ဖရေဇီယာ၊ ဂျို

ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံတစ်ဦးဖြစ်သူ ဂျိုဖရေဇီယာကို ၁၉၄၄ ခုနှစ်၊ ဇန်နဝါရီ၁၂ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကာရိုလိုင်းနားပြည်နယ်တောင်ပိုင်းရှိ ဘူးဖို့မြို့၌ မွေးဖွားသည်။ ဖရေဇီယာသည် ၁၉၇၀ ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် နယူးယောက်စီးတီး၌ ပြုလုပ်သော လက်ဝှေ့ထိုးသတ်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ဂျင်မီအဲလစ်စ်ကို ငါးချီဖြင့် အလဲထိုးနိုင်ခဲ့ပြီး ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက် တွင်ပြုလုပ်သော ပြိုင်ပွဲတွင်မူ ပြိုင်ဘက်ဂျော့ဖိုမန်ကိုရှုံးနိမ့်ခဲ့သည်။ ဖရေဇီယာသည် အပျော်တမ်းကစားခဲ့သော ပွဲစဉ်များတွင်ပင် အကောင်းဆုံးဟဲဗီးဝိတ်ကစားသမားဖြစ်ခဲ့သည်။ ဖရေဇီယာသည် ၁၉၆၅ ခုနှစ်ဩဂုတ်လမှစတင်၍ အပျော်တမ်းလက်ဝှေ့ ကစားသမားအဖြစ်မှ ကြေးစားလက်ဝှေ့ကစားသမားအဖြစ်ယှဉ်ပြိုင်ခဲ့သည်။ အရပ် ၅ ပေ ၁၁ လက်မ၊ ကိုယ်ခန္ဓာအလေးချိန် ၂၀၅ ပေါင်ရှိပြီး အမြဲတကွ်ကြထက်သန်သောပုံစံနှင့် စွမ်းအားပြည့် ဘယ်ဝိုက်လက်သီးပိုင်ရှင်ဖရေဇီယာကို ဟဲဗီးဝိတ်ချန်ပီယံဟောင်း ရော်ကီမာစီရာနိုနှင့် ခိုင်းနှိုင်းလေ့ရှိကြသည်။ ၁၉၆၈ ခုနှစ် မတ်လတွင်၎င်း၏ပြိုင်ဘက်ဟောင်းဖြစ်သူ ဘူစတာမက်သစ်ကို၁၁ ချီတွင် အလဲထိုးနိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင်ဟဲဗီးဝိတ်ချန်ပီယံနှစ်ဦးဖြစ်သူ မိုဟာမက်အလီအနိုင်ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မိုဟာမက်အလီနှင့်ဒုတိယအကြိမ် ဂျိုဖရေဇီယာတို့သည် မက်ဒီဆင်ဥယျာဉ်တွင်ပြုလုပ်သော လက်ဝှေ့ထိုးသတ်ပွဲတွင်ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရာ ၁၅ ချီ ထိုးသတ်ခဲ့ပြီးဖရေဇီယာအနိုင်ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မိုဟာမက်အလီနှင့် ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ၁၂ ချီဖြင့်ရှုံးနိမ့်ခဲ့သည်။ ၁၉၇၅ ခုနှစ် အောက်တိုဘာတွင်ဖိလစ်ပိုင်နိုင်ငံ၌ မိုဟာမက်အလီနှင် တတိယအကြိမ်ထိုးသတ်ခဲ့သည်။ ထိုလက်ဝှေ့ပွဲကို မနီလာမြို့ကရင်သိမ့်တုန်ဖွယ်ရာ ယှဉ်ပြိုင်မှုဟု ကျော်ကြားလူသိများခဲ့သည်။ ထိုပွဲတွင် အလီသည် ၁၄ ချီ ခက်ခဲပင်ပန်းစွာထိုးသတ်ခဲ့ရပြီး ဖရေဇီယာကို အနိုင်ရရှိခဲ့သည်။ပြိုင်ပွဲအနည်းငယ် ယှဉ်ပြိုင်ခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်တွင်လက်ဝှေ့လောကမှ အနားယူခဲ့သည်။၁၉၈၁ ခုနှစ်တွင်ပြန်လည်ဝင်ရောက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ထို့နောက်ပိုင်းတွင် ဖီလာဒဲ့ဖီးယားပြည်နယ်၌အားကစားရုံ ဖွင့်လှစ်ခဲ့သည်။ နိုင်ငံတကာ လက်ဝှေ့အကျော်အမော်များစာရင်းတွင် ပါဝင်ပြီး ရွှေခါးပတ်ဆုရသူဂျိုဖရေဇီယာသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သည်။ [၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ