မိခင်ကျောင်း

တက်ခဲ့ပြီးသောကျောင်းသို့မဟုတ်တက္ကသိုလ်

မြန်မာဘာသာဖြင့် "မိခင်ကျောင်း"၊ သို့မဟုတ် "ပညာရင်နို့ သောက်စို့ရာ" ဟု ဘာသာပြန်လေ့ရှိသည့် စကားစု၏ မူရင်းမှာ "Alma mater" ဟူသည့် လက်တင်ဘာသာ စကားစုဖြစ်သည်။ လက်တင်ဘာသာဖြင့် alma ဆိုသည်မှာ အာဟာရ ပြည့်ဖြိုးစေသော၊ သို့မဟုတ် ကြင်နာသော ဟု အဓိပ္ပာယ်ရပြီး၊ mater ဆိုသည်မှာ မိခင် ဟု အဓိပ္ပာယ်ရသည်။ အသုံးနည်းသည့် ဗဟုဝုစ်ကိန်းမှာ almae matres ဖြစ်သည်။

ဤစကားစုကို ရှေးရောမ (ancient Rome) ခေတ်တွင်း မယ်တော်နတ်ဘုရား (mother goddess) များ၊ အထူးသဖြင့် စီးရီးစ် (Ceres) သို့ စစ်ဘလီ (Cybele)၊[၁] ကို ရည်ညွှန်းရာတွင် အသုံးပြုပြီး၊ နောင် ခရစ်ယာန်ဘာသာ ထွန်းကားလာပြီးနောက်တွင် မယ်တော်မေရီ (Virgin Mary) ကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ မျက်မှောက်ခေတ် ဘာသာစကားများတွင်မူ ဤစကားစုကို ပညာရေး အသိုင်းအဝန်းတွင် အဓိက အသုံးပြုကြပြီး၊ မိမိ တက်ရောက်ခဲ့ရာ၊ ဘွဲ့ရခဲ့ရာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်ကို ရည်ညွှန်းသည်။[၂]

အညွှန်း

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ