နယူးယောက်တိုင်းစ်

နယူးယောက်တိုင်းစ် (အင်္ဂလိပ်: the New York Times, N.Y.T. or N.Y. Times) သည် နယူးယောက်မြို့တွင် အခြေစိုက်သည့် အမေရိကန် နေ့စဉ်သတင်းစာဖြစ်သည်။[၇][၈] ၁၈၅၁ တွင်တည်ထောင်ခဲ့သော ဤသတင်းစာသည် ပူလစ်ဇာဆု ၁၃၀ ခုကို ရရှိထား၍ သတင်းစာလောကတွင် အများဆုံးဖြစ်သည်။[၉] သတင်းစာလုပ်ငန်း အဝန်းအဝိုင်းတွင် ယုံကြည်ခိုင်မာသော အမျိုးသားသတင်းစာအဖြစ် ကြာလရှည်ကြာသတ်မှတ်ခံရသော သတင်းစာလည်းဖြစ်သည်။[၁၀] သတင်းစာစောင်ရေအရ အမေရိကန်ပြည်ထောင်စုတွင် တတိယမြောက်ဖြစ်ပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၈ ရှိသည်။[၁၁] သတင်းစာကို အများပြည်သူပိုင်ဖြစ်သည့် နယူးယောက်တိုင်းစ် ကုမ္ပဏီမှ ပိုင်ဆိုင်၍ ရှယ်ယာများကို အများပြည်သူထံ ရောင်းချပြီးနောက် ရှယ်ယာပုံစံ နှစ်မျိုး/ဆင့် တည်ဆောက်ပုံ (dual-class share) မှတစ်ဆင့် ဆာ(လ်တ်စ်)ဘာဂါမိသားစုက ၁၈၉၆ ကတည်းက အုပ်ချုပ်စီမံခဲ့ကြသည်။[၁၂] အေ. ဂျီ ဆာ(လ်တ်စ်)ဘာဂါ နှင့် ၎င်း၏ဖခင် အာသာ အောခ်စ် ဆာ(လ်တ်စ်)ဘာဂါ ဂျူနီယာ (Ochs Sulzberger Jr.) တို့သည် ထိုမိသားစုမျိုးဆက်၏ ပဉ္စမမြောက်၊ စတုတ္ထမြောက် ထုတ်ဝေသူ၊ ကုမ္ပဏီဥက္ကဋ္ဌတို့ အသီးသီး ဖြစ်ကြသည်။[၁၃] ၁၉၇၀ ခုနှစ်များမှစ၍ သတင်းစာ၏ အပြင်အဆင်၊ အစီအစဉ်များကို တိုးချဲ့ခဲ့၍ ပုံမှန်သတင်း၊ အယ်ဒီတာအာဘော် (ခေါင်းကြီးပိုင်း)၊ အားကစား၊ အထူးအကြောင်းအရာများကို ဖြည့်စွက်အားဖြည့်ပေးနိုင်သော အမျိုးမျိုးသော အကြောင်းအရာများအပေါ် အပတ်စဉ် အထူးကဏ္ဍများကိုလည်း ထည့်သွင်းခဲ့ကြသည်။ ၂၀၀၈ မှစ၍[၁၄] နယူးယောက်တိုင်းစ်တွင် သတင်း၊ အယ်ဒီတာအာဘော်၊ ရှုထောင့်အမြင်ဆိုင်ရာ ကော်လံများ/ဆန့်ကျင်ဘက်မျက်နှာရှိ အကြောင်းအရာများ၊ နယူးယောက်မြို့တော်ဆိုင်ရာအကြောင်း၊ စီးပွားရေး၊ အားကစား၊ အနုပညာ၊ သိပ္ပံ၊ ဖက်ရှင်၊ နေအိမ်၊ ခရီးသွားနှင့် အခြားအကြောင်းအရာများကို စုစည်းစီစဉ် ဖော်ပြသည်။[၁၅] တနင်္ဂနွေနေ့များ၌ သတင်းစာကို "တနင်္ဂနွေသုံးသပ်ချက်" စာစောင်[၁၆] "စာအုပ်ရေးရာသုံးသပ်ချက်"စာစောင်၊[၁၇] နယူးယောက်တိုင်း မဂ္ဂဇင်း"အားဖြည့်စာစောင်[၁၈] တို့နှင့် အားဖြည့်၍ ထုတ်ဝေကြသည်။

The New York Times
ကောင်းနိုးရာရာ စုံလင်သတင်း ပုံနှိပ်ခြင်း"
"All the News That's Fit to Print
အမျိုးအစားနေ့စဉ်သတင်းစာ
ပုံစံအချိုးအစားဆိုက်ကြီး
ပိုင်ဆိုင်သူThe New York Times Company
တည်ထောင်သူ
  • Henry Jarvis Raymond
  • George Jones
ထုတ်ဝေသူA. G. Sulzberger[၁]
အယ်ဒီတာချုပ်Dean Baquet[၁]
စီမံအယ်ဒီတာများJoseph Kahn[၁]
Opinion editorKathleen Kingsbury (လက်ရှိ)[၂]
အားကစား အယ်ဒီတာRandal C. Archibold[၃]
Staff writersသတင်းသမား ၁,၃၀၀ (၂၀၁၆)[၄]
တည်ထောင်ခြင်းစက်တင်ဘာ ၁၈၊ ၁၈၅၁; ၁၇၂ နှစ် အကြာက (၁၈၅၁-၀၉-18) ( နယူးယောက်နေ့စဉ်တိုင်းစ်အဖြစ်)
ဌာနချုပ်များအမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊
အမှတ် (၈) ရိပ်သာလမ်း၊ အမှတ် (၆၂၀)၊နယူးယောက်တိုင်းစ် အဆောက်အဦ။
စောင်ရေ
    • 5,496,000 news subscribers
    • 4,665,000 digital-only
    • 831,000 print
    • 1,398,000 games, cooking, and Audm subscribers
(as of ၂၀၂၀ နိုဝင်ဘာ[၅])
ISSN0362-4331
OCLC နံပါတ်1645522
ဝက်ဘ်ဆိုဒ်
နိုင်ငံအမေရိကန်ပြည်ထောင်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ