တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

မြန်မာနိုင်ငံ​ရေးပါတီ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party; အတိုကောက် တစည) ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၂၄ရက်နေ့တွင် အမည်‌ပြောင်းခဲ့ခြင်းဖြစ်ပြီး[၃][၄] လမ်းစဉ်ပါတီ၏ အမွေကိုဆက်ခံယူထားသော ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[၇] တစညပါတီအနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးရှိတဲ့ မြို့နယ်ပေါင်း ၂၉၀ ရှိသည်။ ၂၀၁ဝမှာပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်။[၈] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ သာကျော်၊ ဦး နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် ပါတီဥက္ကဋ္ဌမှာ ဦးဟန်ရွှေဖြစ်သည်။[၁]

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်National Unity Party
နာယကဦးဟန်ရွှေ[၁][၂]
အထွေထွေ အတွင်းရေးမှူးဦးထွန်းရီ[၁]
ဒုတိယဥက္ကဋ္ဌဦးသိန်းထွန်း[၁]
တွဲဖက်အတွင်းရေးမှူးများဦးနေဝင်း နှင့် ဦးညွန့်တင်[၁]
တည်ထောင်ခြင်း၂၄ စက်တင်ဘာ ၁၉၈၈ (၂၄ စက်တင်ဘာ ၁၉၈၈)[၃][၄]
ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဌာနချုပ်အမှတ်၂၄၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့
သတင်းစာတိုင်းရင်းသား သတင်းဂျာနယ်
အဖွဲ့ဝင်၅၀၀,၀၀၀[၅]
နိုင်ငံရေး သဘောတရားဆိုရှယ်လစ်ဝါဒ
ရပ်တည်ချက်အလယ်-လက်ဝဲ
အရောင်  မိုးပြာရောင်[၆]
အမျိုးသားလွှတ်တော် အမတ်နေရာ
၁ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ
ယခင်အလံ(၁၉၈၈-၂၀၁၆)

၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ်(၁၀)နေရာ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -

  1. တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီ
  2. အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ
  3. လူငယ်စည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဝင်ရောက်အရွေးခံခဲ့သည်။ ဒါပေမဲ့ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်တနေရာမှာပဲ အနိုင်ရခဲ့သည်။[၉]

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ကိုယ်စားလှယ်လောင်း ၄၀၀‌ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့  တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီ တာဝန်ရှိသူတွေက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည်မဟုတ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြားသည်။[၁၀][၁၁]

ရွေးကောက်ပွဲ ရလဒ်များ

အမျိုးသားလွှတ်တော်

ရွေးကောက်ပွဲအနိုင်ရနေရာ စုစုပေါင်းမဲစုစုပေါင်းShare of votesရွေးကောက်ပွဲ ရလဒ်ခေါင်းဆောင်သူ
၂၀၁၀
၅ / ၂၂၄
၄,၃၀၂,၀၈၂ ၅; Oppositionဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၅ / ၂၂၄
; Oppositionဦးထွန်းရီ
၂၀၁၅
၁ / ၂၂၄
၄; Oppositionဦးသန်းတင်

ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲအနိုင်ရနေရာ စုစုပေါင်းမဲစုစုပေါင်းShare of votesရွေးကောက်ပွဲ ရလဒ်ခေါင်းဆောင်သူ
၁၉၉၀
၁၀ / ၄၉၂
၂,၈၀၅,၅၂၁.၂% ၁၀; not recognisedဦးသာကျော်
၂၀၁၀
၁၂ / ၄၄၀
၄,၀၆၀,၈၀၂၁၉.၄၄% ၂; Oppositionဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၁၂ / ၄၄၀
; Oppositionဦးထွန်းရီ
၂၀၁၅
၀ / ၄၄၀
၁၂; Extra-parliamentary Oppositionဦးသန်းတင်

ကြားဖြတ်ရွေးကောက်ပွဲ

ရွေးကောက်ပွဲSeats up for electionSeats contested by partyContested seats wonContested seats lostမဲစုစုပေါင်းShare of votesရွေးကောက်ပွဲ ရလဒ်
၂၀၁၂၃၇ (ပြည်သူ့) / ၅ (အမျိုးသား)၂၈ (ပြည်သူ့) / ၄ (အမျိုးသား)၀ (ပြည်သူ့) / ၀ (အမျိုးသား)၃၇ (ပြည်သူ့) / ၄ (အမျိုးသား)no seat gain or lost

ပါတီမူဝါဒ

လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္ဈိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး။[၈]

ဖွဲ့စည်းပုံ

  • ဥက္ကဋ္ဌ - ဦးဟန်ရွှေ‌[၁]
  • ဒုတိယဥက္ကဋ္ဌ - ဦးသိန်းထွန်း[၁]
  • အထွေထွေအတွင်းရေးမှူး - ဦးထွန်းရီ[၁]
  • တွဲဖက်အတွင်းရေးမှူးများ - ဦးနေဝင်း နှင့် ဦးညွန့်တင် [၁]
  • ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်များ
  • ဌာနကြီးမှူးများ
  • ဖွဲ့စည်းပုံအဆင့်ဆင့်
  • ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
  1. အမျိုးသားလွှတ်တော်
  2. ပြည့်သူ့လွှတ်တော်
  3. ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
  • ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၄-၉-၈၈
  • ပါတီအဖြစ်ဆက်လက်မှတ်ပုံတင် - ၂၅-၃-၂၀၁၀
  • ပါတီမှတ်ပုံတင်ခွင့်ရရက် - ၂၉-၄-၂၀၁၀
  • ၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီ

ဆက်လေ့လာရန်

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ