ခင်ဦးမြို့

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့တစ်မြို့
(ခင်ဦး မှ ပြန်ညွှန်းထားသည်)

ခင်ဦးမြို့ သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခင်ဦးမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ ရွှေဘိုမြို့၏မြောက်ဘက် ၁၄ မိုင်အကွာ စစ်ကိုင်းမြစ်ကြီးနား ရထားလမ်းပေါ်ရှိ ဘူတာရုံမြို့တစ်မြို့ ဖြစ်သည်။

ခင်ဦးမြို့
ခင်ဦးမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ခင်ဦးမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°46′08″N 95°37′18″E / 22.76889°N 95.62167°E / 22.76889; 95.62167
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရွှေဘို
မြို့နယ်ခင်ဦးမြို့နယ်
လူဦးရေ
 • ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
အချိန်ဇုန်MST (UTC6:30)

မြန်မာနိုင်ငံအထက်ပိုင်းကို ဗြိတိသျှတို့ သိမ်းပိုက်ပြီး နောက် ၁၈၉၁ ခုနှစ်တဝိုက်တွင် ခြောက်ရွာ ကံသာရွာ၊ ညောင်ဇင်ဟူသော တိုက်နယ် ၃ တိုက်ကို တစ်ပေါင်းတည်း ပြု၍၊ ခြောက်ရွာမြို့နယ်ဟု သတ်မှတ်သည်။ ထိုမြို့နယ်၏ ရုံးစိုက်ရာဒေသမှာ ခင်ဦးမြို့ ဖြစ်သည်။ ယခုအခါမှမူ ခင်ဦးမြို့နယ်ဟု တွင်သည်။

ခင်ဦးမြို့သည် မူးမြစ်တစ်ဖက်ကမ်းရှိ ရေဦးမြို့မှ ၁၂ မိုင် ကွာဝေး၍ ထိုမြို့နှင့် ကတ္တရာခင်းကားလမ်း ပေါက်သည်။ ရွှေဘိုမြို့သို့လည်း မူးမြောင်းပေါင်ပေါ်ရှိ လမ်းမှ မော်တော် ကားများဖြင့် သွားလာနိုင်သည်။ ခင်ဦးမြို့တွင် မြို့ပိုင်ရုံး၊ ရဲဌာန၊ ကြေးနန်းနှင့် စာပို့တိုက်၊ ဈေးနှင့် စာသင်ကျောင်းများ ရှိသည်။ လူနေ အိမ်ခြေ ၅ဝဝ ကျော်ခန့် ရှိသည်။ ခင်ဦးမြို့ ပတ်ဝန်းကျင်ရှိ နယ်မြေတွင် ဆန်စပါး အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်၍၊ မြို့ပေါ်တွင် ဆန်စက်များ ရှိသည်။

အလောင်းဘုရားထံ သစ္စာမခံဘဲ ခြားနားသော ငချစ်ညိုစားခဲ့သည့် ရွာကြီးဖြစ်၍ မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသော်လည်း၊ ကုန်းတွင်းကျခြင်း၊ ပူပြင်းခြောက်သွေ့၍ နွေအခါ ရေရှားခြင်းတို့ကြောင့် မစည်ကားလှချေ။[၁]

ဝေဘူဆရာတော်ဘုရား၏မွေးရပ်ဇာတိဖြစ်သော အင်ကြင်းပင်ရွာ၏တောင်ဘက် ၂မိုင်ခန့်တွင်တည်ရှိသည်။ ခင်ဦးမြို့တွင်ဆန်စက်အကြီးစား(၇)လုံးခန့်ရှိပြီး ငါးပုံစက် ဟုခေါ်သောအသေးစားစက်များမှာအများအပြားရှိသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ