ပစိဖိတ် သမုဒ္ဒရာ

သမုဒ္ဒရာ
(ပစိဖိတ်သမုဒ္ဒရာ မှ ပြန်ညွှန်းထားသည်)

ပစိဖိတ်သမုဒ္ဒရာသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး သမုဒ္ဒရာဖြစ်သည်။ ၎င်း၏အမည်မှာ လက်တင်ဘာသာ Mare Pacificum မှဆင်းသက်လာပြီး "ဆိတ်ငြိမ်သောပင်လယ်"ဟု အဓိပ္ပာယ်ရသည်။ ပစိဖိတ်သမုဒ္ဒရာသည် မြောက်ဘက် အာတိတ်စက်ဝိုင်းမှ တောင်ဘက် အန္တာတိကတိုက်အထိ ကျယ်ဝန်းသည်။ အနောက်ဘက်တွင် အာရှတိုက်နှင့် ဩစတြေးလျတိုက်၊ အရှေ့ဘက်တွင် အမေရိကတိုက်တို့ တည်ရှိသည်။

Pacific Ocean
Map of the Pacific Ocean
ကိုဩဒိနိတ်0°N 160°W / 0°N 160°W / 0; -160 160°W / 0°N 160°W / 0; -160
မျက်နှာပြင် ဧရိယာ၁၆၅,၂၅၀,၀၀၀ km2 (၆၃,၈၀၀,၀၀၀ sq mi)
ပျမ်းမျှအနက်၄,၂၈၀ m (၁၄,၀၄၀ ft)
အနက်ဆုံး အနက်အရှိုင်း၁၀,၉၁၁ m (၃၅,၇၉၇ ft)
ရေထုထည်၇၁၀,၀၀၀,၀၀၀ km3 (၁၇၀,၀၀၀,၀၀၀ cu mi)
ကျွန်းများကျွန်းများစာရင်း

ပစိဖိတ်သမုဒ္ဒရာသည် စတုရန်း ကီလိုမီတာ ၁၆၉.၂ သန်း (စတုရန်းမိုင် ၆၅.၃ သန်း) ကျယ်ဝန်းပြီး ကမ္ဘာ့သမုဒ္ဒရာကြီးများအနက် အကြီးမားဆုံး ဖြစ်သည်။ ကမ္ဘာ့ရေမျက်နှာပြင်၏ ၄၆ % ရှိကာ ကမ္ဘာ့မျက်နှာပြင် တခုလုံး၏ ၃၂ % ရှိသည်။ ကမ္ဘာပေါ်ရှိ ကုန်းမြေအားလုံး စုစုပေါင်းထက် ပိုမိုကျယ်ဝန်းသည်။ [၁]

အီကွေတာသည် ၎င်းအား မြောက်ပစိဖိတ်သမုဒ္ဒရာ နှင့် တောင်ပစိဖိတ်သမုဒ္ဒရာ အဖြစ် နှစ်ပိုင်းခွဲထားသည်။ [၂] မြောက်ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ပိုင်းတွင် တည်ရှိသည့် မာရီယာနာချောက် (Mariana Trench) သည် ၁၀၉၁၁ မီတာ (၃၅၇၉၈ ပေ) နက်ရှိုင်းပြီး ပစိဖိတ်သမုဒ္ဒရာတွင် လည်းကောင်း ကမ္ဘာပေါ်တွင် လည်းကောင်း အနက်ရှိုင်းဆုံး ချောက်တခုဖြစ်သည်။ [၃]

ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ နိုင်ငံနှင့် ဒေသများ

ကျမ်းကိုး

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ