စတမ်းဖို့ ရက်ဖဲ

ဆာတောမတ် စတမ်းဖို့ ရက်ဖဲသည် ဗြိတိသျှ အင်ပိုင်ယာ အတွက် အလွန်အရေးပါ အရာရောက်သော မလေးကျွန်းဆွယ် တောင်ဘက်စွန်းရှိ စင်ကာပူမြို့ကို တည်ခဲ့သူ ဖြစ်သည်။ ၁၇၈၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဂျမေးကားကျွန်းအနီး ကုန် သင်္ဘောတစ်စင်းပေါ်၌ ဖွားမြင်သည်။ ရက်ဖဲသည် ဦးစွာ၌ အရှေ့အိန္ဒိယကုမ္ပဏီတွင် စာရေးအဖြစ် အမှုထမ်း၏။ ၁၈ဝ၅ ခုနှစ်တွင် ပီနန်အတွက် ပထမဦးဆုံး ဘုရင်ခံထံ၌ အမှုထမ်းခဲ့ သည်။ ထိုနောက် ဂျားမားကျွန်းတွင် ဒုတိယဘုရင်ခံအဖြစ် ခန့် အပ်ခြင်း ခံရသည်။

ဆာသောမတ်စ် စတန်းဖို့ ရက်ဖဲ

ထိုစဉ်အခါက စင်ကာပူမှာ တံငါရွာကလေးမျှသာ ဖြစ် သည်။ ရက်ဖဲသည် ဗြိတိသျှတို့၏ ကုန်စည် ကူးသန်းရေး အတွက် ၁၈၁၉ ခုနှစ် ဇန္နဝါရီလတွင် စင်ကာပူမြို့ကို အခြေစိုက် တည်ခဲ့သည်။ သို့ဖြင့် စင်ကာပူမြို့သည် ဗြိတိသျှအင်ပိုင်ယာ အတွက် အရှေ့ပိုင်း ဂျီဘရော်လ်တာ ရေကြောင်းခံတပ်မြို့ ဖြစ် လာလေသည်။

ယခုအခါ စင်ကာပူနိုင်ငံတွင် ရက်ဖဲအမည်ဖြင့် ကောလိပ် ကျောင်းပြတိုက်နှင့် သုတေသန ပိဋကတ်တိုက်များ ရှိသည်။ ဆာတောမတ်ရက်ဖဲသည် လန်ဒန်မြို့တွင် ပါဏဗေဒအသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၈၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ