ဘရာဇီး အမျိုးသားပြတိုက် မီးလောင်မှု

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဘရာဇီးနိုင်ငံ၊ ရီယို ဒီ ဂျီးနေးရိုးမြို့ရှိ ဘရာဇီး အမျိုးသားပြတိုက်အဖြစ် ဖွင့်လှစ်ထားသော Paço de São Cristóvão အဆောက်အအုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အဆိုပါပြတိုက်တွင် ပစ္စည်းပေါင်း သန်း ၂၀ ကျော် ထိန်းသိမ်းထားခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့သည်။ ဘရာဇီးသမ္မတ မီချယ်တီမာ က နိုင်ငံအတွက် "ရေတွက်မရနိုင်သည့်" သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးမှုအဖြစ် ပြောဆိုခဲ့သည်။[၂] ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲတွင် စတင်ခဲ့သော မီးလောင်မှု၏ အကြောင်းရင်းကို မဆုံးဖြတ်နိုင်သေးပေ။

ဘရာဇီး အမျိုးသားပြတိုက် မီးလောင်မှု
မီးလောင်နေသော ဘရာဇီး အမျိုးသားပြတိုက်
အချိန်ဒေသအချိန် ၁၉:၀၀; 23:00 UTC
နေ့ရက်၂ စက်တင်ဘာ ၂၀၁၈ (၂၀၁၈-၀၉-၀၂)
နေရာဘရာဇီး အမျိုးသားပြတိုက်
တည်နေရာPaço de São Cristóvão, ရီယို ဒီ ဂျီးနေးရိုးမြို့
ကိုဩဒိနိတ်22°54′21″S 43°13′34″W / 22.90583°S 43.22611°W / -22.90583; -43.22611 43°13′34″W / 22.90583°S 43.22611°W / -22.90583; -43.22611
အမျိုးအစားမီးမတော်တဆမှု
အကြောင်းရင်းမသိရှိရ
သေဆုံးသူ
ဒဏ်ရာရသူ
ပစ္စည်းဥစ္စာ ပျက်စီးမှုပြတိုက် စုဆောင်းမှုများ၏ ၉၂.၅ %[၁]

နောက်ခံ

အဆောက်အအုံသည် Quinta da Boa Vista ဥယျာဉ်တွင် တည်ရှိသော São Cristóvāo နန်းတော်အဆောက်အအုံဖြစ်ကာ ၁၉ ရာစု အစောပိုင်းက တည်ဆောက်ခဲ့ပြီး ပေါ်တူဂီတော်ဝင်မိသားစုသို့ လှူဒါန်းခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်အသွင်ပြောင်းခဲ့သည်။ ထိုအဆောက်အအုံတွင် ဧကရာဇ် Pedro I နှင့် Pedro II တို့ နေထိုင်ခဲ့ကြသည်။ ဘရာဇီးနိုင်ငံ သမ္မတနိုင်ငံအဖြစ် ပြောင်းလဲပြီး သုံးနှစ်အကြာ ၁၈၉၂ ခုနှစ်တွင် ပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။[၃]

၂၀၀၄ ခုနှစ်က တွေ့မြင်ရသော အမျိုးသားပြတိုက် အဆောက်အဦ

ပြတိုက် ဒုတိယဥက္ကဋ္ဌဖြစ်သော Luiz Fernando Dias Duarte က ပြတိုက်အနေဖြင့် အစိုးရအဆက်ဆက် မျက်ကွယ်ပြုမှုများကို ခံစားခဲ့ရကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။[၄][၅] ပြတိုက်တွင် မီးခိုးငွေ့ ထောက်လှမ်းကိရိယာများနှင့် မီးသတ်ဆေးဘူး အနည်းငယ်ရှိသော်လည်း အလိုအလျောက် ရေဖြန်းစနစ်များ မရှိခဲ့ပေ။[၆][၇] ၂၀၀၄ ခုနှစ်မှ စတင်ကာ ဘတ်ဂျက်ဖြတ်တောက်မှုများကြောင့် ပြတိုက်အနေဖြင့် လိုအပ်သော ပြင်ဆင်ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် R$520,000 ကို လက်ခံရရှိခြင်း မရှိခဲ့ပေ။ ထို့အပြင် ၂၀၁၅ ခုနှစ်တွင် သန့်ရှင်းရေးနှင့် လုံခြုံရေးဝန်ထမ်းများကို လစာမပေးနိုင်တော့သဖြင့် ပြတိုက်ကို ခေတ္တပိတ်ထားခဲ့ရသည်။ ပြခန်းများ ပြင်ဆင်စရိတ်အတွက် လူထု၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရကာ ၂၀၁၈ ခုနှစ်အတါင်း ပြတိုက်ထိန်းသိမ်းမှု ဘတ်ဂျက်၏ ၉၀ ရာခိုင်နှုန်း ဖြတ်တောက်ခံခဲ့ရသည်။[၈][၉] ၂၀၁၈ ခုနှစ် ဇွန်လတွင် ပြတိုက် နှစ် ၂၀၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့သေးသည်။[၁၀]

ပြတိုက်တွင် နှစ် ၁၁,၀၀၀ ကြာ ကမ္ဘာ့သမိုင်းတလျောက်မှ ပစ္စည်းပေါင်း သန်း ၂၀ ကျော်ကို ထိန်းသိမ်းထားခဲ့သည်။[၁၁][၁၂] ဘရာဇီးနိုင်ငံ၏ ပုံရိပ်ကို ထင်ဟပ်စေသော ပစ္စည်းများအပါအဝင် ဘရာဇီးသမိုင်းအတွက် အရေးပါသော ရှေးပစ္စည်းများ ပါဝင်သည်။[၁၃] ပြတိုက်၏ တန်ဖိုးကြီးပစ္စည်းများတွင် လူဇီယာ အမျိုးသမီး၏ အကြွင်းအကျန်များ၊ Maxakalisaurus ၏ ရုပ်ကြွင်းနှင့် ပွန်ပေနံရံဆေးရေးပန်းချီ စုဆောင်းမှုများ ပါဝင်ခဲ့သည်။[၃]

မီးလောင်မှု

၂၀၁၈ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့တွင် ပြတိုက်ပိတ်ပြီး များမကြာမီ Quinta da Boa Vista ဥယျာဉ်တွင်းရှိ အမျိုးသားပြတိုက် အဆောက်အအုံ၏ သုံးထပ်စလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။[၁၄][၁၅][၁၆] ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲတွင် မီးသတ်သမားများထံ သတင်းရောက်ရှိခဲ့ပြီး[၁၇] မီးလောင်ရာနေရာသို့ အမြန် ရောက်ရှိလာခဲ့ကြသည်။

၉ နာရီ အချိန်တွင် မီးတောက်များ ပိုမိုကြီးမားလာကာ ပြိုကျခြင်းများ ဖြစ်ပေါ်လာကာ လောင်ကျွမ်းမှုသည် ပိုမိုဆိုးရွားလာခဲ့သည်။[၁၈][၁၉] မီးလောင်မှုကို ကြည့်ရှုရန် လူဒါဇင်ပေါင်းများစွာ Quinta da Boa Vista သို့ ရောက်ရှိလာခဲ့ကြသည်။

၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးသတ်အထူးအဖွဲ့သည် အဆောက်အအုံအတွင်း ဝင်ရောက်ကာ မီးမလောင်သေးသည့် နေရာများကို မလောင်ကျွမ်းနိုင်စေရန် ပိတ်ဆို့မှုများ ပြုလုပ်ပြီး ဆုံးရှုံးပျက်စီးမှုကို လျှော့ချနိုင်ရန် ကြိုးစားခဲ့ကြသည်။[၂၀]

၉ နာရီခွဲအချိန်တွင် အဆောက်အအုံတစ်ခုလုံးကို မီးက ဝါးမျိုသွားခဲ့သည်။ ပြတိုက်တွင် လုပ်ကိုင်ကြသော အစောင့်လေးဦးစလုံး လွတ်မြောက်ရာသို့ ပြေးထွက်နိုင်ခဲ့ကြပြီး သေဆုံးမှုများ မရှိခဲ့ပေ။

၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးသတ်သမားသုံးဖွဲ့သည် မီးငြိမ်းသတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ လှေကားအရှင်ပါသော မီးသတ်ကားနှစ်စီးနှင့် ရေသယ်ယာဉ်နှစ်စီးကို အသုံးပြုခဲ့ကြသည်။

၁၀ နာရီအချိန်တွင် ပြတိုက်ဝန်ထမ်း ဒါဇင်ကျော်ခန့်က မီးငြိမ်းသတ်ရာတွင် ပါဝင်ကူညီခဲ့ကြသည်။ အဆောက်အအုံ၏ အထပ်နှစ်ထပ် ပျက်စီးပြီးဖြစ်ကာ မျက်နှာကြက်များ ပြိုကျခဲ့သည်။ ပျက်စီးမှုများကို တွေ့မြင်ခဲ့သူ ပြတိုက်ဝန်ထမ်းနှင့် စာကြည့်တိုက်မှူးဖြစ်သော အသက် ၄၃ နှစ်အရွယ် Edson Vargas da Silva က "စာရွက်တွေ၊ သစ်သားကြမ်းခင်းတွေ တအားများပြီး အလျင်အမြန် လောင်ကျွမ်းသွားခဲ့တယ်" ဟု ပြောဆိုခဲ့သည်။

ပျက်စီးဆုံးရှုံးမှုများ

ပြတိုက် တရားဝင်ထုတ်ပြန်မှုအရ စုဆောင်းမှုများ၏ ၉၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့ရသည်။[၂၁] မီးသတ်သမားများနှင့် ပြတိုက်ဝန်ထမ်းများ၏ ကြိုးပမ်းမှုများကြောင့် အစိတ်အပိုင်းများကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။[၂၂] အေဒီ ၇၉ ခုနှစ် ဗီဇူးဗီးယက် မီးတောင်ပေါက်ကွဲမှုမှ ကြွင်းကျန်ရစ်သော ပွန်ပေမှ ရိုမန်နံရံဆေးရေးပန်းချီကို မီးလောင်မှုတွင် ဆုံးရှုံးခဲ့ရသည်။[၂၃]

ပြတိုက်အတွင်းတွင် သိပ္ပံဆိုင်ရာ စာကြည့်တိုက်တစ်ခုရှိခဲ့ပြီး ရှားပါးဖန်တီးမှု ထောင်ပေါင်းများစွာ ထိန်းသိမ်းထားရှိခဲ့သည်။ ပြတိုက်အနီး လမ်းများပေါ်တွင် မီးလောင်ထားသော စာရွက်များ တွေ့ရှိခဲ့ရကြောင်း လူမှုကွန်ယက်တွင် မျှဝေမှုများ ရှိခဲ့သည်။[၂၄]

ဌာနေရင်း ဘာသာစကားများနှင့် ပတ်သက်သော စုဆောင်းမှုများသည် မီးလောင်မှုတွင် လုံးဝ ပျက်စီးခဲ့ရသည်။

ဆက်စပ်ဖတ်ရှုရန်

ကိုးကား


ပြင်ပလင့်ခ်များ

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ