ဒေတာစင်တာ

ဒေတာ စင်တာ ဆိုသည်မှာ ကွန်ပျူတာစနစ်များ နှင့် ၎င်းတို့နှင့် ဆက်စပ်နေသာ စနစ်များဖြစ်သည့် ဆက်သွယ်ရေး စနစ်များ နှင့် အချက်အလက်များအား သိုမှီးသိမ်းဆည်းသည့် စနစ်များကို ထားရှိရာ အဆောက်အဦးတစ်ခု ဖြစ်သည်။ ယေဘုယျအားဖြင့် အပို သို့မဟုတ် အရေးပေါ်သုံး ဓာတ်အားပေးစနစ်များ၊ အချက်အလက် ဆက်သွယ်ရေး ချိတ်ဆက်မှု အပိုများ နှင့် ပတ်ဝန်းကျင် ထိန်းညှိရေးစနစ် (ဥပမာ လေညှိခြင်း နှင့် မီးသတ်ခြင်း စနစ်များ)၊ အမျိုးမျိုးသော လုံခြုံရေး ကိရိယာများ တပ်ဆင်ထားလေ့ ရှိသည်။ လုပ်ငန်းသုံး အဆင့်လည်ပတ်နေသော ကြီးမားသည့် ဒေတာစင်တာများသည် မြို့ငယ်တစ်မြို့စာမျှ လျှပ်စစ်ဓာတ်အားကို အသုံးပြုလေ့ ရှိကြသည်။ [၁][၂]

လုပ်ငန်းလည်ပတ်သူ အင်ဂျင်နီယာ တစ်ဦးမှ ဒေတာစင်တာ၏ ကွန်ယက်လည်ပတ်မှု စောင့်ကြည့်ခန်းမှ စောင့်ကြပ်ကြည့်ရှုနေစဉ်

ယနေ့ခေတ် ဒေတာစင်တာများ လိုအပ်ခြင်း

ဒေတာစင်တာ၏ တစ်နေရာတွင် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ထားသည့် စင်များကို တွေ့မြင်ရစဉ်

အိုင်တီ လုပ်ငန်းလည်ပတ်မှုသည် ကမ္ဘာတဝှမ်းရှိ အဖွဲ့အစည်းအများစု၏ လုပ်ငန်းလည်ပတ်မှုတွင် အရေးပါသော ထောင့်တစ်နေရာမှ ပါဝင်သည်။ ကုမ္ပဏီများအတွက် အဓိက အရေးထားသော အချက်မှာ လုပ်ငန်းစဉ်ဆက်မပြတ် လည်ပတ်နိုင်စေရေးပင် ဖြစ်သည်။ ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ သတင်းအချက်အလက် စနစ်အား လုပ်ငန်းလည်ပတ်ရန် အတွက် မှီခိုအားထားကြသည်။ အကယ်၍ ထိုစနစ် မရှိပါက ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှု နှောင့်နှေး သွားမည် သို့မဟုတ် လုံးဝရပ်တန့်သွားမည် ဖြစ်သည်။ ထို့အတွက်ကြောင့် အိုင်တီ လုပ်ငန်းလည်ပတ်မှု အတွက် အားကိုးရသော အခြေခံအဆောက်အအုံ တစ်ခု ပံပိုးပေးနိုင်ရန် လိုအပ်ပြီး သို့မှာသာ အနှောင့်အယှက်ဖြစ်နိုင်သော အခွင့်အလမ်း အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။။ သတင်းအချက်အလက် လုံခြုံရေးသည်လည်း အခြား အရေးပါသော အချက်ဖြစ်ပြီး ထို့အတွက်ကြောင့် ဒေတာစင်တာများသည် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး လုံခြုံရေး ကျိုးပေါက်မှုအတွက် ဖြစ်နိုင်ခြေ အခွင့်အလမ်းကို အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးကြသည်။ ထို့အတွက်ကြောင် ဒေတာစင်တာများသည် ၎င်းတို့အတွင်း ထားရှိသော ကွန်ပျူတာစနစ်တို့၏ ပတ်ဝန်းကျင်ကို ဖြူစင်ရန် နှင့် အလုပ်လုပ်နိုင်စေရန် အတွက် စံနှုန်းမြင့်မားစွာ ထားရှိပေးရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် အတွက် စက်ပိုင်းဆိုင်ရာ အအေးပေးစနစ်များ နှင့် ဓာတ်အားပေးစနစ်များ (အရေးပေါ်သုံး အရန်မီးစက် အပါအဝင်)ကို အပိုထားရှိပေးခြင်းသာမက ဖိုင်ဘာဆက်ကြောင်း အပိုများကို လည်း အသုံးပြုထာလေ့ ရှိကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ