စိန်းမြစ်

စိန်းမြစ်သည် ပြင်သစ်နိုင်ငံရှိ မြစ်ကြီးလေးသွယ်တွင် အထင်ရှားဆုံးသော မြစ်ဖြစ်သည်။ ပါရစ်မြို့တော်ကြီးမှာ ထိုမြစ် ကမ်းပါးပေါ်တွင် တည်ရှိလေသည်။နွေအခါများတွင် ဤမြစ်၏ မြစ်ဖျားသည် ခန်းခြောက်လု မတတ်ရှိသော သာမန်ချောင်းငယ်မျှသာဖြစ်သော်လည်းအို့ဗမြစ်၊ ယွန်းမြစ်၊ ဝမြစ်နှင့် မန်းမြစ်တို့စီးဝင်ကြသဖြင့် ရေအားကောင်း သော မြစ်ကြီး ဖြစ်လာပြီးလျှင် စက်မှုလက်မှုလုပ်ငန်းများ အတွက် လိုသောရေအားကိုပင် ရရှိနိုင်စေ၏။ သင်္ဘောကလေးများမှာ ပါရစ်မြို့တော်အထက် အတော်ဝေးသော နေရာအထိ ဆန်တက်နိုင်လေသည်။

စိန်းမြစ်။

စိန်းမြစ်သည် ပြင်သစ်ပြည်နယ်ဟောင်းတစ်ခုဖြစ်သော ဗာဂန်ဒီနယ် ကုန်းမြေမြင့်များတွင် မြစ်ဖျားခံ၍ အနောက် မြောက်သို့ ၄၈၂ မိုင် စီးဝင်လေသည်။ မြစ်ဝ၏ တစ်ဖက် တစ်ချက်တွင် အွန်းဖလားနှင့် လာအားဗားဆိပ်ကမ်းမြို့များရှိ၏။ ထိုမြစ်ကမ်းပေါ်ရှိ အခြားထင်ရှားသောမြို့များမှာ ထရွား၊ မယ် လွန်၊ ဖောင်တိန်ဗလိုး၊ စန်ဒနီး၊ စန်ဂျာမိန်းနှင့် မွန်းစသော မြို့ များဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ခရစ် ၁၉၄ဝ ပြည့်နှစ်တွင် ဂျာမန်တို့သည် စိန်းမြစ်ကိုဖြတ်၍ ပါရစ်မြို့ကို သိမ်းပိုက်ခဲ့ကြ၏။ ၁၉၄၄ ခုနှစ်၌မူ အမေရိကန်တို့သည် စိန်း မြစ်ကိုဖြတ်၍ ပါရစ်မြို့ကို ဂျာမန်လက်မှ လွတ်မြောက်အောင် သိမ်းယူခဲ့ကြပြန် သည်။ ဤအချက်နှစ်ချက်ကြောင့် စိန်းမြစ် သည် ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ထင်ရှားခဲ့သည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ