နီကိုလပ် အော်တို

ဂျာမန် တီထွင်သူ

နီကိုလပ် အော်တိုသည် ၁၈၇၆ ခုနှစ်တွင် လက်တွေ့အသုံးဝင်သော ဓာတ်ငွေ့မော်တာအင်ဂျင်ကို တီထွင်ခဲ့ပြီး အင်ဂျင်ဒီဇိုင်းလောကတွင် အရေးအပါဆုံးသော သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်သူဖြစ်သည်။

နီကိုလပ် အော်တို
Nikolaus Hans Otto
နီကိုလပ် အော်တို
မွေးဖွား၁၈၃၂ ဇွန် ၁၄
ဟိုးဟော်စင်မြို့
ကွယ်လွန်၁၈၉၁ ဇန္နဝါရီ ၂၆
ကိုလုံးမြို့
နိုင်ငံလူမျိုး ဂျာမနီ
အလုပ်အကိုင်တီထွင်သူ
ကျော်ကြားမှုအရင်းခံအတွင်း လောင်ကျွမ်းမှု အင်ဂျင်

အော်တိုဆိုင်ကယ်အင်ဂျင်ဟူ၍ သူ့ကိုဂုဏ်ပြု အမည်ပေးထားသော လေးလုံးထိုးအင်ဂျင်စက်ကို နီကိုလပ် အော်တို တီထွင်ပြီးနောက် ယင်းအင်ဂျင်ကို မော်တော်ဆိုင်ကယ်တွင် တပ်ဆင်ပေးလိုက်သည်။

နီကိုလပ်အော်တိုကို ဂျာမနီနိုင်ငံ ဟိုးဟော်စင်၌ ၁၈၃၂ ခုနှစ် ဇွန်လ ၁၄ ရက်တွင် မွေးဖွားသည်။ သူ၏ ပထမဆုံး အလုပ်မှာ လက်ဖက်ရည်၊ ကော်ဖီနှင့် သကြားတို့ကို လှည့်လည်ရောင်းချသည့် အလုပ်ဖြစ်သည်။ ယင်းနောက် မကြာမီပင် ထိုခေတ်က နည်းပညာသစ်များကို သူစိတ်ဝင်စားပြီး စူးစမ်းလေ့လာရာမှ လေးလုံးထိုးအင်ဂျင် တီထွင်နိုင်ခြင်း ဖြစ်သည်။

သကြားစက်ရုံပိုင်ရှင် ယူဂျင်းလန်ဂင်နှင့်အတူ ၁၈၆၄ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး အင်ဂျင်ထုတ်လုပ်ရေး ကုမ္ပဏီ အင်န်အေအော်တိုနှင့်စီကို ထူထောင်သည်။ ၁၈၆၇ ခုနှစ် ပါရီကမ္ဘာ့ပြပွဲတွင် သူတို့နှစ်ဦး ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၁၈၇၆ ခုနှစ် မေလတွင် နီကိုလပ် အော်တိုက လေးလုံးထိုးအင်ဂျင်ကို အောင်မြင်စွာ တီထွင်ခဲ့သည်။

နီကိုလပ် အော်တိုသည် ၁၈၉၁ ခုနှစ် ဇန္နဝါရီ ၂၆ ရက်တွင် အသက် ၅၉ နှစ်အရွယ်၌ ကိုလုံးမြို့တွင် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ