တာဘိုင် ရဟတ်စက်

ရေနွေးငွေ့တာဘိုင်စက်ကို ဖွင့်ထားစဉ် မြင်ရပုံ

တာဗိုင်ရဟက်စက်

လျှပ်စစ်ဓာတ်မီး ထွန်းညှိခြင်း၊ ကြေးနန်းဆက်သွယ်ခြင်းစသည့် လုပ်ငန်းတို့အတွက် လျှပ်စစ်ဓာတ်ကို ဓာတ်အားပေးစက်ရုံကြီးများမှရကြောင်းကို သိကြပေလိမ့်မည်။ [၁]

အချို့ဓာတ်အားပေးစက်များသည် ရေအားကို အသုံးပြု၍ တည်ထားသောစက်များ ဖြစ်ကြသည်။ ထိုစက်တို့တွင် လုပ်အား(ပါဝါ)ကို ရေအားမှရကြသည်။

ရေအားမှ လုပ်အားကိုယူရာ၌ တာဗိုင်ရဟတ်စက်သည် အရေးအကြီးဆုံးဖြစ်၏။ တာဗိုင်ရဟတ်စက်တွင် ရေရဟက်စက်၊ ရေနွေးငွေ့ရဟက်စက်၊ လေရဟက်စက်ဟူ၍ သုံးမျိုးရှိသည်။ ထိုရဟတ်တို့မှ လုပ်အားသည် ထိုအငွေ့ အရည်တို့၏ အဟုန်ကို အမှီပြု၍ဖြစ်သည်။

တာဗိုင် ရဟတ်စက်သည် ဘီးတစ်ခုသာဖြစ်၍ ဘီး၏ အနားကွပ်တွင် ဒလက်များကို တပ်ဆင်ထားသည်။ ရေတံခွန်မှ ကျလာသောရေ သို့မဟုတ် ကျဉ်းမြောင်းသောအပေါက်မှအရှိန်ပြင်းစွာနှင့် ထိုးထွက်လာသောရေသည် ဘီး၏ဒလက် များနှင့် တိုက်မိသောအခါ ဘီးသည် ရေ၏တွန်းအားကြောင့် အရှိန်ပြင်းစွာ လည်သည်။ ရဟတ်ကို ဒိုင်နမိုနှင့် ဝင်ရိုးတိုင် ချင်း ဆက်သွယ်ထားသဖြင့် ရဟတ်လည်သောအခါတွင် ဒိုင်နမိုလည်း လိုက်၍လည်သည်။ ထို့ကြောင့် ဒိုင်နမိုမှ လျှပ်စစ်စွမ်းအင် ထွက်လာခြင်းဖြစ်သည်။ ထိုသို့ရဟတ်ဘီးကြီးတစ်ခု တည်းနှင့် ဒိုင်နမိုကို လှည့်ယူသည့်စနစ်အပြင် ရေပန်းပြွန်တွင်း၌ ရဟတ်အများအပြားကို ဝင်ရိုးတိုင် တစ်ခုတည်းနှင့် ဆက်သွယ်ထား၍ ဒိုင်နမိုကို လှည့်ယူသည့်စနစ်မျိုးလည်း ရှိသေးသည်။ ဒုတိယစနစ်မှ ဒလက်များသည် ပထမစနစ်မှဒလက်များလောက် လျင်မြန်စွာ မလည်နိုင်သော်လည်း မှန်မှန်နှင့် ကြီးမားညီမျှသော လုပ်အားကို ဖြစ်စေနိုင်သည်။

ရေနွေးငွေ့ တာဗိုင်ရဟတ်စက်မျိုးကို ရေအားမရနိုင်သော အရပ်များ၌ ဓာတ်အားပေးစက်ရုံများအတွက် အသုံးပြုကြသည်။ အပူကြောင့် ရေဘဝမှ ရေနွေးငွေ့ဘဝသို့ ပြောင်းလဲလာသောရေနွေးငွေ့သည် အရွယ်ထု ကြီးလာသည်။ ထိုရေနွေးငွေ့ကို ထုတ်လွှတ်ပေးလျှင် အဟုန်ပြင်းစွာနှင့် ထိုးထွက်လာကာ ရဟတ်များကို အလွန်ကြီးမားသော မြန်ရှိန်နှင့် လည်ပတ်စေနိုင်သည်။

ရေနွေးငွေ့တာဗိုင်ရဟတ်စက်ကို မီးသင်္ဘော၌အသုံးပြုသောအခါတွင် မလည်နိုင်သောကြောင့် ရဟတ်နှင့် ပန်ကာစက်တို့ကြားတွင် အရှိန်လျှော့မောင်းများကိုတပ်ဆင်ထားရလေသည်။ ယခုအခါ အချို့ပင်လယ်ကူးသင်္ဘောကြီးများကိုလျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်းကြပြီဖြစ်သည်။ ထိုသင်္ဘောကြီးများတွင် တာဗိုင်ရဟတ်စက်ဖြင့် လျှပ်စစ်လုပ် စက်များကို လည်စေပြီးလျှင် ထိုစက်တို့မှ မိုတာစက်သို့ လျှပ်စစ်ဓာတ်အားပေးသွင်း၍ မိုတာစက်များကို လည်စေသည်။[၂]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ