တပ်မတော် (ရေ)

ရေပြင်သို့မဟုတ်ပင်လယ်ပြင်အခြေစိုက် မြန်မာ့တပ်မတော်၏တပ်ဖွဲ့ခွဲ

ယနေ့ခေတ် တပ်မတော် (ရေ) သည် မြန်မာ့ တပ်မတော် တွင် ပါဝင်ပြီး ရေတပ်ဆိုင်ရာ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အမျိုးသမီး၊ အမျိုးသား စစ်မှုထမ်းအင်အား ၂၇၀၀၀ ခန့်ဖြင့်အမှုထမ်းလျက်ရှိသည်။ ယနေ့အချိန်တွင် တပ်မတော် (ရေ) သည် စစ်ရေယာဉ်ပေါင်း ၂၂၇ စီးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။[၄] ၁၉၈၈ ခုနှစ်မတိုင်မှီခန့် ပြည်တွင်းသောင်းကျန်းမှုများ နိုမ်နှင်းရာတွင် မြန်မာ့တပ်မတော် ရေ ၏ထင်ရှားသော အခန်းကဏ္ဍမှာ အခြား တပ်နှင့် လေတပ် များထက်စာလျှင် အလွန်နည်းပါးလှသည်။ တပ်မတော်ရေသည် နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ယခင်အချိန်ရော ယခုကာလအထိတည်ရှိနေသည့်အတွက်ကြောင့် မကြာသေးမီကာလကပင် မြန်မာ့ရေပိုင်နက်ခြိမ်ခြောက်မှုများကို ကာကွယ်ရန်အတွက် ထပ်မံတိုးချဲ့တည်ဆောက်ထားခဲ့သည်။ တပ်မတော် (ရေ)၏ ဆောင်ပုဒ်မှာ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဖြစ်သည်။[၅]

တပ်မတော် (ရေ)
  • တပ်မတော်(ရေ)၏ လက်ရုံးတံဆိပ်
  • တပ်မတော်(ရေ)၏ အဆောင်အယောင်တံဆိပ်
လှုပ်ရှားချိန်၁၉၄၇ – လက်ရှိ
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
ရေတပ်
တပ်
အမျိုးအစား
ရေပြင်အခြေပြု စစ်အရေးပြုသော တပ်ဖွဲ့
အခန်းကဏ္ဍနိုင်ငံ၏ ရေပိုင်နက် ကာကွယ်ရေး၊ ရေပြင်စစ်ဆင်မှုဆိုင်ရာ
တပ်
အရွယ်အစား
တပ်ဖွဲ့ဝင်ပေါင်း (၂၇၀၀၀) ဝန်းကျင်[၁]
အစိတ်အပိုင်း တပ်မတော်
ဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်ရေတပ်၊ နေဗီ၊ ရွိုင်ရယ် နေဗီ
ဆောင်ပုဒ်“မြန်မာ့ပင်လယ် ဒို့ကာကွယ်”
အရောင်များ    ရေနက်ပြာရောင်၊ အဖြူရောင်၊
အနက်ရောင်(Navy Seals အထူးတပ်ဖွဲ့)
နှစ်ပတ်လည်များ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်
အုပ်ချုပ်သူများ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်ဆန်း
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် [၂]
စစ်ဦးစီးအရာရှိချုပ်(ရေ)--- [၃]
စက်မှုလက်မှုအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး အောင်သူစိုး
အဆောင်အယောင်များ
ရေတပ်အလံ
တပ်တော်ဝင်အလံ
ယခင်ရေတပ်အလံ (၁၉၄၈–၁၉၇၄)
ယခင်ရေတပ်အလံ (၁၉၇၄–၁၉၉၄)

သမိုင်း

ကိုလိုနီခေတ် မတိုင်မီ

၁၇၉၅ ခုနှစ် မြန်မာဘုရင့်စစ်ရေယာဉ်

မြန်မာဘုရင့်ရေတပ်တော်တွင် မြစ်အတွင်းတိုက်ခိုက်ရေးရေယာဉ်များ အဓိကပါဝင်သည်။ ၎င်းတို့၏ အဓိကတာဝန်များမှာ ဧရာဝတီမြစ်ကြောင်းအား ထိန်းချုပ်ထားရန်ဖြစ်ပြီး ရှေ့တန်းစစ်သည်များအား တင်ဆောင်လာသော သင်္ဘောများကို ကာကွယ်ပေးရန်အတွက်ဖြစ်သည်။ ယင်းစစ်သင်္ဘောများသည် သေနတ်ကိုင်တပ်သား ၃၀ နှင့်အထက် တင်ဆောင်နိုင်ပြီး ၆-၁၂ ပေါင်ဒါ အမြောက်မြားတပ်ဆင်ထားသည်။ ၁၈ ရာစုအလယ်ခန့်တွင် ရေတပ်တော်သည် ဥရောပနှင့်အခြားလူမျိုးများပါသည့် ပင်လယ်ပျော်သင်္ဘောနှင့် ဥရောပနှင့်အခြားနိုင်ငံခြား သင်္ဘောသားများထံမှ နည်းနာများကို သင်ယူဆည်းပူးလေ့လာပြီး ယိုးဒယား၊ ရခိုင်တိုက်ပွဲများအတွက် စစ်သည်တော်များ ပို့ဆောင်ရန် အသုံးချခဲ့သည်။

၁၉ ရာစု မြန်မာဘုရင့်စစ်ရေယာဉ်

ထိုအချိန်က ရခိုင်နှင့် မွန်တို့သည် ပင်လယ်ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့်အလျောက် ယင်းတို့၏ စစ်သင်္ဘောများ၊ တိုက်ခိုက်ရေးနည်းပညာများသည် မြစ်အတွင်း၌သာအတွေ့အကြုံရှိသော မြန်မာတပ်များ၏ သင်္ဘောများထက် သာသည်ကို တွေ့ရသည်။

တိုက်ပွဲများနှင့် ဒုတိယကမ္ဘာစစ်

မြန်မာ့ ရေတပ်ကို ၁၉၄၀ ခုနှစ်တွင် မြန်မာ့တပ်မတော် ရေ အဖြစ် ဖွဲ့စည်းခဲ့သော်လည်း အလွန်သေးငယ်၍ ဒုတိယကမ္ဘာစစ်အတွင်းတွင် ဗြိတိသျှ မဟာမိတ်တို့နှင့် ပူးပေါင်း၍ ဖက်ဆစ်ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့သည်။

ဗမာ့လွတ်လပ်ရေးကာလ

စစ်ရေယာဉ် (မေယု)

၁၉၄၇ခုနှစ်၊ ဒီဇင်ဘာလအတွင်းတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ရေတပ်ကို လူ ၇၀၀ ဖြင့် ဖွဲ့စည်းခဲ့သည်။ ပထမတွင် သင်္ဘောအုပ်စုမှာ အနည်းငယ်သာ ပါဝင်သော်လည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှတော်ဝင်ရေတပ်၏ အစီအစဉ်အရ သင်္ဘောအချို့ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုအထဲတွင် UBS Mayu (စစ်ရေယာဉ် (မေယု)) မြစ်အမျိုးအစားဖရီးဂိတ်စစ်ရေယာဉ် နှင့် အမြောက်တက်ဆင်ထားသည့် ကမ်းတက်ရေယာဉ် လေးစင်းပါဝင်သည်။ ၂၅ပေါင်ဒါ(၈၈မီလီမီတာ) ၂လက်နှင့် ၂ပေါင်ဒါ (၄၄ မီလီမီတာ) အမြောက်မြား တပ်ဆင်ထားသည့် ထိုကမ်းတက်ရေယာဉ်များကို အထောက်အကူပြု(သယ်ယူပို့ဆောင်ရေး+လက်နက်ကြီးပစ်ကူပေးနိုင်ရန်)စစ်ရေယာဉ်များအြဖစ် အသုံးပြုခဲ့သည်။

၁၉၄၇ ခုနှစ်၊ မေလ ၂၅ရက်၊ မွန်းတည့် ၁၂ နာရီတွင် ဗြိတိသျှ တော်ဝင်ရေတပ် မတော်က စစ်ရေယာဉ် (မေယု)ကို မြန်မာနိုင်ငံ‎ အရန်တော်ဝင်ရေတပ်သို့ အခမ်းအနားဖြင့် လွှဲပြောင်းပေး အပ်ခဲ့သည်။ ထိုကဲ့သို့ လွှဲပြောင်းပေးအပ်စဉ်က ဗြိတိသျှ အစိုးရကိုယ်စား စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး မစ်ချယ်လ်က လွဲပြောင်းပေး အပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း‎ ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းနှင့် ရေယာဉ်ကို မြန်မာနိုင်ငံကိုယ်စား လက်ခံခြင်း ပြုလုပ်ခဲ့သည်။ ပထမဆုံး စစ်ရေယာဉ်မှူးမှာ ဗိုလ်မှူးခင်မောင်ဘို ဖြစ်သည်။

၁၉၅၀ ခုနှစ်များ

၁၉၅၀ ခုနှစ်နှင့် ၁၉၅၁ ခုနှစ်အတွင်းတွင် အမေရိကန်ပြည်ထောင်စုသည် နှစ်ဖက် စစ်ရေးနားလည်မှုအစီအစဉ်အရ ကမ်းရိုးတန်းစောင့် သင်္ဘော ၁၀ စင်း ပေးအပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရ၏ ပြည်တွင်းသောင်းကျန်းမှု ပေါင်းစုံကို နှိမ်နင်းရာ တိုက်ပွဲများအတွင်းတွင် တပ်မတော်ရေသည် အဓိကနေရာမှ လုပ်ရှားခဲ့သည်။ တပ်မတော်ရေသည် ခုခံရေးနှင့် ကာကွယ်ရေးတာဝန်များ၊ အစောင့်အရှောက်အဖြစ်လည်းကောင်း၊ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရေး၊ စစ်သည်များသယ်ယူရေးများနှင့် လိုအပ်လျှင် ပစ်ကူများပေးရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော မော်လမြိုင်မြို့ကို ကရင်သောင်းကျန်သူတို့ သိမ်းပိုက်ထားချိန်တွင် တပ်မတော်ရေ၏ အဓိက တာဝန်ယူ လှုပ်ရှားမှုကြောင့်သာ သက်သာရာ ရခဲ့သည်။ လွတ်လပ်ရေးရပြီး ကာလတစ်လျှောက်လုံးတွင် တပ်မတော်ရေ၏ ကင်းလှည့်ရေယာဉ်တစ်စင်းသည်သာ ကရင်သောင်းကျန်းသူများဘက်သို့ ဘက်ပြောင်းပူးပေါင်းခဲ့သည်မှ အပ မြန်မာ့တပ်မတော်ရေသည် အရေးကြီးသည့် ကုန်းတွင်းပိုင်း ရေကြောင်းလမ်းများတွင် ကြီးမားသော အတားအဆီး မရှိဘဲ ထိန်းချုပ်ထားနိုင်ခဲ့သည်။[၆]

၁၉၅၆-၅၇ ခုနှစ်အတွင်းတွင် တန်ချိန် ၅၀ ရှိသည့် မော်တာတော်ပီဒို/မော်တာ စက်သေနတ်တပ် အဖြစ်ပြောင်းလဲအသုံးပြုနိုင်သော Saunders-Roe Dark class အမျိုးအစား ကမ်းရိုးတန်းစောင့် ကင်းလှည့်ရေယာဉ် ငါးစင်း၊ တန်ချိန် ၁၀၄၀ ရှိ Algerine class minesweeper အမျိုးအစား မိုင်းရှင်းရေယာဉ်အဟောင်း တို့ကို ဗြိတိသျှတို့ထံရရှိခဲ့သည်။ ၁၉၅၀-၆၀ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသည် PGM အမျိုးအစား ကမ်းရိုးတမ်းစောင့် ကင်းလှည့်ရေယာဉ် ခြောက်စင်း၊ CGC အမျိုးအစား ကမ်းရိုးတန်းစောင့် ကင်းလှည့်ရေယာဉ် ၇ စင်း ကို တပ်မတော်ရေသို့ ရောင်းချပေးခဲ့သည်။ ၁၉၆၀ ခုနှစ်အလယ်ပိုင်းတွင် အမေရိကန်ရေတပ်၏ တန်ချိန် ၆၄၀ PCE-827 class တိုက်ခိုက်ရေးရေယာဉ် နှင့် တန်ချိန် ၆၅၀ Admirable class minesweeper အမျိုးအစား မိုင်းရှင်ရေယာဉ်တို့ကို ရရှိခဲ့ပြီး ၎င်းယာဉ်များသည် ၁၉၄၀ ခုနှစ်အလယ်ခန့် တပ်တော်ဝင်အသုံးပြုထားသော ယာဉ်အဟောင်းများဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် မြန်မာ့တပ်မတော်သို့ မြစ်တွင်း ကမ်းရိုးတန်းစောင့်ရေယာဉ်ငယ် ၆ စင်းတို့ကို အမေရိကန်ပြည်ထောင်စုက ပေးအပ်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ယူဂိုဆလားဗီးယားထံမှ Y-301 အမျိုးအစား စက်သေနတ်တပ် ရေယာဉ် ၁၀ စီးအပြင် Michao အမျိုးအစား ကမ်းရိုးတန်းစောင့်ကင်းလှည့်ရေယာဉ် ၂၅ စီးရရှိခဲ့သည်။

၁၉၆၀ ခုနှစ်များ

အင်ဒိုနီးရှားရောက် မြန်မာ့ရေတပ်သားများ (၁၉၆၀ ခုနှစ်)

မြန်မာ့တပ်မတော်ရေသည် ယူဂိုဆလားဗီးယားနိုင်ငံ အကူအညီဖြင့် စစ်ရေယာဉ်များ ကိုယ်တိုင် ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့သည်။ ၁၉၆၀ တွင် တန်ချိန် ၄၀၀ ရှိ နဝရတ် အမျိုးအစား ကော်ဗတ် ရေယာဉ်နှစ်စင်းကို ထုတ်လုပ်နိုင်ခဲ့ပြီး တပ်မတော်တွင် အမှုထမ်းစေခဲ့သည်။ လက်နက်အနေဖြင့် ၂၅ပေါင်ဒါ အမြောက် နှင့် ၄၀ မီလီမီတာ ဘိုဖော်စ် လေယာဉ်ပစ်အမြောက်တို့ တပ်ဆင်ထားသည်။ မြန်မာသင်္ဘောကျင်းများမှ ကမ်းရိုးတန်းစောင့် ရေယာဉ်ငယ် အချို့နှင့် ကမ်းတက်ရေယာဉ်အချို့ကို တည်ဆောက်ခဲ့သည်။ ပုံမှန်အားဖြင့် ကမ်းတက်ရေယာဉ်နှင့် အရန်သင်္ဘောများကို အော်လီကွန် ၂၀ မီလီမီတာ အမြောက်မြား၊ ၄၀ မီလီမီတာ လေယာဉ်ပစ်အမြောက်မြား နှင့် စက်သေနတ်ကြီးများကို တပ်ဆင်ထားသည်။[၇]

၁၉၇၀ ခုနှစ်များ

တပ်မတော်ရေ၏ စစ်အင်အားတို့ချဲ့မှုသည် ၁၉၅၀ ခုနှစ်နှင့် ၆၀ အကြားတွင် အလွန်လျင်မြန်သော်လည်း ယာဉ်အအိုအဟောင်းများ၏ ပျက်စီး ယိုးယွင်းမှုများကြောင့် အရှိန်အဟုန်နှေးကွေးလာခဲ့ရပြီး ၁၉၇၉ ခုနှစ်တွင် မဆလ အစိုးလက်ထက် ရေတပ်ပြုပြင်ပြောင်းလဲရေးမတိုင်မီအထိ ဖြစ်သည်။

၁၉၈၀ ခုနှစ်များ

၁၉၈၀ ခုနှစ်တွင် ဩစတြေးလျနိုင်ငံမှ Carpentaria အမျိုးအစား ကမ်းနီး ကင်းလှည့်ရေယာဉ် ခြောက်စင်း၊ စင်ကာပူနိုင်ငံမှ ၁၂၈ တန် Swift အမျိုးအစား ကမ်းရိုးတန်း ကင်းလှည့် ရေယာဉ် ၃ စီး၊ ဒိန်းမတ်နိုင်ငံလုပ် ၃၈၅ တန် Ospery အမျိုးအစား ကမ်းဝေး ကင်းလှည့်ရေယာဉ် ၃ စီးတို့ ရရှိခဲ့သည်။ Swift နှင့် Ospery အမျိုးအစား သင်္ဘောများသည် ၄၅၀၀ မိုင်နှင့် ၁၈၀၀ မိုင်ခန့် အသီသီးရောက်ရှိနိုင်ပြီး အော်လီကွန် ၂၀ မီလီမီတာ အမြောက်မြားနှင့် ၄၀မီလီမီတာ လေယာဉ်ပစ် အမြောက်မြား တပ်ဆင်ထားသည်။ ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် တပ်မတော်ရေသည် US PGM အမျိုးအစား ကင်းလှည့်ရေယာဉ်ကို အခြေခံ၍ ၁၂၈ တန် PGM အမျိုးအစား ကင်းလှည့်ရေယာဉ် ၃ စင်း တည်ဆောက်ခဲ့သည်။ ထိုသင်္ဘောတိုင်းတွင် ၄၀ မီလီမီတာ လေယာဉ်ပစ်အမြောက် နှစ်လက်နှင့် ၁၂.၇ မီလီမီတာ စက်သေနတ်ကြီး ၂ ခုတို့ တပ်ဆင်ပေးထားသည်။

၁၉၉၀ ခုနှစ်များ

မြန်မာ့တပ်မတော်ရေသည် ဒုံးတပ် အစောင့်ရေယာဉ် ၆ စီးနှင့် ရေငုပ်သင်္ဘောဖျက် သင်္ဘော ၁၀ စင်းတို့ကို တရုတ်ထံမှ ဝယ်ယူခဲ့သည်။ တပ်မတော် ရေသည် ၇၇ မီတာ ကော်ဗတ် ရေယာဉ် နှစ်စင်း(771 နှင့် 772) နှင့် အမြန်သွားတိုက် ရေယာဉ် လေးစင်း(551-554) တို့ကို ၁၉၉၈ ခုနှစ်ကတည်းက တည်ဆောက်နိုင်ခဲ့သည်။

၂၀၀၀ ခုနှစ်များ

နာဂစ်ဆိုင်ကလုန်း

၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် တပ်မတော်ရေယာဉ် ၂၅ စီးခန့် နစ်မြုပ်ခဲ့ရပြီး စစ်သားအချို့နှင့် မိသားစုဝင်များပျောက်ဆုံး သို့မဟုတ် သေဆုံးခဲ့ရသည်ဟု စာရင်းပြုစုခဲ့သည်။ အရာရှိ ၃၀ ခန့်နှင့် အမှုထမ်းပေါင်း ၂၅၀ ခန့် ပျောက်ဆုံးခဲ့ကြောင်း ကြေညာထားပြီး ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ် နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဓညဝတီ ရေတပ်စခန်းဌာနချုပ်တို့၏ကွပ်ကဲမှုအောက်၌ရှိသော စစ်ရေယာဉ် ၂၅ စင်းသည် မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည်။

၂၀၁၀ ခုနှစ်များ

မြန်မာ့တပ်မတော်နှင့် အမေရိကန်၏ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်စစ်ရေယာဉ် USS Bonhomme Richard (LHD-6) သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အစောပိုင်းတွင် လာရောက်လည်ပတ်ခဲ့သည်။[၈]

မြန်မာ့တပ်မတော်ရေ အရာရှိများ အမေရိကန်စစ်ရေယာဉ်ကို လာရောက်လည်ပတ်စဉ် (၂၀၁၃ ခုနှစ်)

၂၀၁၄ ခုနှစ်မှစတင်၍ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise -Sea Shield)ကို နှစ်စဉ်လုပ်ဆောင်ပြီး စစ်ရေယာဉ်မျိုးစုံ နှင့် ရဟတ်ယာဉ်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (NAVY SEALs) တပ်ဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်အင်အား ၁၄ဝဝ ကျော် နှစ်စဉ်ပါဝင်လေ့ကျင့်ခဲ့ကြသည်။[၉]

မြန်မာ - တောင်ကိုရီးယား ရေတပ်ဦးစီးချုပ်များ တွေ့ဆုံစဉ် (၂၀၁၇ ခုနှစ်)

၂ဝ၁၆ ခုနှစ်မှ စ၍ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သော တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်) ဖြင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလထိ ဒေသခံပြည်သူစုစုပေါင်း ၈၁ဝ၅၃ ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံ သင်္ဘောပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင် ၁၁ ဦးအား အောင်မြင်စွာ မွေးဖွား ကုသပေးနိုင်ခဲ့သည်။[၁၀] ၂၀၁၈ ခုနှစ် တွင် မြစ်တွင်းသွား ဆေးရုံသင်္ဘော(ရွှေပုစွန်) သည် ရေဘေးအန္တရာယ်ကျရောက်လျက်ရှိသော ဧရာဝတီတိုင်း ဒေသကြီး အတွင်း လှည့်လည်၍ ဆေးကုသပေးနိုင်ခဲ့သည်။[၁၁]

၂၀၁၈ ခုနှစ် မီလန် စစ်ရေးလေ့ကျင့်မှု၌ တွေ့ရသော မြန်မာ့စစ်ရေယာဉ် ဆင်ဖြူရှင် (F14)

ဘင်္ဂလားပင်လယ်အော်တွင် ကျင်းပသည့် အိန္ဒိယနှင့် မြန်မာရေတပ်လေ့ကျင့်မှု ၂၀၁၈ တွင် မြန်မာရေတပ်က ပါဝင်ခဲ့သည်။ မြန်မာဘက်မှ ရေယာဉ်များတွင် ကျန်စစ်သား-အတန်းအစား ဖရီးဂိတ်စစ်ရေယာဉ် စစ်ရေယာဉ် ဆင်ဖြူရှင် (F-14) နှင့် ကမ်းလွန်ကင်းလှည့်ရေယာဉ် စစ်ရေယာဉ် အင်းလေး UMS Inle နှင့် အိန္ဒိယဘက်ခြမ်းတွင် ရေငုပ်သင်္ဘော တိုက်ခိုက်ရေးစစ်ရေယာဉ် corvette INS Kamorta, Shivalik (Project 17) တို့ ပါဝင်ကြောင်း၊ ဖရီးဂိတ်စစ်ရေယာဉ် INS Sahyadri နှင့် Type 877EKM Kilo-class ရေငုပ်သင်္ဘောတစ်စင်း၊ ရဟတ်ယာဉ်တစ်စင်းနှင့် အဆင့်မြင့်လေယာဉ်နှစ်စင်းတို့နှင့်အတူ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာရေတပ်၏ စစ်ရေယာဉ် ကျန်စစ်သား သည် ဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ရေကြောင်းပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်အတွက် ပထမဆုံး အမေရိကန်-အာဆီယံ ရေကြောင်းလေ့ကျင့်မှု US-Asean Maritime Exercise (AUMX) တွင် ပါဝင်ခဲ့ပါသည်။[၁၂]

မြန်မာ့တပ်မတော်ရေ ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း (၂၀၁၈ ခုနှစ် ကိုကိုးကျွန်း)

မြန်မာရေတပ်သည် ဒေသတွင်း ရေတပ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၎င်းသည် တော်ဝင်ဩစတြေးလျရေတပ်၊ တရုတ်ရေတပ်နှင့် အိန္ဒိယရေတပ်ကဲ့သို့သော ဒေသတွင်းမှ ရေတပ်များ လာလည်ပတ်ခြင်းကို လက်ခံကျင်းပလျက်ရှိသည်။[၁၃] အလားတူ မြန်မာရေတပ်သင်္ဘောများသည် ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူတို့ အပါအဝင် ဒေသတွင်း နိုင်ငံရေတပ်များသို့ သွားရောက် လည်ပတ်ခဲ့သည်။[၁၄][၁၅]

လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်ရေ၏ အုပ်ချုပ်ရေး အရာရှိများ

  1. ရေတပ် ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘို
  2. ရေတပ် ဗိုလ်မှူးချုပ် သန်းဖေ
  3. ရေတပ် ဗိုလ်မှူးချုပ် သောင်းတင်
  4. ရေတပ် ဗိုလ်ချုပ် ချစ်လှိုင်
  5. ရေတပ် ဗိုလ်ချုပ် မောင်မောင်ဝင်း
  6. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်ခင်
  7. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းညွန့်
  8. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး တင်အေး
  9. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်း
  10. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း
  11. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း
  12. ရေတပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (၂၀၀၈ ခုနှစ်၊ ဇွန်လ - ၂၀၁၂ ခုနှစ် ဩဂုတ်လ)
  13. ရေတပ် ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ (ဩဂုတ် ၂၀၁၂ ခုနှစ် – ဩဂုတ် ၂၀၁၅)
  14. ရေတပ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း ( ဩဂုတ် ၂၀၁၅ – ​ဖေ​ဖော်ဝါရီ ၂၀၂၁)
  15. ရေတပ် ဗိုလ်ချုပ်ကြီး မိုး​အောင် (ဖေဖော်ဝါရီ ၂၀၂၁ – ဇန်နဝါရီ ၂၀၂၄ )
  16. ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (ဇန်နဝါရီ ၂၀၂၄ – လက်ရှိ )

ရာထူးအဆင့် နှင့် အဆောင်အယောင်များ

ပြန်တမ်းဝင် အရာရှိများ

အဆင့် အုပ်စုခေါင်းဆောင်ပိုင်း/ထိပ်တန်း အရာရှိကြီးများမြေပြင်အမှုထမ်း/အကြီးတန်း အရာရှိများအရာရှိငယ်များအလုပ်သင် အရာရှိ
အဆင့်ညီသည့်
နေတိုးကုဒ်
OF-10OF-9OF-8OF-7OF-6OF-5OF-4OF-3OF-2OF-1OF(D)
 ရေတပ်
(မရှိ)
ဗိုလ်ချုပ်မှူးကြီးဒုတိယ
ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီးဒုတိယ
ဗိုလ်ချုပ်ကြီး
ဗိုလ်ချုပ်ဗိုလ်မှူးချုပ်ဗိုလ်မှူးကြီးဒုတိယ
ဗိုလ်မှူးကြီး
ဗိုလ်မှူးဗိုလ်ကြီးဗိုလ်ဒုတိယ
ဗိုလ်
(မရှိ)
Senior GeneralVice Senior GeneralAdmiralVice AdmiralRear AdmiralCommodoreCaptainCommanderLieutenant
Commander
LieutenantLieutenant
(junior grade)
Sub-Lieutenant

အခြားအဆင့်များ

အဆင့် အုပ်စုပြန်တမ်းဝင်မဟုတ်သော အရာရှိများစီနီယာ အခြားအဆင့်များအခြားအဆင့်များ
အဆင့်အတန်း
ညီမျှသည့်
နေတိုးသင်္ကေတ
OR-9OR-8OR-7OR-6OR-5OR-4OR-3OR-2OR-1
 တပ်မတော် (ရေ)
အဆောင်အယောင်
မသတ်မှတ်ထား
အရာခံဗိုလ်ဒုတိယ
အရာခံဗိုလ်
တပ်ခွဲ
တပ်ကြပ်ကြီး
တပ်ကြပ်ကြီး၊
တပ်ကြပ်ကြီး/စာရေး
တပ်ကြပ်ဒုတိယ
တပ်ကြပ်
တပ်သား


ဖွဲ့စည်းပုံ

အုပ်ချုပ်ရေးနှင့် ထောက်ပံ့ရေးယူနစ်များ

ရေတပ်စခန်းဌာနချုပ်များ

ဧရာဝတီ ရေတပ်စခန်းဌာနချုပ် (ဧရခ)
  • ဌာနချုပ် (သန်လျက်စွန်း၊ ရန်ကုန်)
  • သံလျင်ရေတပ်စခန်း
  • သီလဝါ ရေတပ်စခန်း
  • ကိုကိုးကျွန်းအခြေစိုက်စခန်း (ရေတပ်ရေဒါယူနစ်အပါအဝင်)
မောရဝတီ ရေတပ်စခန်းဌာနချုပ် (မရခ)
  • ဌာနချုပ် (မော်လမြိုင်မြို့)
ဓညဝတီ ရေတပ်စခန်းဌာနချုပ် (ဓရခ)
  • ဌာနချုပ် (စစ်တွေမြို့)
  • ကျောက်ဖြူရေတပ်စခန်း
  • သံတွဲရေတပ်စခန်း
  • အမှတ် (၇၁) ရေငုပ်သင်္ဘော အခြေစိုက်စခန်း
ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် (ပရခ)
  • ဌာနချုပ် (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၁)ရေတပ်ဆက်သွယ်ရေးတပ် (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၂)ရေတပ်ပစ္စည်းထိန်းတပ် (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၃)ရေတပ်အုပ်ချုပ်ရေးတပ် (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၄)ရေတပ်လက်နက်ခဲယမ်းတပ် (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၅)ရေတပ်စက်မှုလက်မှုတပ် (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၆)စစ်ရေယာဉ်စု (ဟိုင်းကြီးကျွန်း)
  • အမှတ်(၂၇)ရေတပ်လေ့ကျင့်ရေးတပ် (ဟိုင်းကြီးကျွန်း)
တနင်္သာရီ ရေတပ်စခန်းဌာနချုပ် (သရခ)
  • ဌာနချုပ် (မြိတ်မြို့တနင်္သာရီတိုင်းဒေသကြီး)
  • အမှတ်(၅၁)ရေတပ်ဆက်သွယ်ရေးတပ် (မြိတ်မြို့)
  • အမှတ်(၅၂)ရေတပ်ပစ္စည်းထိန်းတပ် (မြိတ်မြို့)
  • အမှတ်(၅၃)ရေတပ်အုပ်ချုပ်ရေးတပ် (မြိတ်မြို့)
  • အမှတ်(၅၄)ရေတပ်လက်နက်ခဲယမ်းတပ် (မြိတ်မြို့)
  • အမှတ်(၅၅)ရေတပ်စက်မှုလက်မှုတပ် (မြိတ်မြို့)
  • အမှတ်(၅၆)စစ်ရေယာဉ်စု (မြိတ်မြို့)
  • အမှတ်(၅၇)ရေတပ်လေ့ကျင့်ရေးတပ် (စခန်းသစ်ကျွန်း)
  • အမှတ်(၅၈)ရေတပ်အခြေစိုက်စခန်း (ဇာဒက်ကြီးကျွန်း)
  • အမှတ်(၅၉)ရေတပ်ရှေ့တန်းစခန်း (မလိကျွန်း)
  • ရေတပ်ရှေ့တန်းစခန်း (ပုလဲကျွန်း)
  • ရေတပ်ရှေ့တန်းစခန်း (ကတန်ကျွန်း)
  • ရေတပ်ရှေ့တန်းစခန်း (စခန်းသစ်ကျွန်း)

ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ

  • အမှတ်(၁)ဗျူဟာစစ်ရေယာဉ်စု(သန်လျင်)
  • အမှတ်(၂)ဗျူဟာစစ်ရေယာဉ်စု(ဟိန်းဇဲ၊ ရေဖြူမြို့နယ်၊ တနင်္သာရီ)
  • အမှတ်(၃)ဗျူဟာစစ်ရေယာဉ်စု(စနဲမြို့၊ ကျောက်ဖြူခရိုင်၊ ရခိုင်ပြည်နယ်)
  • အမှတ်(၄)ဗျူဟာစစ်ရေယာဉ်စု(ဟိုင်းကြီးကျွန်း)

ရေတပ် တပ်ရင်းများ

မြန်မာ - အိန္ဒိယ ရေတပ်ဦးစီးချုပ်များ တွေ့ဆုံစဉ် (၂၀၁၃ ခုနှစ်)

၁၉၆၄ ခုနှစ်တွင် တပ်မတော်(ရေ)၏ အမှတ်(၁)ရေတပ်တပ်ရင်းကို တပ်ရင်းဌာနချုပ်(၁)ခွဲ၊ သေနတ်ကိုင်တပ်ခွဲ(၃) ခွဲတို့ဖြင့် ကမ်းတက်တပ်ရင်းအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။

တပ်ရင်းအဆင့်မဖွဲ့စည်းမှီ ၁၉၆၂ ခုနှစ်ကာလမှစတင်ကာ တပ်စုအဆင့်၊ တပ်ခွဲအဆင့်ဖြင့် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ခဲ့ကြသည်။ အရေးပေါ်ကိစ္စရပ်များရင်ဆိုင်လာရပါက အချိန်အနည်းငယ်အတွင်း လှုပ်ရှားမှုပြုနိုင်ရန် ရည်ရွယ်ခဲ့သည်။ ရေတပ်အရာရှိ/စစ်သည်များအား ခြေလျင်တပ်ဆိုင်ရာဘာသာရပ်များကို လေ့ကျင့်သင်ကြားကာ ရေတပ်တပ်ရင်းတွင် အမှုထမ်းစေခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် အင်အားထပ်မံရရှိခဲ့သဖြင့် သေနတ်ကိုင်တပ်ခွဲ(၅) ခွဲအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့သည်။ အမှတ်(၁)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးကိစ္စရပ်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ၎င်း၊ စစ်ရေး/စစ်ထောက်ဆိုင်ရာကိစ္စရပ်များအား တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ၎င်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ပြီး မြိတ်၊ တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်း၊ ထားဝယ်ဒေသများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ရသည်။ ၁၉၈၆ ခုနှစ်တွင် အမှတ်(၁)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အမှတ်(၁၇)ခြေလျင်တပ်ရင်းသို့ လွှဲပြောင်းပေးအပ်ကာ တပ်ရင်းဌာနချုပ်ကိုလည်း မြိတ်မြို့မှ တွံတေးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသအတွင်း ခုတ်မောင်းသွားလာလျက်ရှိသော ရေယာဉ်များလုံခြုံရေးအတွက် ရည်ရွယ်ကာ အမှတ်(၂)ရေတပ်တပ်ရင်းကို သန်လျက်စွန်းတွင် ထပ်မံဖွဲ့စည်းခဲ့သည်။ အမှတ်(၂)ရေတပ်တပ်ရင်း၏ စစ်ဆင်ရေးကိစ္စရပ်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ၎င်း၊ စစ်ရေး/စစ်ထောက်ဆိုင်ရာကိစ္စရပ်များအား ဧရာ၀တီရေတပ်စခန်းဌာနချုပ်မှ၎င်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်ပြီး ရန်ကုန်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ဘိုကလေးဒေသများတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်ရသည်။

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ(၃၀) ရက်နေ့တွင် ရေတပ်တပ်ရင်းများ၏စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အခြားနယ်မြေခံတပ်ရင်းများသို့ လွှဲပြောင်းပေးအပ်ပြီးနောက် ရေတပ်တပ်ရင်းများအား ဖျက်သိမ်းခဲ့သည်။[၁၆]

အထူးတပ်ဖွဲ့

တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Myanmar Navy SEALs) ကို ၂၀၁၀ ခုနှစ်ကာလများမှ စတင်ကာ ဖွဲ့စည်းခဲ့သည်။ ဓားစာခံကယ်ဆယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ လှုပ်ရှားမှုပြုနိုင်ရန် အဓိက ရည်ရွယ်သည်။ ရွေးချယ်ရေး လုပ်ငန်းစဉ်နှင့်လေ့ကျင့်ရေးသင်ရိုးညွှန်းတမ်းသည်အမေရိကန်ရေတပ် SEAL ရွေးချယ်ရေးနှင့်လေ့ကျင့်ရေး သင်ရိုးညွှန်းတမ်း နှင့်ဆင်တူသည်ဟု ဆိုကြသည်။[၁၇][၁၈][၁၉]

ရေတပ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး

မြန်မာ့ တပ်မတော်သည် ရေတပ်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးအတွက် ဘိုဖော်စ် ၄၀ မီလီမီတာ နှင့် zpu-2 AAA တို့ကို ယခင်က အသုံးပြုခဲ့သည်။

စစ်လက်နက်ပစ္စည်းများ

ခေတ်မီရေး

မြန်မာ့ရေတပ်သည် ၂၀၀၀ ခုနှစ်များအစောပိုင်းကတည်းက ခေတ်မီရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်း၌ နိုင်ငံခြားမှ ထောက်ပံ့သော စက်ကိရိယာများဖြင့် တည်ဆောက်ခြင်းဖြင့် ကြီးမားပြီး ပိုမိုအဆင့်မြင့်သော သင်္ဘောများကို ထည့်သွင်းထားသည်။

ဖရီးဂိတ်စစ်ရေယာဉ်များ

မြန်မာ့ရေတပ်သည် သင်္ဘောအဟောင်းများနှင့် စက်ကိရိယာများကို အစားထိုးရန် ကြိုးပမ်းမှုဖြင့် ၎င်း၏ ခေတ်မီရေးအစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Type 053H1 အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်းကို တရုတ်နိုင်ငံမှ ပေးပို့ခဲ့သည်။ ဤသင်္ဘောနှစ်စင်းကို အကျယ်တဝင့် အဆင့်မြှင့်တင်ခဲ့သည်။ အဆင့်မြှင့်တင်မှုများတွင် C-802 ဒုံးကျည်များဖြင့် HY 2 သင်္ဘောဖျက်ဒုံးကျည်များကို အစားထိုးခြင်းနှင့် အာရုံခံကိရိယာအသစ်များ တပ်ဆင်ခြင်းတို့ ပါဝင်ပါသည်။ ပထမဆုံး ပြည်တွင်းထုတ် ဖရီးဂိတ်စစ်သင်္ဘော အောင်ဇေယျသည် ၂၀၁၁ ခုနှစ်တွင် စစ်မှုထမ်းခဲ့ပြီး ၂၀၁၃ ခုနှစ်အစောပိုင်းတွင် ဗီဆာခါပတ်နမ်မှ အိန္ဒိယရေတပ်သင်္ဘောများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။ ဒုတိယ ပြည်တွင်းထုတ် ဖရီးဂိတ်စစ်သင်္ဘောဖြစ်သည့် စစ်ရေယာဉ် ကျန်စစ်သား သည် ၂၀၁၂ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ရေတပ်၏ ပထမဆုံး ကိုယ်ပျောက်ဖရီးဂိတ်စစ်သင်္ဘောဖြစ်သည်။ ရေတပ်သည် ပြည်တွင်းထုတ် ဖရီးဂိတ်သင်္ဘော ခြောက်စင်း တည်ဆောက်ရန် စီစဉ်နေသည်။ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် အနောက်တိုင်းလက်နက်စနစ်များကို ပေါင်းစပ်ထားသည်။ အဆိုပါသင်္ဘောများတွင် Kh-35E သင်္ဘောဖျက်ဒုံးကျည်များ၊ OTO Melara 76 mm Super Rapid Cannons၊ AK-630 6-barrel 30mm close-in weapon system (CIWS) နှင့် Chinese ASW ဒုံးပျံများနှင့် တော်ပီဒိုများ တပ်ဆင်ထားပါသည်။ ရေဒါများနှင့် အီလက်ထရွန်းနစ်စနစ်များသည် အိန္ဒိယ၏ Bharat Electronics မှ အဓိကဖြစ်သည်။ အသစ်တည်ဆောက်ထားသော ဖရီးဂိတ်စစ်သင်္ဘောများနှင့် OPV များအတွက် တရုတ်နိုင်ငံမှ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် သင်္ဘောဖျက်ဒုံးကျည်များကို မြန်မာနိုင်ငံက ဝယ်ယူခဲ့သည်။ မြန်မာရေတပ်သင်္ဘောကျင်းသည် ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်အကူအညီဖြင့် တည်ဆောက်ခဲ့သော ဒေသတွင်း ခေတ်အမီဆုံး သင်္ဘောကျင်းများထဲမှ တစ်ခုဖြစ်သည်။ မြန်မာရေတပ် အင်ဂျင်နီယာ အများအပြားသည် တရုတ်နှင့် ရုရှားနိုင်ငံတို့တွင် သင်္ဘောတည်ဆောက်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ရုရှားလုပ် Kh-35E သင်္ဘောဖျက်ဒုံးကျည်

ရေငုပ်သင်္ဘောများ

၂၀၂၀ ခုနှစ်တွင် ရေတပ်သည် အိန္ဒိယမှ ဆိုဗီယက်ခေတ် Sindughosh/Kilo-class ရေငုပ်သင်္ဘောအား ၎င်း၏ ပထမဆုံး ရေငုပ်သင်္ဘောကို ဝယ်ယူခဲ့သည်။ ယခင် INS Sindhuvir (S58) ကို မလွှဲပြောင်းမီ Hindustan Shipyard Limited မှ ပြန်လည်ပြင်ဆင်ခဲ့သည်။ ယခုအခါ ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲသိင်္ခသူ UMS Minye Theinkhathu ဟု အမည်ပြောင်းကာ လေ့ကျင့်ရေး အတွက် အသုံးပြုမည့် ရေငုပ်သင်္ဘော ဖြစ်သည်။[၂၀][၂၁] ၎င်းအား ရေတပ်စစ်ရေယာဉ်လေ့ကျင့်မှု ('Bandoola 2020') ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လူသိရှင်ကြား ပထမဆုံးမြင်တွေ့ခဲ့ပါသည်။[၂၂] အိန္ဒိယရေတပ်သည် မြန်မာရေငုပ်သင်္ဘောကို ထိထိရောက်ရောက် လည်ပတ်နိုင်စေရန် လေ့ကျင့်ရေးတွင် ကူညီသွားမည်ဖြစ်သည်။[၂၃]

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ၂၄ ရက်နေ့တွင် မြန်မာရေတပ်သည် ၎င်း၏ ဒုတိယမြောက် ရေငုပ်သင်္ဘော 35B Ming-class အမျိုးအစား ရေငုပ်သင်္ဘောစစ်ရေယာဉ် မင်းရဲကျော်ထင် UMS Minye Kyaw Htin ရေငုပ်သင်္ဘောအား တရုတ်နိုင်ငံမှ လက်ခံရယူခဲ့သည်။[၂၄][၂၅]

တခြား

အိန္ဒိယလုပ် အဆင့်မြင့် ရေငုပ်သင်္ဘောဖျက် Shyena တော်ပီဒို

၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာရေတပ်သည် အစ္စရေးနိုင်ငံမှ Super Dvora Mk III ကင်းလှည့်သင်္ဘောနှစ်စင်းကို ဝယ်ယူခဲ့သည်။[၂၆] ထို့နောက် ၂၀၁၇ ခုနှစ် မတ်လတွင် ချုပ်ဆိုခဲ့သော အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉ သန်းတန်ဖိုးရှိ သဘောတူညီချက်အရ မြန်မာရေတပ်သည် အိန္ဒိယနိုင်ငံမှ အဆင့်မြင့် ရေငုပ်သင်္ဘောဖျက်တော်ပီဒို Shyena ယူနစ်များကို လက်ခံရရှိခဲ့သည်။[၂၇] ထို့အပြင် မြန်မာရေတပ်သည် ၂၀၁၉ ခုနှစ်တွင် တောင်ကိုးရီးယားထံမှ စစ်ရေယာဉ် မုတ္တမ (1501) platform dock (LPD) အသစ်ကို ဝယ်ယူခဲ့သည်။

သင်္ဘောများ

ရေငုပ်သင်္ဘောများ (Submarines)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်တပ်တော်ဝင်သည့် ခုနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
ကီလိုအမျိုးအစား ရေငုပ်သင်္ဘော Rubin Design Bureau ရုရှားမင်းရဲသိင်္ခသူ၂၀၂၀ခရုဇ်ဒုံးပျံအိန္ဒိယနိုင်ငံထံမှ လက်ခံရရှိ[၂၈]
Type-035G ၏ မျိုးကွဲType-035B အမျိုးအစား Mingအတန်းအစား ရေငုပ်သင်္ဘော[၂၉]
တရုတ်ပြည်သူ့သမ္မတနိုင်ငံမင်းရဲကျော်ထင်၂၀၂၁
  • 6 × bow torpedo tubes
  • 2 × stern torpedo tubes
တရုတ်ပြည်သူ့သမ္မတနိုင်ငံထံမှ လက်ခံရရှိ[၂၉]

Landing Platform Dock (LPD)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်တပ်တော်ဝင်သည့် ခုနှစ်မှတ်ချက်
Makassar အမျိုးအစားDae Sun Shipbuilding တောင်ကိုးရီးယား စစ်ရေယာဉ် မုတ္တမ (1501)၂၀၁၉၂၄-၁၂-၂၀၁၉ ရက်နေ့တွင် တပ်တော်ဝင်ခဲ့သည်။

ဖရီးဂိတ်စစ်ရေယာဉ်များ (Frigate)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်တပ်တော်ဝင်သည့်

ခုနှစ်

လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
ကျန်စစ်သား-အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ်



(မှတ်ချက်။ အမျိုးအစား၏ ပထမဆုံး စစ်ရေယာဉ်အမည်ကို အစွဲပြု၍ အမျိုးအစားအမည်ပေးလေ့ရှိသည်။)

ရေတပ်သင်္ဘာကျင်း
(မြန်မာနိုင်ငံ)
ဖရီးဂိတ်စစ်ရေယာဉ် ကျန်စစ်သား (12)၂၀၁၄1× Oto Melara 76 mm Super Rapid Cannonsစူပါလျင်မြန် အမြောက်မြား
AK-630 6-barrel 30 mm Close-in weapon system လက်နက်စနစ်
SA-N-5 SAM လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ( F 12 is to be fitted with TY-90)
C-802 သင်္ဘောဖျက်ဒုံး
ASW တော်ပီဒို
Rocket Launchers, possibly ASW ရေငုပ်သင်္ဘောဖျက်ဒုံးကျည် or decoy rockets
ကိုယ်ပျောက် ပုံသဏ္ဌာန်ဖြစ်သည်, ရဟတ်ယာဉ်ရုံပါဝင်သည်
ဖရီးဂိတ်စစ်ရေယာဉ် ဆင်ဖြူရှင် (14)၂၀၁၅
အောင်ဇေယျ-အမျိုးအစား ဖရီးဂိတ်စစ်ရေယာဉ် [၃၀](မှတ်ချက်။ အမျိုးအစား၏ ပထမဆုံး စစ်ရေယာဉ်အမည်ကို အစွဲပြု၍ အမျိုးအစားအမည်ပေးလေ့ရှိသည်။)ရေတပ်သင်္ဘာကျင်း
(မြန်မာနိုင်ငံ)
ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျ၂၀၀၈
1× Oto Melara 76 mm Super Rapid Cannons
4 x AK-630 6-barrel 30 mm CIWS သေနတ်များ
6 × SA-N-5 SAM လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်
8 x Kh-35E သင်္ဘောဖျက်ဒုံး
Triple 324 mm YU-7 ASW တော်ပီဒို
Rocket Launchers, possibly ASW ရေငုပ်သင်္ဘောဖျက်ဒုံးကျည် or decoy rockets
Jianghu-II Class
[Type 053H1
Hudong Shipyard
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
F21 -မဟာဗန္ဓုလ
F23 - မဟာသီဟသူရ
၂၀၁၂2 x 100 mm gun
4 x dual 37 mm AA သေနတ်များ
8 x C-802 သင်္ဘောဖျက်ဒုံး
2 x Type 81 (RBU-1200) 5-tube ASW RL (30 rockets), or 2 x Type 3200 6-tube ASW RL (36 rockets)
2 x Type 62 5-tube A/S mortar launchers
2 x depth charge (DC) racks & projector

ကော်ဗက် စစ်ရေယာဉ်များ (Corvette)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
အနော်ရထာ အမျိုးအစားရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) 771 - UMS အနော်ရထာ
772 - UMS ဘုရင့်နောင်
773 - UMS တပင်ရွှေထီး
၁၉၉၆–လက်ရှိ[၃၀]1 × Oto Melara 76 mm Super Rapid Cannons
2 × Type 58/ZPU 2 Anti-aircraft Gun
1 × Type 69/AK-230 twin-barrel 30 mm CIWS gun
4 × C-802 Surface-to-Surface Missile
2 × RBU-1200 or Type 81 ASW rocket launchers
1 helipad
773 was the latest design of the class and featured the stealth shaping. Launched on 2014 and expected to commissioned in 2016.

ကိုယ်ပျောက်အမြန်သွားတိုက်ခိုက်ရေးရေယာဉ်

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
ကိုယ်ပျောက်သင်္ဘောရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) 491 [၃၁]၂၀၁၂[၃၂]1 × AK-630 twin-barrel 30 mm CIWS gun
4 x C-802 anti-ship missile

မိုင်းရှင်း စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Creddok(AM-356) အမေရိကန်ပြည်ထောင်စု 42 - ရန်ကြီးအောင်19671x76mm Cannon
2x 40mm Bofer Anti Aircraft Gun
4xAuliGun
Hedgehog Anti Submarine Destroyer
အမေရိကန်ရေတပ် ရေယာဉ်ဟောင်း[၃၃]

ရေငုပ်သင်္ဘော တိုက်ခိုက်ရေး စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Hainan [၃၄]Dalian, Qiuxin and Huangpu Shipyard, တရုတ်ပြည်သူ့သမ္မတနိုင်ငံ
  1. 442 - စစ်ရေယာဉ် ရန်ထက်အောင်
  2. 443 - စစ်ရေယာဉ် ရန်ငြိမ်းအောင်
  3. 444 - စစ်ရေယာဉ် ရန်ခွင်းအောင်
  4. 445 - စစ်ရေယာဉ် ရန်မင်းအောင်
  5. 446 - စစ်ရေယာဉ် ရန်ရဲအောင်
  6. 447 - စစ်ရေယာဉ် ရန်ပန်းအောင်
  7. 448 - စစ်ရေယာဉ် ရန်ဝင်းအောင်
  8. 449 - စစ်ရေယာဉ် ရန်အေးအောင်
  9. 450 - စစ်ရေယာဉ် ရန်ဇွဲအောင်
၁၉၉၁၊ ၁၉၉၃2 × Type 66 - 57mm twin guns
2 × Type 87 - 25 mm twin guns
2 × Type 69 14.5 mm twin Anti-Aircraft Guns
RBU
၄၄၁၊ ရန်စစ်အောင် သည် နာဂစ်မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့သည်။[၃၅]
၁၉၉၁ ခုနှစ်တွင် ခြောက်စင်း၊ ၁၉၉၃ ခုနှစ်တွင် လေးစင်း

ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC - Missile)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Houxin class [၃၆]Qiuxin Shipyards, ရှန်ဟိုင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ 471 - မာဃ
472 - SaitTra
473 - DuWa
474 - ZeyHta
475 - ဟံသာ
476 - BanDa
၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇4 × C-802 Surface-to-Surface ဒုံးပျံ
2 × 30 mm AK 230 အလိုအလျှောက်ပစ်စက်သေနတ်
2 × Type 69 14.5 mm twin လေကြောင်းရန်ကာကွယ်ရေး သေနတ်များ
5-Series class[၃၃][၃၇]ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) 556
557
558
559
560
၂၀၀၄4 × C-802 Surface-to-Surfaceဒုံးပျံ
2 × 30 mm AK 230 အလိုအလျှောက်ပစ်စက်သေနတ်
2 × Type 69 14.5 mm twin လေကြောင်းရန်ကာကွယ်ရေး သေနတ်များ
5-Series class[၃၃][၃၇]ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) 561
562
567
568
569
570
၂၀၀၈၊ ၂၀၁၂
2 × 30 mm AK 230 အလိုအလျှောက်ပစ်စက်သေနတ်
2 × Type 69 14.5 mm twin လေကြောင်းရန်ကာကွယ်ရေး သေနတ်များ
2 x C-802A Surface to Surface Anti-ship ဒုံးပျံ

အမြောက်တင် အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ (FAC - GUN)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
5-Series class[၃၃][၃၇]ရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) 551
552
553
554
555
563
564
565
566
၁၉၉၆၊ ၂၀၁၃1 × 37 mm AA gun
2 × Type 87 - 25 mm twin guns
2 × Type 69 14.5 mm twin Anti-Aircraft Guns

ကမ်းလွန် ကင်းလှည့်စစ်ရေယာဉ်များ (Large Patrol Combatants)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Osprey Class-50[၃၃][၃၇][၃၈]Danyard A/S, Frederikshavn,  ဒိန်းမတ်၅၅ - အင်းတော်
၅၇ - အင်းလျား
၁၉၈၂1 / 40mm 60-cal. Bofors AA
2 / 20mm 70-cal. Oerlikon AA
Inle Class ရေတပ်သင်္ဘောကျင်းဌာနချုပ်၊  မြန်မာ54 - စစ်ရေယာဉ် အင်းလေး၂၀၁၇[၃၉][၃၇]Guns, ရဟတ်ယာဉ်ကွင်း

ကမ်းရိုးတန်း ကင်းလှည့်စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
PGM 43 class [၃၃][၃၄][၃၈]Marinette Marine, Wisconsin; last two by Peterson Builders, Sturgeon Bay, WI,  အမေရိကန်401
402
403
404
405
406
၁၉၅၉-၁၉၆၁1x40mm Bofor, 2 dual 20mm OA, 2x12.7mm MG
Y311 class - modified Y301[၃၃][၃၄][၃၈]ဆင်မလိုက် သင်္ဘောကျင်း Y311၁၉၆၇2x40mm Bofor, 2X20mm OAY-312 သည် နာဂစ်မုန်တိုင်းကြောင့် နစ်မြုပ်ဟု သတင်းထုတ်ပြန်[၃၅])
Y Series class[၃၃][၃၄][၃၈]Uljanik SY, Pola ယူဂိုစလားဗီးယားနိုင်ငံ 301
302
303
304
305
306
307
308
309
310
၁၉၅၇–၁၉၆၀2x40mm Bofor, 2X20mm OA

ကရူဇါ ကင်းလှည့်စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Swift class[၃၃][၃၄][၃၈]Swiftships, Vosper Naval Systems Pte Ltd, စင်ကာပူနိုင်ငံ 422
423
၁၉၈၀2 40 mm, 2 20 mm, 2 12.7 mm machine gun, Pathfinder Radar421 သည် ပင်လယ်ပြင်တွင် ပျောက်ဆုံးခဲ့

အမြန်သွား ကင်းလှည့်စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Carpentaria class[၃၃][၃၄][၃၈]ဩစတြေးလျနိုင်ငံ 112
113
114
115
116
117
[၃၃]
၁၉၇၈-၁၉၈၀MK10 AA, radar, 20mm 70cal
412 class[၃၃][၃၄][၃၈]ရေတပ် သင်္ဘောကျင်း 412
413
414
416
၁၉၈၃-၁၉၈၄2x40mm AA, 2x12.7mm machine gun415 နစ်မြုပ်ပြီး
PB-90 [၃၃][၃၄][၃၈]ယူဂိုဆလားဗီးယားနိုင်ငံ 424
425
426
၁၉၉၀M-75 AA, Radar, 2x quadruplet 20mm cal
Super Dvora Mk III-class patrol boat [၄၀]အစ္စရေးနိုင်ငံ 271
272
၂ဝ၁၇1 × Typhoon 25-30 mm stabilized cannon/Oerlikon 20 mm cannon2 × 12.7 mm machine guns

တင့်ကားတင်ကမ်းထိုး ရေယာဉ်များ (Coastal land craft mechanised)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
LCMရေတပ် အင်ဂျင်နီယာရုံ [၃၃]709
710
၁၉၆၇
LCMရေတပ် အင်ဂျင်နီယာရုံ [၄၁]1611၂၀၀၅
LCMရေတပ် အင်ဂျင်နီယာရုံ [၄၁]1612
1613
၂၀၁၃
LCMရေတပ် အင်ဂျင်နီယာရုံ [၄၂]1614
1615
၂ဝ၁၇၅၆ မီတာ
LCMရေတပ် အင်ဂျင်နီယာရုံ 1701
1702
1703
1704
1705
1706
၂ဝ၁၅Machine Gun၂၉ မီတာ
LCMရေတပ် အင်ဂျင်နီယာရုံ 1707
1708
1709
1710
1711
1712
၂ဝ၁၆Machine Gun၂၉ မီတာ
LCMရေတပ် အင်ဂျင်နီယာရုံ [၃၉]1713
1714
1715
1716
၂ဝ၁၇၂၉ မီတာ

ကမ်းထိုး ရေယာဉ်များ (Coastal Land Craft Utility)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
LCUရေတပ်သင်္ဘာကျင်း (မြန်မာနိုင်ငံ) 605[၃၃]၁၉၈၄
LCUအမေရိကန်ပြည်ထောင်စု 603[၃၃]၁၉၆၃-၁၉၆၈

ကမ်းရိုးတန်း သုတေသန စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Survey ship [၃၃][၃၄]Tito SY, Belgrade, ယူဂိုစလားဗီးယားနိုင်ငံ 801 - စစ်ရေယာဉ် သုတေသီ၁၉၆၅helipad
2 x40 mm, 2x 20 mm machine gun[၄၃]

ကမ်းရိုးတန်း ထောက်ပံ့ပို့ဆောင်ရေး စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
coastal tanker[၃၃][၃၄][၃၈]Watenabe Zosen K.K., Hakata,  ဂျပန်608၁၉၉၁မရှိ
coastal tanker[၃၃][၃၄][၃၈]Shimoda Dockyard, Shimoda,  ဂျပန်609 class၁၉၈၆မရှိ
ကမ်းရိုးတန်းထောက်ပံ့ပို့ဆောင်ရေးသင်္ဘော[၃၃][၃၄][၃၈]  ဂျာမနီ601 ပြည်တော်အေး - ၁၁၉၇၅မရှိ
ကမ်းရိုးတန်းထောက်ပံ့ပို့ဆောင်ရေးသင်္ဘော[၃၃][၃၄][၃၈]  ဂျပန်602 ပြည်တော်အေး - ၂၂၀၀၂မရှိ
ကမ်းရိုးတန်းထောက်ပံ့ပို့ဆောင်ရေးသင်္ဘော[၃၃][၃၄][၃၈]A/S Nordsovaerftet, Ringkobing,  နော်ဝေAyidawaya၁၉၉၁မရှိ
ကမ်းရိုးတန်းသယ်ယူပို့ဆောင်ရေး[၃၃][၃၄][၃၈]  မြန်မာ612
613
615
618
၁၉၉၀AA Gun
ရတနာပုံ[၃၃][၃၄][၃၈]  မြန်မာအရေးကြီးပုဂ္ဂိုလ် ပို့ဆောင်ရေး၁၉၉၀
ဆေးရုံသင်္ဘော (ရွှေပုစွန်)  မြန်မာဆေးရုံ AH-01၂၀၁၂မြစ်တွင်းသွားဆေးရုံရေယာဉ်
ဆေးရုံသင်္ဘော (သံလွင်)  မြန်မာဆေးရုံ AH-02၂၀၁၅၂၅ ခုတင်ဆံ့ ဆေးရုံသင်္ဘော
ချင်းတွင်း  မြန်မာတပ်ဖွဲ့ ပို့ဆောင်ရေး AP-01၂၀၁၆

မြစ်ချောင်းကင်းလှည့်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
PBR class  အမေရိကန်211
212
213
214
215
216
၁၉၇၈-၁၉၈၂1 × twin M2HB .50 caliber (12.7 mm) machine guns (forward in a rotating tub)
1 × single M2HB (rear)
1 or 2 × M60 7.62 mm machine gun(s) (side-mounted)
1 × 40 mm Mk 19 grenade launcher
Yan Naing class[၃၃]Doone Htay, 501
510
502
503
504
505
506
507
508
509
510
၁၉၇၀Machine Gun, OA
Michao Class[၃၃]ယူဂိုဆလားဗီးယားနိုင်ငံ 001
002
003
004
005
006
007
008
009
010
011
012
013
014
015
016
017
018
019
020
021
022
023
024
025
၁၉၆၃-၁၉၆၈2x20mm OA
PCE Class[၃၄]ရေတပ်သင်္ဘောကျင်း 217
218
219
220
၁၉၈၉machine gun, Bofor, AA၄ စင်းတည်ဆောက်ပြီး

ရေပေါ်လွန်းကျင်း စစ်ရေယာဉ်များ

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Floating dry dock  တရုတ်F001[၄၁]၂၀၁၃
Floating dry dock  မြန်မာFD02 - Saya Shan[၄၁]2018မင်းတုန်းမင်းလက်ထက်က ရေနွေးငွေ့စက် တပ်ဆင်ထား သော ပထမဦးဆုံး တိုက်သင်္ဘောအား တည်ဆောက်ပေးနိုင်ခဲ့သည့် မြန်မာလက်သမားဆရာ ဆရာရှမ်းကို ဂုဏ်ပြုသော အားဖြင့် ရေပေါ်လွန်းကျင်း(ဆရာရှမ်း)ဟု အမည်ပေးထား

မောင်းသူမဲ့ ရေယာဉ်များ - USV

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
Unmanned Surface Vehicle  မြန်မာ၂၀၁၄၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်၊ ၆၇ နှစ်မြောက်ရေတပ်အခမ်းအနားတွင် ပြသ [၄၄]

ရေတပ်လေကြောင်း (Naval aviation)

အမျိုးအစားတည်ဆောက်သူနံပါတ်စဉ်စတင်အသုံးပြုသောနှစ်လက်နက်တပ်ဆင်ထားခြင်းမှတ်ချက်
ATR 42 ရေကြောင်းထောက်လှမ်းရေး လေယာဉ်  ပြင်သစ်၂၀၁၅[၄၅]၁ စင်း
Britten-Norman BN-2 Islander ရေကြောင်းထောက်လှမ်းရေး လေယာဉ်  ယူနိုက်တက်ကင်းဒမ်း၅ စင်း
Eurocopter AS365 Dauphin ရေတပ်သုံး ရဟတ်ယာဉ်  ပြင်သစ်၂၀၁၅၅ စင်း

အခြားလေ့လာရန်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ