ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ
ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ (Samsung Electronics Co., Ltd.) သည် တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရွန်းနစ်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ ဆမ်ဆောင်း အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွက် ဆမ်ဆောင်းအုပ်စု၏ ဝင်ငွေ ၇၀% ခန့်ကို ရှာဖွေပေးနိုင်ခဲ့သော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။[၂] ၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့ဝင်ငွေအများဆုံး သတင်းအချက်အလက်နှင့် နည်းပညာကုမ္ပဏီ အဖြစ်ရောက်ရှိခဲ့သည်။[၃] ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၈၀ ကျော်တွင် လုပ်ငန်းများ ဖြန့်ကျက်ထားကာ ဝန်ထမ်းပေါင်း ၃၇၀,၀၀၀ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေသည်။[၄]
အမျိုးအစား | အများနှင့်သက်ဆိုင်သော ကုမ္ပဏီ |
---|---|
တည်ထောင်သည့်နှစ် | ၁၉၆၉ (Samsung Electric Industries) ၁၉၈၈ (Samsung Electronics) |
ဌာနချုပ် | ဆိုးလ်မြို့၊ တောင်ကိုရီးယား |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝှန်း |
အရေးပါ ပုဂ္ဂိုလ်များ | လီကွန်ဟီး (Chairman) Lee Jae-yong (Vice chairman) Kwon Oh-hyun (Vice chairman and CEO) JK Shin (President) BK Yoon (President and CEO) |
ထုတ်ကုန်ပစ္စည်း | လူသုံးအီလက်ထရွန်းနစ်ပစ္စည်းများ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ မီးဖိုချောင်သုံး လျှပ်စစ်ပစ္စည်းများ |
ဝင်ငွေ | ဝမ် ၂၂၈.၆၉၂ တြီလီယံ (၂၀၁၃)[၁] |
အခွန်မဆောင်မီ ဝင်ငွေ | ဝမ် ၃၆.၇၈၅ တြီလီယံ (၂၀၁၃)[၁] |
အသားတင်ဝင်ငွေ | ဝမ် ၂၉.၈၂၁ တြီလီယံ (၂၀၁၃)[၁] |
ရင်းနှီးမြှုပ်နှံမှု | ဝမ် ၂၁၄.၀၇၅ တြီလီယံ (၂၀၁၃)[၁] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | ဝမ် ၁၅၀.၀၁၆ တြီလီယံ (၂၀၁၃)[၁] |
အလုပ်သမားဦးရေ | ၃၂၆,၀၀၀ (၂၀၁၄)[၁] |
မိခင်ကုမ္ပဏီ | ဆမ်ဆောင်း အုပ်စု |
ဝက်ဘ်ဆိုက် | samsung.com |
အက်ပဲ၊ ဆိုနီ၊ HTC နှင့် နိုကီယာ အစရှိသော ကုမ္ပဏီများအတွက် အီလက်ထရွန်းနစ် ဆက်စပ်ပစ္စည်းများ၊ လီသီယမ်-အိုင်ရွန် (lithium-ion) ဘက်ထရီများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ flash memory နှင့် ဟတ်ဒစ်စ် ဒရိုက်ဗ်များ) ကို အဓိက ထုတ်လုပ်ပေးနေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။[၅][၆]
များမကြာမီနှစ်များတွင် ကုမ္ပဏီအနေဖြင့် လူသုံးအီလက်ထရွန်းနစ်ပစ္စည်းဈေးကွက်သို့ ဝင်ရောက်လာကာ ဆမ်ဆောင်း ဂလက်ဆီ အမျိုးအစားဖုန်းများဖြင့် နာမည်ရလာပြီး ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်းနှင့် စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။[၇]