ဂရေ့ ကယ်လီ


မိုနာကိုနိုင်ငံမြို့စားကြီး ရယ်နီယေ၏ ဇနီး ကမ္ဘာကျော် အမေရိကန်ရုပ်ရှင်မင်းသမီး ဂရေ့ကယ်လီကို အဖ ဂျွန်ဘီ ကယ်လီ နှင့် အမိ မာဂရက်မေဂျာတို့မှ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်တွင် အမေရိကန်ပြည်ထောင်စု ဖီလာဒဲ ဖီယားမြို့တွင် မွေးဖွားသည်၊ ဖခင်သည် အိုင်းရစ်-အမေရိကန် ကပြားဖြစ်ပြီး မိခင်သည် ဂျာမန်မျိုးနွယ်ဝင် ဖြစ်သည်။ ဂရေ့ကယ်လီသည် ရုပ်ရှင်လောက၌ ရွှေမင်းသမီးဟု တင်စားခံရလောက်အောင် တချိန်က နာမည်ကြီးခဲ့သူ ဖြစ်သည်။ မြို့စားကြီးကတော် ဘဝ၌လည်း မိုနာကိုမြို့၏လူမှုရေးရာ ဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် လူချစ်လူခင် ပေါများခဲ့သူ ဖြစ်သည်။

ဂရေ့ကယ်လီ
{{{သက်တမ်း}}}
မွေးသက္ကရာဇ်၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်
အမည်ရင်း
မိဘအမည်ဂျွန်ဘီကယ်လီ + မာဂရက်မေဂျာ
မွေးဖွားရာဒေသအမေရိကန်ပြည်ထောင်စု ဖီလာဒဲ ဖီယားမြို့
နိုင်ငံသား
လူမျိုးအမေရိကန်လူမျိုး
ကိုးကွယ်သည့်ဘာသာရိုမာန် ကက်သလစ်
ပညာအရည်အချင်း
အလုပ်အကိုင်ရုပ်ရှင် သရုပ်ဆောင်၊
ကြင်ဖော်မိုနာကိုနိုင်ငံမြို့စားကြီး ရယ်နီယေ
သားသမီး
ထင်ပေါ်ကျော်ကြားမှုကမ္ဘာကျော် အမေရိကန်ရုပ်ရှင်မင်းသမီး
ထင်ရှားသည့်လက်ရာများ{{{ထင်ရှားသည့်လက်ရာများ}}}
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ{{{ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ}}}
ကွယ်လွန်ရက်၁၉၈၂ ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့
ကွယ်လွန်ရာဒေသ{{{ကွယ်လွန်ရာဒေသ}}}
လက်မှတ်[[Image:{{{လက်မှတ်}}}|100px]]
ကွန်ယက်

ဂရေ့ကယ်လီသည် ၁၉၅၁ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ရုပ်ရှင်ကား ၁၁ ကား ရိုက်ကူးခဲ့ရာ အကယ်ဒမီ ရွေးချယ်ရေးတွင် နှစ်ကြိမ်တိုင် အမည်တင်သွင်း ခြင်း ခံခဲ့ရပြီး အော်စကာ ရွှေစင်ရုပ်ဆုတစ်ဆုကို ရရှိခဲ့သည်။၁၉၅၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော တော၏သမီးပျို ဇာတ်ကားဖြင့် အော်စကာဆု ဆွတ်ခူးရရှိသည်။ ထိုကားတွင် အရက်သမားတဦး၏ဇနီးအဖြစ် သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ဂရေ့ကယ်လီ၏ ဇာတ်ကားများတွင် နေမွန်းတည့်ချိန်၊ မိုဂန်းဗိုး၊ နောက်ဖေး ပြတင်းပေါက်၊ အထက်တန်းလွှာ၊ လူဆိုး၊ လူသတ်စက်ကွင်း၊ တိုကိုရီးမြစ်ပေါ်မှ တံတားစသည့် ဇာတ်ကားများသည် အမေရိကန်ရုပ်ရှင်လောက၌ ထင်ရှုားသည်။ဂရေ့ကယ်လီနှင့်စပ်လျဉ်း၍ နာမည်ကျော် ဒါရိုက်တာကြီး ဟစ်ချကော့က ဆွဲဆောင်မှုရှိ၍ မိမိကိုယ်မိမိ အာရုံပြုမှု နည်းလွန်းသူ ဆိုခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မိုနာကိုမြို့စားကြီး ရယ်နီယေနှင့် လက်ထပ်ပြီးသောအခါ ရုပ်ရှင်လောကမှ အနားယူခဲ့သည်။ဂရ့ကယ်လီသည် ကြက်ခြေနီအသင်း၊ ကင်းထောက်တပ်ဖွဲ့၊ အမျိုးသမီးအသင်းအဖွဲ့များတွင် ဦးဆောင်၍ ပါဝင်တတ်သဖြင့် မိမိတိုင်းပြည်၌ လူချစ်လူခင်များသူ ဖြစ်သည်။ အနုပညာကို လည်း ချစ်မြတ်နိုးသူ ဖြစ်သည်။ သူမကိုယ်တိုင် ပန်းချီကား များကို စုဆောင်းပြလေ့ရှိသည်။ ကွယ်လွန်ချိန်အထိ ကမ္ဘာ့ လူထု၏ စိတ်ဝင်စားမှုကို ခံခဲ့ရသော ရုပ်ရှင်မင်းသမီးတဦး ဖြစ်သည်။ ဂရေ့ကယ်လီသည် ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကားမှောက်ရာမှ ရရှိခဲ့သော ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ