ဂန္ထဝင် မက္ကင်းနစ်

ဂန္ထဝင် မက္ကင်းနစ် (အင်္ဂလိပ်: Classical Mechanics) သည် ရူပဗေဒနယ်ပယ်၌ မက္ကင်းနစ် ပညာရပ်၏ အခွဲတစ်ခုဖြစ်သည်။ ယင်းနှင့်အပြိုင်မှာ ကွမ်တမ် မက္ကင်းနစ် ဖြစ်သည်။ ဂန္ထဝင် မက္ကင်းနစ်သည် အားသက်ရောက်မှုအောက်၌ ရွေ့လျားကုန်သော အရာဝတ္ထုတို့၏ ရုပ်ပိုင်းဆိုင်ရာနိယာမများနှင့် သက်ဆိုင်သည်။ အရာဝတ္ထုတို့၏ ရွေ့လျားမှုကို လေ့လာခြင်းသည် ရှေးအကျဆုံး သိပ္ပံဘာသာရပ်အင်ဂျင်နီယာ နည်းပညာနှင့် နည်းပညာတို့ပင် ဖြစ်ပေသည်။ ယင်းအား နယူတန်နီယံ မက္ကင်းနစ် ဟုလည်း သိကြသည်။[၁][၂][၃]

ကမ္ဘာအနား လှည့်ပတ်နေသော ဂြိုဟ်တု၏ ရွေ့လျားမှုအား အရှိန်နှင့် အလျင်ဖြင့် ပုံဖော်ထားပုံ

ဂန္ထဝင် မက္ကင်းနစ် သည် အသေးငယ်ဆုံး မိုက်ခရိုဆကော့ပစ် အရာဝတ္ထုတို့၏ ရွေ့လျားမှုမှသည် နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုများဖြစ်သော အာကာသယာဉ်ကြယ်ဂြိုဟ်ဂယ်လက်ဆီတို့၏ ရွေ့လျားမှုများကို လေ့လာသည်အထိပါဝင်သည်။ ဂန္ထဝင် မက္ကင်းနစ်သည် အလင်းအလျင်သို့ မရောက်ရှိသော အမြန်နှုန်းများကို တိုင်းတာရာ၌ အင်မတန် တိကျခဲ့သည်။ သို့သော် အရာဝတ္ထုသည် အင်မတန် သေးငယ်လာပြီး အမှုန်၊ လှိုင်းသဘောဆောင်လာသည့်အခါ မက္ကင်းနစ် ပညာရပ်၏ အခြားအခွဲတစ်ခုဖြစ်သော ကွမ်တမ် မက္ကင်းနစ်၏ အခန်းကဏ္ဍသည် ပါဝင်လာခဲ့လေသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ