ဒယ်လ်တာ လေကြောင်းလိုင်း

အမေရိကန်ပြည်ထောင်စုရှိ လေကြောင်းလိုင်း

ဒယ်လ်တာ လေကြောင်းလိုင်း (အင်္ဂလိပ်: Delta Air Lines) သည် အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သော လေကြောင်းလိုင်းကြီးတစ်ခုဖြစ်ပြီး ဌာနချုပ်မှာ ဂျော်ဂျီယာပြည်နယ် ကောလိပ်ပတ်ခ်တွင် တည်ရှိသည်။ ထိုလေကြောင်းလိုင်းသည် ပြည်တွင်းနှင့် ပြည်ပ လေကြောင်း ခရီးစဉ်များကို ပြေးဆွဲလျက် ရှိပြီး အန္တာတိကတိုက်မှ လွဲ၍ အခြားတိုက်ကြီးများသို့ ပြေးဆွဲနေသော နိုင်ငံတကာ ကွန်ယက်များ ရှိသည်။ ဒယ်လ်တာ နှင့် ၎င်း၏ ကုမ္ပဏီခွဲများမှ တစ်နေ့လျှင် ခရီးစဉ်ပေါင်း ၄၀၀၀ ကျော် ပြေးဆွဲလျက် ရှိသည်။ လေကြောင်းလိုင်း၏ ဌာနချုပ် ဖြစ်သော ဟတ်ဒ်ဖီး-ဂျက်ဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖြစ်ပြီး ၁၉၉၉ ခုမှစ၍ ခရီးသည် အရေအတွက် နှင့် အတက်အဆင်း အများဆုံး စာရင်းဇယားဖြင့် ကြည့်လျှင် ကမ္ဘာပေါ်တွင် အလုပ်အများဆုံး လေဆိပ်ဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည်ပေါင်း ၈၈ သန်းကျော် ဝင်ထွက် သွားလာလျက် ရှိသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဒယ်လ်တာ လေကြောင်းလိုင်း ရှိနေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ဒယ်လ်တာသည် စကိုင်းတင်းမ် အလိုင်းယင့်ကို စတင်တည်ထောင်သူများတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

Delta Air Lines, Inc.
IATAICAOCallsign
DLDALDELTA
တည်ထောင်မေ ၃၀၊ ၁၉၂၄; ၉၉ နှစ် အကြာက (၁၉၂၄-၀၅-30)
(Huff Daland Dusters အမည်ဖြင့်)
Macon, Georgia, U.S.[၁]
စတင်ပျံသန်းဇွန် ၁၇၊ ၁၉၂၉ (၁၉၂၉-၀၆-၁၇)[၂]
AOC #DALA026A[၃]
မိခင်ဌာန
  • အမ်စတာဒမ် (operated by Air France-KLM)[၄]
  • ဘော်စတွန်[၅]
  • ပါရီ (operated by Air France-KLM)[၆]
  • စင်စင်နာတီ[၅]
  • ဒက်ထရွိုက်[၇]
  • အတ္တလန်တာ[၈]
  • နယူးယောက်–ဂျေအက်ဖ်ကေ [၉]
  • နယူးယောက်–အယ်လ်ဂျီအေ [၉]
  • လော့စ်အိန်ဂျယ်လိစ်[၁၀]
  • မင်နီယားပိုးလစ်[၁၁]
  • တိုကျို–နာရိတ [၁၂]
  • ဆော့တ်လိတ် စီးတီး[၁၃]
  • ဆီအက်တယ်[၁၄]
ပြေးဆွဲသည့် မြို့များ
ဖောက်သည်အစီအစဉ်SkyMiles[၁၆]
မိတ်ဖက်SkyTeam[၁၆]
ပူးပေါင်းကုမ္ပဏီ
လေယာဉ်ပေါင်း၈၅၆ (mainline only)[၁၉]
ပျံသန်းဌာနေပေါင်း၃၁၉[၂၀]
ဆောင်ပုဒ်"Building a better airline, not just a bigger one"
"Keep Climbing"
မိခင်ကုမ္ပဏီBerkshire Hathaway Investment Management (8.21%)[၂၁]
Traded asNYSE: DAL
DJTA Component
S&P 500 Component
ဌာနချုပ်အတ္တလန္တာမြို့၊ ဂျော်ဂျီယာပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
အရေးပါသူများ
အမြတ်အစွန်းDecrease US$ ၃၉.၆၃၉ ဘီလီယံ (၂၀၁၆)
ဝင်ငွေDecrease US$ ၆.၉၅၂ ဘီလီယံ (၂၀၁၆)[၂၄]
အသားတင်ဝင်ငွေDecrease US$ ၄.၃၇၃ ဘီလီယံ (၂၀၁၆)
ရင်းနှီးမြှုပ်နှံမှုများDecrease US$ ၅၁.၂၅၆ ဘီလီယံ (၂၀၁၆)
ပိုင်ဆိုင်မှုအားလုံးIncrease US$ ၁၂.၂၆၃ ဘီလီယံ (၂၀၁၆)
ဝန်ထမ်း၈၀,၀၀၀ (၂၀၁၅)
ဝက်ဘ်ဆိုဒ်delta.com

၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၉ တွင် ဒယ်လ်တာသည် နော့သ်ဝက်စ် လေကြောင်းလိုင်းနှင့် ပေါင်းစပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး လေကြောင်းလိုင်း ဖြစ်လာခဲ့သည်။ ဒယ်လ်တာသည် ပြိုင်ဘက်ဖြစ်သော ယူနိုက်တက် လေကြောင်းလိုင်း နှင့် ကွန်တီနင်တယ် လေကြောင်းလိုင်းတို့ ပေါင်းစပ်ထားသည့် လေကြောင်းလိုင်းမှ လေကြောင်းလိုင်းတစ်ခုတည်း အဖြစ် ပျံသန်းခွင့် ရသည့် အချိန်အထိ အကြီးဆုံး လေကြောင်းလိုင်း အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ