တိုက်လေယာဉ်

လေကြောင်းတိုက်ခိုက်ရေးအတွက် စစ်သုံးလေယာဥ်

တိုက်လေယာဉ်ပျံများ သည် စစ်ဘက်သုံး လေယာဉ်ပျံများ ဖြစ်ကြပြီး အခြား လေယာဉ်များကို တိုက်ခိုက်ရန်နှင့် မြေပြင် ၊ ရေပြင်များသို့ တိုက်ခိုက် ဗုံးကြဲ ရန်အတွက် လက်နက်မျိုးစုံ တပ်ဆင်ထားသည့် လေယာဉ်အမျိုးအစားများ ပါဝင်ကြသည်။ အဓိကအားဖြင့် ကြားဖြတ်တိုက်လေယာဉ်များ ၊ လေကြောင်းစိုးမိုးရေး လေယာဉ်များ ၊ ဘက်စုံသုံး တိုက်လေယာဉ်များ ပါဝင်ကြသည်။

တိုက်လေယာဉ်ပျံများ

သမိုင်းကြောင်း

ပထမ ကမ္ဘာစစ် ကတည်းက လေယာဉ်များကို စစ်ပွဲတွင် အကဲကြည့်ရန် အသုံးပြုခဲ့ကြသော်လည်း လက်နက် တပ်ဆင်ထားသော တိုက်လေယာဉ်များကိုမူ ဒုတိယ ကမ္ဘာစစ်မှ စတင် အသုံးပြုခဲ့ကြသည်။

ပထမ ကမ္ဘာစစ်

ပထမ ကမ္ဘာစစ် နာမည်ကျော် Fokker Dr.I လေယာဉ်
ပထမ ကမ္ဘာစစ် နာမည်ကျော် တိုက်လေယာဉ်များ

အမျိုးအစားထုတ်လုပ်သည့် ခုနှစ်နိုင်ငံ
Vickers F.B.5

၁၉၁၅ ဗြိတိသျှ
Fokker Eindecker၁၉၁၅  ဂျာမနီ
Nieuport 11၁၉၁၅  ပြင်သစ်
Airco DH-2၁၉၁၅ ဗြိတိသျှ
Albatros D.III၁၉၁၆  ဂျာမနီ
Nieuport 17၁၉၁၆  ပြင်သစ်
Fokker Dr.I၁၉၁၇  ဂျာမနီ
SPAD S.XIII၁၉၁၇  ပြင်သစ်
Nieuport 28၁၉၁၇  ပြင်သစ်
Sopwith Camel၁၉၁၇ ဗြိတိသျှ
Royal Aircraft Factory S.E.5၁၉၁၇ ဗြိတိသျှ
Fokker D.VII၁၉၁၈  ဂျာမနီ
Sopwith Snipe၁၉၁၈ ဗြိတိသျှ

ဒုတိယ ကမ္ဘာစစ်

ဂျပန်တို့၏ နာမည်ကျော် ဇီးရိုးတိုက်လေယာဉ်
အင်္ဂလိပ် ဟာရီကိန်းတိုက်လေယာဉ်
ဗြိတိန်နိုင်ငံလုပ် Supermarine Spitfire
ဒုတိယ ကမ္ဘာစစ် နာမည်ကျော် တိုက်လေယာဉ်များ

နိုင်ငံအမျိုးအစား
 ဩစတြေးလျCAC Boomerang
 ပြင်သစ်Bloch MB.150
Dewoitine D.520
Morane-Saulnier M.S.406
ဖင်လန်VL Myrsky
 အီတလီMacchi C.200
Macchi C.202
Macchi C.205
Fiat G.55
Fiat G.50
Reggiane Re 2000
Reggiane Re 2001
Reggiane Re 2005
 ဂျပန်Kawanishi N1K-J
Nakajima Ki-27
Nakajima Ki-43
Nakajima Ki-44
Nakajima Ki-84
Kawasaki Ki-61
Kawasaki Ki-100
Mitsubishi A6M Zero
Mitsubishi J2M
 ဂျာမနီ (နာဇီ)Messerschmitt Bf 109
Messerschmitt Bf 110
Messerschmitt Me 210
Junkers Ju 88
Focke-Wulf Fw 190
Heinkel He 100
Heinkel He 112
 ပိုလန်PZL P.24
 ရိုမေးနီးယားIAR-80
 ဆွီဒင်Saab 21
FFVS J 22
 ဆိုဗီယက်ယူနီယံYakovlev Yak-1
Yakovlev Yak-3
Yakovlev Yak-9
Lavochkin LaGG-3
Lavochkin La-5
Lavochkin La-7 'Fin'
Mikoyan-Gurevich MiG-3
 ယူနိုက်တက်ကင်းဒမ်းSupermarine Spitfire
Hawker Hurricane
Hawker Typhoon
Hawker Tempest
De Havilland Mosquito
Gloster Meteor
Boulton Paul Defiant
Hawker Sea Fury
 အမေရိကန်Grumman F4F Wildcat
Vought F4U Corsair
Grumman F6F Hellcat
Curtiss P-36 Hawk
Lockheed P-38 Lightning
Bell P-39 Airacobra
Curtiss P-40 Warhawk
Republic P-47 Thunderbolt
North American P-51 Mustang
Bell P-63 Kingcobra

ဒုတိယ မျိုးဆက် တိုက်လေယာဉ်များ

ဒုတိယမျိုးဆက် တိုက်လေယာဉ်များတွင် ဒုတိယ ကမ္ဘာစစ်သုံး တိုက်လေယာဉ်များထက် အဆင့်ပိုမြင့်သော နည်းပညာများ အသုံးပြုထားပြီး ဂျက်အင်ဂျင်များ တပ်ဆင်လာကြသည်။ ပဲ့ထိန်း ဒုံးကျည်များ တပ်ဆင်လာကြပြီး မျက်မြင်လွန် အကွာအဝေးရှိ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်ရန် ရေဒါကို အသုံးပြုလာကြသည်။ ဤမျိုးဆက် တိုက်လေယာဉ်များသည် လှုပ်ရှား စစ်ကစားနိုင်စွမ်း မြင့်မားကြပြီး အဖျက်စွမ်းပကားလည်း ကြီးမားလာကြသည်။

အမေရိကန်၏ F -100 တိုက်လေယာဉ်
ရုရှ၏ MiG-21 တိုက်လေယာဉ်

ဤမျိုးဆက်အတွင်း ထင်ရှားသော တိုက်လေယာဉ်များမှာ

တတိယမျိုးဆက် တိုက်လေယာဉ်များ

လေကြောင်းနှင့် အာကာသ နည်းပညာများ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ဒုတိယ မျိုးဆက် တိုက်လေယာဉ်များကို အဆင့်မြှင့်ကာ တတိယ မျိုးဆက် တိုက်လေယာဉ်များ ပေါ်ထွန်းလာကြသည်။ အလိုအလျောက် ပဲထိန်း လက်နက်များ ၊ ပြောင်းမျိုးစုံ ပါဝင်သည့် စက်သေနတ်များ ၊ အဆင့်မြင့် ရေဒါနှင့် လေကြောင်းထိန်း စနစ်များ တပ်ဆင်လာကြသည်။ တိုက်လေယာဉ် တစ်စီး၏ သယ်ဆောင်နိုင်သော လက်နက်ပမာဏသည်လည်း ဒုတိယ ကမ္ဘာစစ်က အကြီးစား ဗုံးကြဲလေယာဉ် တစ်စီး သယ်ဆောင်နိုင်သည့် ပမာဏထက်ပင် ပိုမိုလာကြသည်။ တန်ဖိုးမြင့် အဖျက်စွမ်းအားကြီး လက်နက်များ သယ်ဆောင်နိုင်လာကြသည်။ အဏုမြူ လက်နက်များလည်း သယ်ဆောင် ပစ်ခတ်နိုင်လာကြသည်။

အမေရိကန်၏ F -4 တိုက်လေယာဉ်
ရုရှ၏ MiG-25 တိုက်လေယာဉ်
Mirage III တိုက်လေယာဉ်

ဤမျိုးဆက်၏ ထင်ရှားသော တိုက်လေယာဉ်များမှာ

စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ

၁၉၇ဝ မှ ၂၀၀ဝ ပြည့်နှစ်များအတွင်း တတိယ မျိုးဆက် တိုက်လေယာဉ်များထက် အစွမ်းထက်မြက်သော တိုက်လေယာဉ်များကို ထုတ်လုပ်လာကြပြီး လေကြောင်း အရေးသာမှု ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလာကြသည်။ လေယာဉ်များ လေထဲတက်နိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်ချိန်ကို လျှော့ချနိုင်လာ၍ ဝေဟင်ဆီဖြည့်စနစ်ကိုလည်း ဆောင်ရွက်နိုင်လာကြသည်။ ထို့ကြောင့် လေထဲတွင် နေနိုင်ချိန် (Endurance) ပိုမိုလာကြပြီး လေကြောင်း အကဲသာမှု ပိုမိုလာကြသည်။ နေ့ညမရွေး / ရာသီမရွေး တိုက်ပွဲဝင်နိုင်လာကြသည်။

ဤမျိုးဆက်၏ ထင်ရှားသော တိုက်လေယာဉ်များမှာ -

ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ

အမေရိကန်၏ F -22 တိုက်လေယာဉ်

ပဉ္စမ မျိုးဆက် တိုက်လေယာဉ်များတွင် thrust vectoring နည်းပညာ ဖွံ့ဖြိုးလာ၍ လေယာဉ်များအနေဖြင့် ရဟတ်ယာဉ် များကဲ့သို့ တည့်တည့် တက်/ဆင်း လာနိုင်ကြသည်။ After Burner မလိုအပ်တော့ပဲ သာမန် ပျံသန်းနေချိန်တွင်ပင် အသံထက်မြန်သော နှုန်းဖြင့် ပျံသန်းနိုင်လာကြသည်။ လေယာဉ်ကိုယ်ထည်ကို သတ္တုစပ်အမျိုးမျိုး အသုံးပြု၍ ရေဒါ ဖြင့် မမြင်နိုင်သော ကိုယ်ပျောက် နည်းပညာ ပေါ်ထွန်းလာခဲ့သည်။ အဆင့်မြင့် လေကြောင်း နည်းပညာများ အသုံးပြုလာ၍ တိုက်ပွဲဝင်နေစဉ်အတွင်း လေယာဉ်မောင်း (ပိုင်းလော့) အား တိုက်ပွဲတွင်သာ ပိုမိုအာရုံစူးစိုက်လာစေနိုင်သည်။ လေယာဉ်မောင်း ဦးထုတ်တွင် ချိန်ခွက် တပ်ဆင်အသုံးပြုနိုင်လာ၍ ပစ်မှတ် ချိန်ရွယ်မှုစနစ် ပိုမိုကောင်းမွန်လာသည်။ ဤမျိုးဆက်တွင် သိသာထင်ရှားသော ပြောင်းလဲမှုမှာ ကိုယ်ပျောက် နည်းပညာပင် ဖြစ်သည်။

ထင်ရှားသော တိုက်လေယာဉ်များမှာ -

ကိုးကား

  • Coox, Alvin D. Nomonhan: Japan Against Russia, 1939. Two volumes; 1985, Stanford University Press. ISBN 0-8047-1160-7.
  • Eden, Paul (General Editor). The Encyclopedia of Aircraft of WWII. London: Amber Books, Ltd, 2004. ISBN 1-904687-07-5.
  • Ireland, Bernard and Eric Grove. Jane's War at Sea. UK: Harper Collins Publishers, 1997. ISBN 0-00-472065-2.

ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ