ဖဲရန့်တ်စ် ပုရှ်ကာ့ရှ်

အကြီးကျယ်ဆုံးသော ဟန်ဂေရီဘောလုံးသမား

ဖဲရန့်တ်စ် ပုရှ်ကာ့ရှ် (ဟန်ဂေရီ: Ferenc Puskás; ferr-ENTS-_-PUUSH-kəsh-,_-puush,[၁][၂][၃] (ငယ်နာမည် Purczeld၊ ၁၉၂၇ ဧပြီ ၁ - ၂၀၀၆ နိုဝင်ဘာ ၁၇)[၄] သည် ဟန်ဂေရီ ဘောလုံးသမား၊ နည်းပြဟောင်း တစ်ဦးဖြစ်၍ ၎င်းကို အကြီးကျယ်ဆုံးသော ဘောလုံးကစားသမားများအနက် တစ်ဦးဟူ၍ သတ်မှတ်ထားကြသည်။ ဖခင်မှာလည်း ဘောလုံးသမားတစ်ဦးဖြစ်ကာ Ferenc Puskás Senior ဖြစ်သည်။ ဂိုးသွင်းများသူ တိုက်စစ်မှူးတစ်ဦးဖြစ်၍ ဟန်ဂေရီအတွက် နိုင်ငံတကာပွဲ (၈၅) ပွဲတွင် (၈၄)ဂိုးသွင်းယူခဲ့သည်။ စပိန်ဘောလုံးအသင်းအတွက်လည်း နိုင်ငံတကာပွဲ လေးပွဲကသစားခဲ့သည်။ ဟန်ဂေရီလိဂ်၊ လာ လီဂါလိဂ်တို့တွင် ၅၂၉ ပွ၌ ၅၁၄ဂိုး သွင်းယူခဲ့သည်။ ၁၉၅၂တွင် အိုလံပစ်ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၅၄တွင် နိုင်ငံအသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီသို့ ဦးဆောင်ခေါ်ယူနိုင်ခဲ့သည်။ ထိုပြိုင်ပွဲစဉ်အကောင်းဆုံးကစားသမားအဖြစ် ဖီဖာရွှေဘောလုံးဆုရရှိခဲ့သည်။ ပုရှ်ကာ့ရှ်သည် ချန်ပီယံလိဂ် ဖလား သုံးကြိမ် (၁၉၅၉၊ ၁၉၆၀၊ ၁၉၆၆) ၊ ဟန်ဂေရီပြည်တွင်လိဂ် ၁၀ ကြိမ်၊ လာလီ ဂါဖလား ၅ ကြိမ် နှင့် ဂိုးသွင်းအများဆုံးဆု ၈ ကြိမ်ရရှိခဲဘသည်စာ ၁၉၉၅တွင် နိုင်ငံတကာ ဘောလဋ္ဌုးသမိုင်းနှင့် စာရင်းအင်း အဖွဲ့ချုပ် (IFFHS) က (၂၀)ရာစု၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အသိအမှတ်ပြုခဲ့သည်။[၅][၆][၇]

ဖဲရန့်တ်စ် ပုရှ်ကာ့ရှ်
၁၉၇၁ တွင် ပါနာသီနိုင်းကော့စ် အသင်းနည်းပြအဖြစ် တွေ့မြင်ရစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံဖဲရန့်တ်စ် ပူရ်ဇေ
မွေးသက္ကရာဇ်(1927-04-01)၁ ဧပြီ၊ ၁၉၂၇
မွေးရပ်ဇာတိဘူဒါပက်စ်မြို့၊ ဟန်ဂေရီ ဘုရင့်နိုင်ငံ (ထိုစဉ်က)
ကွယ်လွန်သည့်ရက်၁၇ နိုဝင်ဘာ၊ ၂၀၀၆(2006-11-17) (အသက် ၇၉)
ကွယ်လွန်ရာအရပ်ဘူဒါပက်စ်မြို့၊ ဟန်ဂေရီ
အရပ်အမြင့်၁.၇၂ မီတာ
ကစားသည့်နေရာရှေ့တန်း
အကြီးတန်း ကစားသမား*
ခုနှစ်အသင်းကစားပွဲ(သွင်းဂိုး)
၁၉၄၃–၁၉၅၆Budapest Honvéd[မှတ်စု ၁]၃၅၀(၃၅၈)
၁၉၅၈–၁၉၆၆ရေအား မဿရစ်ဿ် (ရီးယဲ)၁၈၀(၁၅၆)
စုစုပေါင်း၅၃၀(၅၁၄)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၄၅–၁၉၅၆ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း၈၅(၈၄)
၁၉၆၁–၁၉၆၂စပိန် အမျိုးသား ဘောလုံးအသင်း(၀)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၆၆–၁၉၆၇Hércules
၁၉၆၇San Francisco Golden Gate Gales
၁၉၆၈Vancouver Royals
၁၉၆၈–၁၉၆၉Deportivo Alavés
၁၉၇၀–၁၉၇၄Panathinaikos
၁၉၇၅Real Murcia
၁၉၇၅–၁၉၇၆Colo-Colo
၁၉၇၆–၁၉၇၇Saudi Arabia
၁၉၇၈–၁၉၇၉AEK Athens
၁၉၇၉–၁၉၈၂Al Masry
၁၉၈၅–1986Sol de América
၁၉၈၆–1989Cerro Porteño
၁၉၈၉–၁၉၉၂South Melbourne Hellas
၁၉၉၃ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဟန်ဂေရီ ကလပ်များဖြစ်သည့် Kispest နှင့် Budapest Honvéd တို့တွင် ကစားသမားဘဝစတင်ခဲ့ပြီး ဟန်ဂေရိလိဂ်၌ လေးရာသီ ထိပ်တန်းဂိုးသူယူသူ ဖြစ်ခဲ့ကာ ၁၉၈၄၌ ဥရောပ၏ ထိပ်တန်းဂိုးသွင်းနိုင်သူလည်း ဖြစ်သည်။ ၁၉၅၀နှစ်များအတွင်း ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း ၏ ထင်ရှားသော အသင်းသားနှင့် အသင်းခေါင်းဆောင်ဖြစ်ခဲ့၏။ ထိုစဉ်က ဟန်ဂေရီအသင်းသည် ရွှေအသင်း (သို့) ခွန်အားကြီးသော 'မဲ့ဂယား'များ အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ဟန်ဂေရီတေယ်လှန်ရေးကြီးပြီးနောက် နှစ်နှစ်အကြာတွင် စပိန်သို့ နိုင်ငံကူးပြောင်း အခြေချခဲ့ကာ စပိန်၌ ရေအား မဿရစ်ဿ် (ရီးယဲ)တွင် ကစားခဲ့သည်။ ထို၌ကစားစဉ် ဂိုးအများဆုံးသွင်းသူဆု 'ပိချီချီ' (Pichichi) လေးကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် (၇) ဂိုးသွင်းယူခဲ့သည်။

ကသားသူအဖြစ်မှ အနားယူပြီးနောက် နည်းပြဖြစ်လာကာ ၁၉၇၁တွင် ပါနာသီနိုင်းကော့စ် (Panathinaikos) ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ (ထိုစဉ်က European Cup အမည်ဖြင့်ကျင်းပ) အထိ ခေါ်ဆောင်နည်းပြနိုင်ခဲ့ပြီး အားယာ့ခ်စ်အသင်း (Ajax) ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ၁၉၉၃ တွင် ဟန်ဂေရီသို့ ပြန်လာပြီး ဟန်ဂေရီ အမျိုးသား အသင်းကို ယာယီကိုင်တွယ်ခဲ့၏။[၈] ၁၉၉၈၌ FIFA/SOS Charity အဖွဲ့၏ ပထမဆုံး သံတမန်ဖြစ်လာခဲ့သည်။[၉] ၂၀၀၂တွင် ဘူးဒါပက်စ်ရှိ 'နိရှိတာဒီယော်န်'(Népstadion) အားကစားကွင်းကို ပုရှ်ကာ့ရှ် ဖဲရန့်တ်စ် အားကစားကွင်း အဖြစ် ၎င်းကိုဂုဏ်ပြု၍ အမည်ပြောင်းလဲခဲ့သည်။[၁၀] ၂၀၀၃ နိုဝင်ဘာတွင် ယူအီအက်အေ နှစ်ပတ်လည် ဆုပေးခြင်း အခမ်းအနား၌ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က လွန်ခဲ့သည့် နှစ်ငါးဆယ်အတွင်း အကောင်းဆုံး ဟန်ဂေရီဘောလုံးကစားသမားအဖြစ် ကြေညာခဲ့သည်။[၁၁] ၂၀၀၉ အောက်တိုဘာတွင် ဖီဖာက လွန်ခဲ့သောရာသီက အလှပဆုံးဂိုးသွင်းယူသူကို ပေးသည့်ဆုအား ပုရှ်ကာ့ရှ်ဆု အဖြစ် ကြေညာခဲ့သည်။ ပီလီ၏ 'ဖီဖာ(၁၀၀)'စာရင်း၌ လည်းပါဝင်ခဲ့သည်။

မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ