ခတ္တမန္ဒုတောင်ကြား

နီပေါနိုင်ငံရှိဟိန္ဒူနှင့်ဗုဒ္ဓဘာသာဆိုင်ရာရှေးဟောင်းယဉ်ကျေးမှုအ‌မွေအနှစ်များတည်ရှိရာတ

ခတ္တမန္ဒုတောင်ကြားသည် နီပေါနိုင်ငံတွင် တည်ရှိပြီး ရှေးဟောင်း အာရှ ယဉ်ကျေးမှုလောကများ၏ လမ်းဆုံတွင် တည်ရှိကာ အရေးကြီးသော အထိမ်းအမှတ် အဆောက်အဦး အနည်းဆုံး ၁၃၀ ခန့် ရှိပြီး ဟိန္ဒူဘာသာ နှင့် ဗုဒ္ဓဘာသာတို့၏ ဘုရားဖူးရာနေရာ အချို့လည်း ပါဝင်သည်။ တောင်ကြားအတွင်း ကမ္ဘာ့အမွေအနှစ်နေရာ ၇ ခု ရှိသည်။ [၁]

ခတ္တမန္ဒုတောင်ကြား*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ နီပေါ
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းiii,iv,iv
ကိုးကား၁၂၁
ဒေသ**အာရှ-ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း၁၉၇၉  (တတိယအကြိမ်)
သက်တမ်းတိုးခြင်း၂၀၀၆
ပျောက်ပျက်ရန် စိုးရိမ်ရမှု၂၀၀၃-၂၀၀၇
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

သမိုင်းကြောင်းအရ တောင်ကြားနှင့် ဆက်စပ်နေသော ဒေသများသည် နီပေါမန္တလ ဟု ခေါ်ဆိုသော နိုင်ငံတော် တစ်ခု ဖြစ်သည်။ ၁၅ ရာစုအထိ ၎င်း၏ မြို့တော်မှာ ဘာတပူမြို့ ဖြစ်ခဲ့ပြီး အခြားမြို့တော်နှစ်ခု ဖြစ်သော ခတ္တမန္ဒု နှင့် လာလစ်ပူ (ပတန်) မြို့တို့ မတည်ထောင်ခင် အထိပင် ဖြစ်သည်။ [၂]ထိုတောင်ကြားအား ဂေါ်ရခါးနိုင်ငံတော် အတွင်း သွတ်သွင်း၍ နောက်တွင် တောင်ကြားအား အင်ပိုင်ယာ၏ မြို့တော်အဖြစ်ပြောင်းလဲပြီးနောက်တွင် ၎င်းတို့ အောင်မြင်သမျှသော နယ်မြေအားလုံးအား နီပေါဟု ခေါ်တွင်ခဲ့သည်။

ခတ္တမန္ဒုတောင်ကြားသည် နီပေါနိုင်ငံအတွင်း အတိုးတက်ဆုံး နှင့် လူဦးရေ အများဆုံး နေရာဖြစ်သည်။ ရုံးများနှင့် ရုံးချုပ် အများစုသည် တောင်ကြားအတွင်း တည်ရှိသဖြင့် နီပေါနိုင်ငံ၏ စီးပွားရေး အချက်အချာနေရာ အဖြစ်တည်ရှိသည်။ သီးခြား ဗိသုကာလက်ရာများနှင့် ဂျာထရာခေါ် လမ်းမပွဲတော်များ အပါအဝင် ကြွယ်ဝသော ယဉ်ကျေးမှုများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အကြားတွင် ထင်ရှား ရေပန်းစားသည်။ ဗြိတိသျှ သမိုင်းဆရာတို့က ထိုတောင်ကြားအား နီပေါမြို့ဟု ညွှန်းဆိုလေ့ ရှိကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ