တန္တရအယူဝါဒ

ဘာသာရေး အယူဝါဒ

တန္တရအယူဝါဒ (အင်္ဂလိပ်: Tantrism) သည် အိန္ဒိယနိုင်ငံတွင် ရှေးက ထွန်းကားခဲ့သည့် ယုံကြည်ကိုးကွယ်မှု တစ်မျိုးဖြစ်သည်။ ကန္တရစ်ကျမ်းများကို သက္ကတဘာသာနှင့် ရေးသားထားခဲ့၍ တန်ခိုးဣဋိပါဒ်နှင့် ဆိုင်သော မန္တာန်၊ မန္တရား၊ အင်းအိုင်လက်ဖွဲ့များကို အသုံးပြုခဲ့ကြသည်။[၁]

မြန်မာနိုင်ငံ

အနော်ရထာမင်း လက်ထက်မတိုင်မီက ပုဂံတွင် မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်မှု၊ အရည်းကြီးကိုးကွယ်မှု၊ နတ်ကိုးကွယ်မှုတို့အပြင် တန္တရအယူဝါဒသည်လည်း ထင်ရှားသော အယူဝါဒဖြစ်သည်။ မိမိတို့ကို အကျိုးပေးသောအရာ၊ မိမိတို့ ကြောက်ရွံ့ရသောအရာ၊ မိမိတို့ ချစ်ခင်မြတ်နိုးသောအရာ အစရှိသည်တို့ကို ကိုးကွယ်ရာအဖြစ်မှတ်ယူ ကိုးကွယ်ကြခြင်းကို တျံတြစ်အယူဝါဒ ဟုခေါ်သည်။ ဥပမာအားဖြင့် ကျားကို ကြောက်ရွံ့သောသူသည် ကျားရုပ်ကို ထုဆစ်ကိုးကွယ်လေ့ရှိသကဲ့သို့ ဟင်္သာကို ချစ်မြတ်နိုးသောသူသည် ဟင်္သာရုပ်ကို ထုဆစ်ကိုးကွယ်လေ့ရှိကြသည်။ ထို့အပြင်လူတို့သည် ၎င်းတို့အား အစာရေစာပေးသော တောတောင်တို့ကိုလည်း ကိုးကွယ်ရာအဖြစ်မှတ်ယူကိုးကွယ်လေ့ရှိကြသည်။ အနော်ရထာမင်း နန်းတက်သောအခါတွင် ထိုနတ်ရုပ်အားလုံးကို ဘုရင့်အာဏာဖြင့် သိမ်းဆည်း၍ ပုဂံရှိ နတ်လှောင်ကျောင်းအတွင်း၌ ချုပ်လှောင်ထားခဲ့သည်ဟု အဆိုရှိကြသည်။ သို့သော် မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း က အနော်ရထာသည် မည်သည့်အခါမှ အာဏာအသုံးပြု၍ သာသနာပြုခဲ့သူ မဟုတ်ဟု ဆိုခဲ့ဖူးသဖြင့် ထိုအဆိုမှန်ကန်ကြောင်းကို အတည်ပြုရန် ခဲယဉ်းသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ