စကောကရင်ဘာသာစကား

စကော (ကရင်: စှီၤ/ကညီကျိာ်)၊ စကောကရင်ဘာသာစကား သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ စကောကရင်လူမျိုးတို့ အဓိက ပြောဆိုအသုံးပြုကြသော ဘာသာစကားတစ်ခု ဖြစ်သည်။ တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစုတွင် ပါဝင်သော ကရင်ဘာသာစကားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့တွင် လူဦးရေ လေးသန်းကျော်ခန့်၊ ကရင်ပြည်နယ် နယ်စပ်တလျောက် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူဦးရေ ၂၀၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကားကို မြန်မာအက္ခရာမှ ဆင်းသက်လာသော စကောကရင်အက္ခရာဖြင့် ရေးသားကြသလို ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းတွင်မူ လက်တင်အခြေခံအက္ခရာတို့ဖြင့် ရေးသားကြသည်။[၃]

စကောကရင်
K’nyaw
စှီၤ/ကညီကျိာ်
ဒေသခံမြန်မာနိုင်ငံထိုင်းနိုင်ငံ
ဒေသကရင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ အနောက်ပိုင်း
လူမျိုးစုကရင်လူမျိုး
ဒေသခံ ပြောဆိုသူများ
(၄ သန်း ရည်ညွှန်း ၁၉၈၃–၂၀၁၁)[၁]
တရုတ်-တိဗက်နွယ်
  • Karenic
    • Sgaw–Bghai
      • စကောကရင်
စာအရေးအသားစနစ်
မြန်မာအက္ခရာ
စကောကရင်အက္ခရာ
(ကရင်အက္ခရာ)
လက်တင်အက္ခရာ
ကရင်ဘရေး
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
ကရင်ပြည်နယ်
လူနည်းစု ဘာသာစကားအဖြစ်
အသိအမှတ်ပြုခြင်း
ဘာသာစကားကုဒ်များ
ISO 639-2kar
ISO 639-3kswပါဝင်သော ကုဒ်
သီးခြားကုဒ်များ:
ksw – စကော
jkp – ပကူး
jkm – မိုးပွ
wea – ဝေဝေါ
Glottologsout1554[၂]
  ကရင်

အမျိုးမျိုးသော ကွဲပြားသည့် ဒေသိယစကားများကို မတူညီသော ဘာသာစကားများအဖြစ် တွေ့ရသည်။ အရှေ့မြောက်ပိုင်းတွင် ပကူး၊ အနောက်မြောက်ပိုင်းတွင် မိုးပွ၊ ဝေဝေါနှင့် မောနေပွားတို့ ဖြစ်ကြသည်။[၄]

သမိုင်းကြောင်း

ယေဘုယျအားဖြင့် ကရင်ဘာသာစကားဟု သိကြသော စကောကရင်ဘာသာစကားသည် တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစု၏ အခွဲဖြစ်သော ကရင်ဘာသာစကားတွင် ပါဝင်သည်။ စကောကရင်ဘာသာစကားကို ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ ၁၈၅၃ ခုနှစ်တွင် သမ္မာကျမ်းစာ ဘာသာပြန်ကို ထုတ်ဝေခဲ့သည်။

ပျံ့နှံ့မှုနှင့် မူကွဲများ

စကောကရင်ဘာသာစကားကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကား သုံးစွဲသူများသည် ပိုးကရင်ဘာသာစကား သုံးစွဲသူများအကြားတွင် ရောနှောနေလေ့ရှိသည်။

စကောကရင် ဒေသိယစကားများမှာ

  • စကောကရင် အရှေ့ဒေသိယစကား (ဘားအံ)
  • အနောက်ကယား တောင်ပိုင်းဒေသိယစကား (ထားဝယ်)
  • စကောကရင် မြစ်ဝကျွန်းပေါ် ဒေသိယစကား

ပကူးဘာသာစကား ကို အောက်ပါဒေသများတွင် ပြောဆိုကြသည်။[၁]

  • ကရင်ပြည်နယ် မြောက်ပိုင်း - ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ကရင်ပြည်နယ်နှင့် ထိစပ်နေသော တောင်ငူမြို့နယ်၏ အရှေ့တောင်ပိုင်း တောင်တန်းဒေသ
  • ကယားပြည်နယ် တောင်ပိုင်း

ပကူးဒေသိယစကားများမှာ ရွှေကျင်၊ မော်ချီး၊ ကျောက်ကြီး၊ ဘောဂလိ တို့ဖြစ်ပြီး ကျေးရွာအလိုက် အမည်များ ဖြစ်သည်။

  • ကျောက်ကြီးနှင့် ရွှေကျင် ကို ကရင်ပြည်နယ်စပ်အနီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်တွင် ပြောဆိုအသုံးပြုကြသည်။
  • မော်ချီးကို ကယားပြည်နယ်တွင် ပြောဆိုအသုံးပြုကြသည်။
  • ဘောဂလိကို ကရင်ပြည်နယ် မြောက်ပိုင်းတွင် ပြောဆိုအသုံးပြုကြသည်။

မိုးပွဘာသာစကား ကို သံတောင်ကြီးမြို့နယ်ရှိ သံတောင် အနောက်ဘက် တောင်ခြေရှိ ကျေးရွာ ၉ ရွာတွင် ပြောဆိုအသုံးပြုကြသလို[၁] ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်လည်း အသုံးပြုကြသည်။

မိုးပွဒေသိယစကားများမှာ ပလေချီး (တောင်ပိုင်းမိုးပွ) နှင့် ဒါမူဟာ (တောင်ပိုင်းမိုးပွ) တို့ ဖြစ်ကြသည်။

ဒေသိယစကားများ

စကောကရင်ဘာသာစကားတွင် ဒေသိယစကား အနည်းဆုံး သုံးမျိုးရှိသည်။ ယင်းတို့သည် အချင်းချင်း အပြန်အလှန် နားလည်နိုင်ကြသော်လည်း မရင်းနှီးနိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။

  • မြောက်ပိုင်းဒေသိယစကား - ကယားပြည်နယ်၏ တောင်ပိုင်းဒေသိယစကားအဖြစ် သိကြပြီး ဘာသာစကား သို့မဟုတ် ဒေသိယစကားတွင် သံ မပါဝင်ပေ။ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသိယစကားများရှိ သံကို သံဖြင့် အစားထိုးအသုံးပြုသည်။ ဥပမာ တောင်ပိုင်းနှင့် အရှေ့ပိုင်းစကားတွင် မိုးသဘိုး ဟုပြောဆိုခြင်းကို မြောက်ပိုင်းဒေသိယစကားတွင် မိုးစဘိုး ဟူ၍ ပြောဆိုကြသည်။ ဤဒေသိယစကားတွင် စာရေးစနစ်အတွက် ရောမအက္ခရာကို အသုံးပြုသည်။
  • တောင်ပိုင်းဒေသိယစကား နှင့် အရှေ့ပိုင်း (ဘားအံ) ဒေသိယစကား - ဤဒေသိယစကားနှစ်ခုသည် အလွန်ဆင်တူသော်လည်း ဘာသာစကားကွဲပြားသော ဒေသတည်နေရာကြောင့် အချင်းချင်း နားမလည်နိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။ ဤဒေသိယစကားနှစ်ခုတွင် စာရေးစနစ်အတွက် မြန်မာအက္ခရာ ကို အသုံးပြုသည်။
  • ကရင်ဘာသာစကားတွင် ကွဲပြားသော လေယူလေသိမ်းများလည်း ရှိသည်။


အက္ခရာ

ကရင်အက္ခရာတွင် ဗျည်း ၂၅ လုံး၊ သရ ၉ လုံး၊ သံပြောင်းသင်္ကေတ ၅ ခုနှင့် ဗျည်းတွဲ ၅ ခု ပါဝင်သည်။ ကရင်အက္ခရာများသည် မြန်မာစာရေးစနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကရင်စာရေးစနစ်တွင် ဘယ်မှညာသို့ ရေးသားပြီး လက်ရှိ အရေးစနစ်တွင် စကားစုများကြားတွင် ဖတ်ရှုရလွယ်ကူစေရန် နေရာချန်ထားကြသော်လည်း အမှန်တကယ်တမ်းတွင် စကားလုံးများကြားတွင် နေရာခြားရန် မလိုအပ်ပေ။

ဗျည်းအုပ်စုများ
က
k (kaˀ)

kh (kʰaˀ)

gh (ɣ)

x (x)

ng (ŋ)

s (s)

hs ()

sh (ʃ)

ny (ɲ)

t (t)

hṭ ()

d (d)

n (n)

p (p)

hp ()

b (b)

m (m)

y (ʝ)

r (r)

l (l)

w (w)

th (θ)

h (h)

vowel holder (ʔ)

ahh

သရများ

သရများ

ah (a)

ee (i)

uh (ɤ)

u (ɯ)

oo (u)

ae or ay (e)

eh (æ)

oh (o)

aw (ɔ)

သံပြောင်းသင်္ကေတများ

စကောကရင်ဘာသာစကားရှိ ဝဏ္ဏတိုင်းတွင် သရတစ်ခု ပါဝင်ပြီး တစ်လုံးတည်း သို့မဟုတ် ရှေ့တွင် ဗျည်းတစ်လုံး သို့ နှစ်လုံး ပါဝင်သည်။ ဝဏ္ဏတစ်ခုတွင် သရဖြင့် အမြဲအဆုံးသတ်သည်။

သံပြောင်းသင်္ကေတဖော်ပြချက်
ၢ်(အၢသံ)is pronounced with a heavy falling inflection
ာ်(အးသံ)is pronounced abruptly, at a low pitch
း(ဖျၢၣ်ဆံး)is pronounced abruptly at an ordinary pitch
ၣ်(ဟးသံ)is pronounced with a falling circumflex inflection
ၤ(က့ၣ်ဖိ)is pronounced with a prolonged even tone
  • Where no tone is marked, the syllable is pronounced with a rising inflection.

ဗျည်းနှစ်ဆင့်များ

ဗျည်းတစ်ခုနောက်တွင် အခြားဗျည်းတစ်ခုလိုက်ပြီး သရသံ မပါဝင်ပါက ဒုတိယဗျည်းကို သင်္ကေတအနေဖြင့် ကိုယ်စားပြုပြီး ပထမဗျည်းကို ဆက်ပေးသည်။

ဗျည်းတွဲများစကောကရင်
ှ (hg)
ၠ (y)
ြ (r)
ျ (l)
ွ (w)

ကရင်အက္ခရာ ရေးသားပုံ နမူနာများမှာ

  • + ခံ, /ki/ ဟု အသံထွက်
  • + + လံး, /li/ ဟု အသံထွက်
  • က + +ကၠိ, /kʝo/ ဟု အသံထွက်
  • က + + + ၣ်ကျိၣ်, /klo/ ဟု အသံထွက်

အက္ခရာ (လက်တင်)

ဗျည်းများ

ရောမစာရေးစနစ်ကို အခြေခံသော ကရင်အက္ခရာတွင် ဗျည်း ၂၄ လုံး၊ သရ ၉ လုံးနှင့် သံပြောင်းသင်္ကေတ ၅ ခု ပါဝင်သည်။

စာလုံးK kHK hkG gQ qNG ngC cHS hsNY nyT tHT htD dN n
စာလုံးP pHP hpB bM mY yR rL lW wS sH hEH ehAH ah

သရများ

သရများA aE eI iO oU uAI aiEI eiAU auOO oo

သံပြောင်းသင်္ကေတများ

TonesV vJ jX xF fZ z


ကိုးကား

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ