ဒီဃနိကာယ်

ရှည်လျားသောသုတ်များအစု

ဒီဃသည် ရှည်သောဟု အဓိပ္ပာယ်ရသည်။ ဒီဃနိကာယသည် ရှည်လျားသော သုတ် (၃၄)သုတ်ကို စုပေါင်းထားသော နိကာယ်ဖြစ်၏။ ဒီဃနိကာယ၌ အစုဟု အဓိပ္ပာယ်ထွက်သော ဝဂ္ဂအားဖြစ် သုံးဝဂ်ခွဲခြားထားသည်။ ၎င်းတို့မှာ သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂ ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် သုတ်သုံးကျမ်းဟူ၍လည်း ထင်ရှားသည်။ သီလက္ခန္ဓဝဂ္ဂတွင် ၁၃ သုတ်၊ မဟာဝဂ္ဂတွင် ၁၀ သုတ်၊ ပါထိကဝဂ္ဂတွင် ၁၁ သုတ် ပါဝင်သည်။ ဒီဃနိကာယကျမ်းတွင် ဒိဋ္ဌိ (၆၂)ပါး၊ ဘုရားရှင်နှင့် စင်ပြိုင်ဝါဒ ထူထောင်ခဲ့ကြေသာ တိတ္ထိဂိုဏ်းဆရာကြီး (၆) ဦးတို့၏ ဝါဒရေးရာနှင့် ရဟန်းဖြစ်ခြင်းအကျိုးတရားများ၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံခန်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မမူမီအခြေအနေများ၊ ကမ္ဘာ့ဖြစ်ပုံ၊ ပျက်ပုံ အယူအဆများ၊ အိမ်ရာတည်ထောင်ထားသော လောကီလူသားများအတွက် ပေါင်းသင်းဆက်ဆံရေး လူ့ကျင့်ဝတ်တရားများ ပါဝင်သည်။ ထင်ရှားသော သတိပဋ္ဌာန်သုတ်သည် ဒီဃနိကာယတွင် ပါဝင်သည်။ [၁]

အစုများ ခွဲခြားပုံ

ဒီဃနိကာယ (ရှည်လျားသော ဒေသနာများ အစု)၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို ဝဂ္ဂဟုခေါ်သည်။ ဝဂ္ဂဟူသော ပါဠိစကား၏ အဓိပ္ပာယ်မှာ အစုဟုပင် ဖြစ်သည်။ မြန်မာအခေါ်အားဖြင့် ဝဂ် ဟုခေါ်သည်။

ထို ဝဂ္ဂ သုံးခု သို့ သုံး ကျမ်းတို့မှာ

  1. သီလက္ခန္ဓဝဂ္ဂ ပါဋ္ဌိတော် (သီလက္ခန္ဓဝဂ်) (ဒေသနာ ၁၃ ပုဒ်)
  2. မဟာဝဂ္ဂ ပါဋ္ဌိတော် (မဟာဝဂ်) (ဒေသနာ ၁၀ ပုဒ်)
  3. ပါထိကဝဂ္ဂ ပါဋ္ဌိတော် (ပါထိယျဝဂ်) (ဒေသနာ ၁၁) တို့ ဖြစ်သည်။[၂]

သီလက္ခန္ဓဝဂ်

မဟာဝဂ်

ပါထိကဝဂ်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ