ဂေါတမီထေရီ

ဂေါတမီထေရီသည် အဉ္စနမင်းကြီးနှင့် ယသောဓရာဒေဝီတို့မှ ဖွားမြင်သည်။ ဂေါတမမြတ်စွာဘုရားသခင်၏ မိထွေးတော်ဖြစ်၍ မိထွေးတော် ဂေါတမီဟု ထင်ရှား၏။ ဂေါတမီသည် ဒေဝဒဟပြည့်ရှင်၏ သမီးဖြစ်သည့်အတိုင်း စည်းစိမ်ဥစ္စာနှင့် ပြည့်စုံ၏။ မြတ်စွာဘုရား၏ မယ်တော် မာယာဒေဝီ၏ညီမတော်လည်း ဖြစ်သည်။ ပုဏ္ဏားတို့က မြတ်သောသား၏ မိခင်ဖြစ်မည်ဟု နိမိတ်ဖတ်သဖြင့် မဟာပဇာပတိဂေါတမီဟုတွင်သည်။

မဟာပဇာပတိဂေါတမီ
သိဒ္ဓတ္ထမင်းသားနှင့် မဟာပဇာပတိဂေါတမီ
ဘာသာဗုဒ္ဓဘာသာ
သားသမီးနန္ဒ
ဘာသာရေးရာ
ဆရာ(များ)ဂေါတမဗုဒ္ဓ

အရွယ်ရောက်လတ်သော် ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးနှင့် ထိမ်းမြားသဖြင့် မြောက်နန်းမိဖုရားအဖြစ် စံစားရသည်။ အစ်မတော် မဟာမာယာဒေဝီသည် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးနောက် နတ်ရွာစံလေသော် ဂေါတမီသည် အဂ္ဂမဟေသီဘွဲ့ဖြင့် မိဖုရားကြီးဖြစ်သည်။ နန္ဒမင်းသားကို ဖွားမြင်သည်။ တူသားဖြစ်သော သိဒ္ဓတ္ထမင်းသားကိုလည်း ထိန်းသိမ်း မွေးမြူရသည်။

သိဒ္ဓတ္ထမင်းသားသည် ဘုရားအဖြစ်သို့ ရောက်တော်မူ၍ သုဒ္ဓေါဒနမင်းကြီး လွန်သည်နောက် ဂေါတမီမိဖုရားသည် သံသရာမှ လွတ်မြောက်ရာကို ရှာကြံလျက် မြတ်စွာဘုရားထံသို့ သွားရောက်ကာ မာတုဂါမများအား ရဟန်းပြုခွင့်ပေးပါရန် လျှောက်ထားသည်။ မြတ်စွာဘုရားက သာသနာတော် ရှုပ်ထွေး၍ အညစ်အကြေးများမည်စိုးသဖြင့် ခွင့်မပြုဘဲ ပယ်ရှားတော် မူသည်။ ၃ ကြိမ်တိုင် လျှောက်ထားသော်လည်း ခွင့်မရချေ။ ဂေါတမီသည် စိတ်အားမလျှော့ဘဲ ထပ်မံလျှောက်ထားပြန်သည်။

ဂေါတမီသည် သာကီဝင် မင်းသမီးငါးရာနှင့်အတူ ပင်ပန်းဆင်းရဲခံလျက် မြတ်စွာဘုရားထံသို့ ဝပ်တွားကာ လျှောက်ထားရာ ညီတော် အာနန္ဒာထေရ်ကလည်းကူ၍ လျှောက်ပေးသည်။ ထိုအခါတွင်မှ ဘုရားရှင်က ဂရုဓမ္မတရားရှစ်ပါးကို မသွေမတိမ်း စောင့်ထိန်းလိုက်နာနိုင်ခဲ့လျှင် ရဟန်းပြုစေဟု ခွင့်ပြုသည်။ ထိုနောက် ဂေါတမီသည် ဂရုဓမ္မတရား ရှစ်ပါးကို ခံယူသဖြင့် ရဟန်းအဖြစ်သို့ ပထမဦးစွာ ရောက်ရှိသည်။ ဤသို့အားဖြင့် ဘိက္ခုနီသာသနာသည် မိထွေးတော် ဂေါတမီ ထေရီကို အကြောင်းပြု၍ စတင်ပေါ်ပေါက်ခဲ့လေသည်။

ထိုနောက်၌ မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူကာ ဝိပဿနာကမ္မဌာန်းကို စီးဖြန်းသဖြင့် မကြာမီ အဘိညာဉ် ခြောက်ပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သည်။ ထိုအခါမှ စ၍ ဂေါတမီထေရီအဖြစ် ထင်ရှားသည်။ မြတ်စွာဘုရားက ရှေးဦးစွာ ရဟန်းမအဖြစ်ကို ရရှိသော ဘိက္ခုနီဖြစ်သဖြင့် အဂ္ဂရတ္တညူဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးတော်မူသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ