ခရက်ဒစ် ကဒ်

ခရက်ဒစ် ကဒ် သို့မဟုတ် အကြွေးဝယ်ကဒ် သည် ငွေကြေးပေးဆောင်ရသည့် ကဒ်အမျိုးအစားဖြစ်ပြီး ဘဏ်များမှ ထုတ်ပေးလေ့ရှိကာ အသုံးပြုသူများအား ပစ္စည်းများ ဝယ်ယူရန် သို့မဟုတ် ငွေကြေးထုတ်ယူရန် ခွင့်ပြုပေးထားသည်။ ကဒ်ဖြင့် အသုံးပြုသည့် ငွေကြေးပမာဏအား အကြွေးအဖြစ် သတ်မှတ်ကာ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရန် လိုအပ်သည်။[၁] ခရက်ဒစ်ကဒ်များသည် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများပြားသော ငွေကြေးပေးဆောင်မှုပုံစံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။[၂]

ပုံမှန် ခရက်ဒစ်ကဒ်တစ်ခု၏ ရှေ့ခြမ်းနမူနာပုံ
  1. ထုတ်ပေးသော ဘဏ်၏ လိုဂို
  2. EMV ချစ်ပြား ("စမတ်ကဒ်များ" တွင်သာ)
  3. ဟော်လိုဂရမ်
  4. ကဒ်နံပါတ်
  5. ကဒ်ကွန်ယက် လိုဂို
  6. ကုန်ဆုံးရက်
  7. ကဒ်ကိုင်ဆောင်သူ အမည်
  8. ထိတွေ့မှုမလိုသော ချစ်ပ်
ပုံမှန် ခရက်ဒစ်ကဒ်တစ်ခု၏ နောက်ဘက်ခြမ်း နမူနာ
  1. သံလိုက်ပြား
  2. လက်မှတ်
  3. ကဒ်လုံခြုံရေးကုဒ်

ပုံမှန် အကြွေးဝယ်ကဒ်တစ်ခုသည် လစဉ်လတိုင်း သို့မဟုတ် ငွေစာရင်းရှင်းတမ်းတစ်ကြိမ်စီတွင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။[၃] အကြွေးဝယ်ကဒ်သည် အသုံးပြုသူအား သုံးစွဲထားသော ငွေကြေးပမာဏအပေါ် အတိုးနှုန်းထပ်ပေါင်းကာ အကြွေးပမာဏကို စဉ်ဆက်မပြတ် ပေးဆပ်ရန် လိုအပ်သည်။

၂၀၁၈ ခုနှစ် ဇွန်လအရ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၇.၇၅၃ ဘီလီယံ ရှိသည်။[၄] ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၁.၀၉ ဘီလီယံ ရှိကာ နိုင်ငံရှိ အရွယ်ရောက်သူ ၇၂.၅% တွင် အကြွေးဝယ်ကဒ် အနည်းဆုံးတစ်ကဒ် ပိုင်ဆိုင်ထားသည်။[၅][၆][၇][၈]


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ