ဌေးအောင်

ဦးဌေးအောင် (၁၂ ဇွန် ၁၉၅၂ ဖွား)[၁] သည် မြန်မာနိုင်ငံသား တပ်မတော် အရာရှိဟောင်းနှင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။ သူသည်  အစိုးရနှစ်ဆက်အထိ ဟိုတယ်ခရီးဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်သည့်အပြင်  အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်ပါ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဦးဌေးအောင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၃ – ၂ ဩဂုတ် ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးသန်းဆွေ
ဆက်ခံသူဦးစစ်အေး
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၅ ဩဂုတ် ၂၀၂၁ – ၁ ဖေဖော်ဝါရီ ၂၀၂၃
ယခင်လူဦးမောင်မောင်အုန်း
ဆက်ခံသူဦးအောင်သော်
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ယခင်လူဦးတင့်ဆန်း
ဆက်ခံသူဦးအုန်းမောင်
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-06-12) ဇွန် ၁၂၊ ၁၉၅၂ (အသက် ၇၁)
လူမျိုးမြန်မာ
မိခင်ကျောင်းစစ်တက္ကသိုလ် ၊အပါတ်စဉ်(၁၉)၊ ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ်Mae Fah Luang University
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
ရာထူးဒုတိယ ဗိုလ်မှူးကြီး

ပညာရေး

သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉ )ဆင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။[၂] ၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုပညာဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ [၃]

၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဖာလောင်တက္ကသိုလ်မှ လူမှုသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။[၄]

ဝန်ထမ်းဘဝ

သူသည် တပ်မတော်သားဘဝမှနေ၍ အရပ်ဘက် ဟိုတယ်၊ခရီးဌာန သို့ ၁၉၈၉ ခုနှစ်တွင် ရွှေ့ပြောင်းလာသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၀၄ တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[၅]

နိုင်ငံရေးဘဝ

၂၀၁၂ စက်တင်ဘာလတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။၂၀၁၆ မတ်လ ၃၀ရက်အထိ ထမ်းဆောင်သည်။ ယင်းမတိုင်မီက ၂၀၁၁ မတ်လမှ စတင်ကာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၁ ဩဂုတ် ၅ရက်နေ့တွင် ၎င်းသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာပြန်သည်။[၇]ထိုတာဝန်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်အထိ တာဝန်ထမ်းဆောင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခံရကာ ၂၀၂၃ ဩဂုတ် ၂ရက်တွင် ရာထူးမှ အနားပေးခံရသည်။[၈]

မိသားစုဘဝ

အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားတစ်ဦးရှိသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ