ပါပူအာနယူးဂီနီနိုင်ငံ

147°E / 6°S 147°E / -6; 147


ပါပူအာနယူးဂီနီနိုင်ငံ (Papua New Guinea; အတိုကောက် PNG; /ˈpæpə nj ˈɡɪn/ PAP-pə-new-GHIN-ee; တမ်းပလိတ်:Lang-tpi; ဟီရီမိုတူ: Papua Niu Gini) ၏ တရားဝင်အမည်မှာ လွတ်လပ်သော ပါပူအာနယူးဂီနီနိုင်ငံ (Independent State of Papua New Guinea) ဖြစ်ပြီး အိုရှန်းနီးယား တွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကာ နယူးဂီနီကျွန်း၏ အရှေ့ပိုင်းတစ်ခြမ်းကို နေရာယူထားပြီး ပင်လယ်သမုဒ္ဒရာအတွင်းရှိ ကျွန်းပေါင်းများစွာလည်း ပါဝင်သည်။ (ကျွန်း၏ အနောက်ပိုင်း အခြမ်းမှာ အင်ဒိုနီးရှားနိုင်ငံပိုင် ပါပူအာဒေသ နှင့် အနောက်ပါပူအာ ဒေသတို့ဖြစ်သည်။) ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ခြမ်းတွင် တည်ရှိပြီး ၁၉ ရာစု အစောပိုင်းက ထိုဒေသကို မီလန်နီးရှားဟု ခေါ်ကြသည်။ မြို့တော်မှာ ပို့တ်မော့စဘီမြို့ ဖြစ်သည်။

လွတ်လပ်သော ပါပူအာနယူးဂီနီ နိုင်ငံ
  • Independen Stet bilong Papua Niugini  (Tok Pisin)
  • Independen Stet bilong Papua Niu Gini  (Hiri Motu)
ပါပူအာနယူးဂီနီနိုင်ငံ၏ အလံတော်
အလံတော်
ပါပူအာနယူးဂီနီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: ‘ကွဲပြားမှုကြားမှ ညီညွတ်ခြင်း’ "Unity in diversity" [၁]
နိုင်ငံတော် သီချင်း: "ငါ့သားတို့ ထကြလော့"[၂]
တော်ဝင်သီချင်း: "God Save the Queen"[၃]
 ပါပူအာနယူးဂီနီနိုင်ငံ၏ တည်နေရာ  (green)
 ပါပူအာနယူးဂီနီနိုင်ငံ၏ တည်နေရာ  (green)
မြို့တော်
နှင့် အကြီးဆုံးမြို့
မော့စဘီဆိပ်ကမ်းမြို့
09°28′44″S 147°08′58″E / 9.47889°S 147.14944°E / -9.47889; 147.14944
ရုံးသုံးဘာသာစကားများ[၄][၅]
ဒေသခံလူမျိုးဘာသာစကားများ၈၅၁ ခု[၆]
လူမျိုးစု
ကိုးကွယ်မှု
DemonymPapua New Guinean
အစိုးရပြည်ထောင်စု ပါလီမန်
စည်းမျဉ်းခံဘုရင်စနစ်
• ဧကရာဇ်
ချားလ်စ် ဝေလမင်းသား
• ဘုရင်ခံချုပ်
Bob Dadae
• ဝန်ကြီးချုပ်
James Marape
ဥပဒေပြုလွှတ်တော်အမျိုးသားပါလီမန်
လွတ်လပ်ရေးရရှိခြင်း ဩစတေးလျနိုင်ငံမှ
• ပါပူနှင့် နယူးဂီနီ ဥပဒေ (၁၉၄၉ ခုနှစ်)
၁၉၄၉ ခုနှစ် ဇူလိုင်လ ၁ ရက်
• ကြေညာခဲ့ခြင်းနှင့် အသိအမှတ်ပြုခံရခြင်း
၁၉၇၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်
ဧရိယာ
• စုစုပေါင်း
၄၆၂,၈၄၀ စတုရန်း ကီလိုမီတာ (၁၇၈,၇၀၀ စတုရန်းမိုင်) (အဆင့်: ၅၄)
• ရေထု (%)
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
၈,၉၃၅,၀၀၀ (အဆင့် - ၉၈)
• ၂၀၁၁ သန်းခေါင်စာရင်း
၇,၂၇၅,၃၂၄[၇]
• သိပ်သည်းမှု
၁၅/km2 (၃၈.၈/sq mi) (အဆင့် - ၂၀၁)
GDP (PPP)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၃၂.၃၈၂ ဘီလီယံ[၈] (အဆင့် - ၁၂၄)
• Per capita
$၃,၇၆၄[၈]
GDP (nominal)၂၀၁၉ ခန့်မှန်း
• စုစုပေါင်း
$၂၁.၅၄၃ ဘီလီယံ[၈] (အဆင့် - ၁၁၀)
• Per capita
$၂,၅၀၄[၈]
Gini (၂၀၀၉)၄၁.၉[၉]
အလယ်
HDI (၂၀၁၉)Increase ၀.၅၅၅[၁၀]
အလယ် · ၁၅၅
ငွေကြေးKina (PGK)
အချိန်ဇုန်AEST (UTC+10, +11)
ယာဉ်ကြောစနစ်ဘယ်
တယ်လီဖုန်းကုဒ်+၆၇၅
Internet TLD.pg

ပါပူအာနယူးဂီနီသည် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု အမျိုးအစား ကွဲပြားမှု အများဆုံးရှိသော နိုင်ငံဖြစ်ပြီး ဒေသသုံး ဘာသာစကား ၈၄၈ မျိုးရှိပြီး ယင်းတို့အနက် ၁၁ မျိုးကို သက်ရှိထင်ရှားပြောဆိုသူ မရှိတော့ပေ။[၆] လူဦးရေ ၇ သန်းတွင် ရိုးရာ အဖွဲ့အစည်းများလည်း အများအပြား ရှိသည်။[၁၁] ထို့အပြင် ကျေးလက်ဒေသ အများပြားဆုံးသော နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူဦးရေ၏ ၁၈ ရာခိုင်နှုန်းသာ မြို့ပြတွင် နေထိုင်ကြသည်။[၁၂] ထို့အပြင် ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု နှင့် ပထဝီအနေအထားအားဖြင့် အနည်းဆုံး စူးစမ်းရှာဖွေသော ဒေသဖြစ်ပြီး မတွေ့ရှိသေးသော အပင်များ တိရစ္ဆာန်များ ပါပူအာနယူးဂီနီ၏ အတွင်းပိုင်းတွင် အများအပြား ရှိလိမ့်မည်ဟု ယူဆရသည်။[၁၃]

လူဦးရေ၏ ရာခိုင်နှုန်း အတော်များများမှာ ရိုးရာ အဖွဲ့အစည်းများဖြင့်သာ နေထိုင်ကြပြီး တစ်ဦးချင်း တစ်မိသားစုချင်း လုံလောက်ရုံမျှ စိုက်ပျိုးသော စိုက်ပျိုးမွေးမြူရေးစနစ်ပေါ်တွင် အခြေခံ နေထိုင်ကြသည်။ ထိုအဖွဲ့အစည်းများမှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းတွင် တသီးတသန့် နေရာရထားကြသည်။

၁၈၈၄ ခုနှစ်မှစ၍ ပြင်ပနိုင်ငံကြီး ၃ နိုင်ငံမှ လွှမ်းမိုးအုပ်ချုပ်ခဲ့ပြီးနောက် ပါပူအာ နယူးဂီနီသည် ၁၉၇၅ ခုနှစ်တွင် ဩစတေးလျမှ လွတ်လပ်ရေး ရခဲ့သည်။ သို့သော် ပါပူအာနယူးဂီနီသည် အဲလိဇဘက် ၂ ဘုရင်မ၏ ဓနသဟာယနယ်ပယ် အတွင်းတွင် ပါဝင်လျက် ရှိကြသည်။ ပြည်သူအများစုမှာ အလွန်ပင် ဆင်းရဲကြပြီး သုံးပုံတစ်ပုံမျှသော လူဦးရေမှာ တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၂၅ ထက် မပိုသော ငွေဖြင့် နေထိုင်ကြသည်။


ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ