃၀၊ မတ်လ ၂၀၁၆
လက်ထောက်ဇော်မင်းအောင်နှင့် သန့်ရှင်း၊ အောင်ကျော်မြတ်နှင့် ဘရွှေ
ယခင်လူမြအေး၊ ဒေါက်တာကိုကိုဦး
ဆက်ခံသူဒေါ်အောင်ဆန်းစုကြည်
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
ဧပြီ ၂၀၁၂ – ဖေဖော်ဝါရီ ၂၀၁၄
ကိုယ်ရေး အချက်အလက်များ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်
University of Göttingen
အလုပ်အကိုင်စီးပွားရေး ပညာရှင်

ဒေါ်ခင်စန်းရီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၄][၅] ၂၀၁၂ ခုနှစ် ဧပြီလတွင် သူမသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ဝန်ကြီးဖြစ်သူ ဒေါက်တာကံဇော် လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]

ဒေါ်ခင်စန်းရီသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးဘွဲ့နှင့် မဟာဘွဲ့များ ရရှိခဲ့သည်။[၁] ၁၉၉၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ University of Göttingen မှ ပါရဂူဘွဲ့ ရရှိခဲ့သည်။[၆][၇]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ