ဖန်

ဖန် (တစ်ခါတရံတွင် မှန် ဟု ခေါ်ဆိုသုံးနှုန်းတတ်။) (အင်္ဂလိပ်: glass) သည် များသောအားဖြင့် အောက်စီဂျင်နှင့် ဆီလီကွန်ဒြပ်စင်တို့က ပုံဆောင်ခဲ စီရီမှု မရှိစွာဖွဲ့စည်းထားသည့် ပကတိအားဖြင့် အလင်းဖောက်တတ်သော၊ အခြားဒြပ်များနှင့် ဓာတ်ပြုခဲသော ဒြပ်ပေါင်းပစ္စည်းမျိုး ဖြစ်သည်။ သဲကို အရည်ပျော်သည် အထိ အပူပေးပြီးနောက် ပုံသွင်းခြင်းဖြင့် ဖန်ကို ဖန်တီးယူကြသည်။

အသုံးပြုပုံများ

အလင်းဖောက်သဖြင့် အဆောက်အဦအတွင်းသို့ နေ အလင်းသာ ပိုများများဝင်လျက် နေ၏အပူတို့ လျော့နည်းစွာ ဝင်စေလိုသည့်အခါ ပြတင်းပေါက်အဖြစ် ဖန်ကို အသုံးကြသည်။ အရောင်များ ထည့်သွင်းသည့် ဖန်စများကို စီခြယ်လျက် ခရစ်ယာန်ဘုရားရှိခိုးကျောင်း စသည့် အဆောက်အဦတို့တွင် အလှဆင်သည့် ရောင်စုံဖန်စီ ပြတင်းများလည်း ပြုလုပ်တတ်ကြသည်။
အခြားဒြပ်များနှင့် ဓာတ်ပြုခဲသဖြင့် ရေ၊ အရည်များကို ထည့်စရာ ခွက်၊ ပုလင်းများအဖြစ် ပုံသွင်း အသုံးပြုကြသည်။
ဖန်ကို အလင်းဖြတ်လျှင် အလင်း၏ သွားနှုန်း တနည်းအားဖြင့် လျော့ကျတတ်သဖြင့် အလင်းယိုင်မှု ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဤသဘောတရားကို အသုံးပြုလျက် ဖန်၏ ပုံပန်းအထူအပါးကို သင့်လျော်အောင် စီရင်ခြင်းဖြင့် မှန်ဘီလူးစသည့် ကိရိယာများ ပြုလုပ်တတ်လာကြသည်။

သမိုင်းကြောင်း

ဖန်ကို အရည်ဟု ဆိုကြသော ရှေးခေတ် ယုံကြည်ချက်မှာ ရှေးအဆောက်အဦးများရှိ ပြတင်းတံခါးများတွင် တပ်ဆင်ထားသော မှန်ချပ်များကြောင့်ဖြစ်သည်။ ၎င်းတို့သည် အောက်ခြေထူ၍ အပေါ်ပိုင်းတွင် အနည်းငယ်ပါးလေ့ရှိသည်။ အမှန်မှာ မှန်ချပ်များ ပြုလုပ်စဉ်က ထုတ်လုပ်မှုနည်းစံနစ် မမှန်သောကြောင့် ဖြစ်သည်။

အခြားလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ