ဖက်ရှင်

ဖက်ရှင်ဆိုသည်မှာ လူကြိုက်များ နေသော စတိုင်လ် သို့မဟုတ် အလေ့အထ များနှင့် ပတ်သက်သော ယေဘုယျ အသုံးအနှုန်း တစ်ခု ဖြစ်ပြီး အထူးသဖြင့် အဝတ်အထည်၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်းများ အတွက် အသုံးပြုလေ့ ရှိသည်။ လူတစ်ယောက်၏ သွင်ပြင်နှင့် ဝတ်စားဆင်ယင်မှုနှင့် ဆိုင်သော လက်ရှိ ရေပန်းစားနေသော အရာအားလုံးကို ရည်ညွှန်းကိုးကားခြင်းပင် ဖြစ်သည်။

Models on the runway at a fashion show in 2014

အဝတ်အစား ဖက်ရှင်

၂၀၀၈ ခုနှစ် အက်ဒ်ဟာဒီ ဖက်ရှင်ရှိုး

ရှေးဦးကာလက အနောက်တိုင်းမှနေ၍ ပါရှား၊ တူရကီ နှင့် တရုတ်ပြည်တို့သို့ သွားရောက်ကြသော ခရီးသွားများသည် ထိုဒေသများရှိ ဖက်ရှင် အပြောင်းအလဲ မရှိခြင်းကို ပြောဆိုလေ့ ရှိကြပြီး အခြားဒေသမှ လူများကမူ အနောက်တိုင်းရှိ ဖက်ရှင် အပြောင်းအလဲ မရှိခြင်းနှင့် ပတ်သက်၍ အနောက်တိုင်း ယဉ်ကျေးမှုသည် တည်ငြိမ်မှု မရှိပဲ ပရမ်းပတာ ဖြစ်နေသည်ဟု ဝေဖန် ပြောဆိုလေ့ ရှိကြသည်။ ဂျပန်မှ ရှိုးဂန်းတို့၏ အကြီးအကဲ တစ်ဦးသည် ၁၆၀၉ ခုနှစ်တွင် စပိန်လူမျိုး ခရီးသည် တစ်ဦးအား ဂျပန်တို့၏ ဝတ်စားဆင်ယင်မှု ပုံစံသည် နှစ်တစ်ထောင် အတွင်း အပြောင်းအလဲ မရှိခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ဖူးသည်။ သို့သော်လည်း မင်မင်းဆက်ခေတ် တရုတ်ပြည်တွင်မူ တရုတ်တို့၏ အဝတ်အထည် ပုံသဏ္ဌာန်သည် အလျင်အမြန် ပြောင်းလဲတတ်ကြောင်း အထောက်အထား များစွာ ရှိသည်။ ပုံမှန်အားဖြင့် ဝတ်စားဆင်ယင်မှု အပြောင်းအလဲသည် စီးပွားရေး ပြောင်းလဲမှုနှင့် လူမှုရေး ပြောင်းလဲမှု ဖြစ်ပေါ်သော အချိန်တွင် ဖြစ်ပွားလေ့ ရှိသည်။ ထို့နောက် အချိန်အတော်အကြာ မပြောင်းလဲဘဲ ထိုအတိုင်း ဆက်သွားလေ့ ရှိသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ