မန်းဝင်းခိုင်သန်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စု ဝန်ကြီးချုပ်

မန်းဝင်းခိုင်သန်း (၂၃ ဧပြီ ၁၉၅၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား၊ ရှေ့နေ၊ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် လက်ရှိ အမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စု ဝန်ကြီးချုပ် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်မြေ ၈ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၁][၂][၂][၃][၄] အာဇာနည် ခေါင်းဆောင်ကြီး ဝန်ကြီးမန်းဘခိုင် ၏ မြေးဖြစ်သည်။


မန်းဝင်းခိုင်သန်း
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့
ပြည်​ထောင်စုဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၆ ဧပြီ ၂၀၂၁
ခန့်အပ်သူပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
ဒုတိယ သမ္မတ (ယာယီ)
တာဝန်သက်တမ်း
၉ မတ် ၂၀၂၁ – ၁၆ ဧပြီ ၂၀၂၁
ခန့်အပ်သူပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ
ယခင်လူ
ဆက်ခံသူဒူဝါလရှီးလ
တတိယမြောက် ပြည်ထောင်စုလွှတ်တော် နာယက
တာဝန်သက်တမ်း
၈ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဩဂုတ် ၂၀၁၈
လက်ထောက်ဦးအေးသာအောင်
ယခင်လူဦးရွှေမန်း
ဆက်ခံသူဦးတီခွန်မြတ်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
လက်ထောက်ဦးအေးသာအောင်
ယခင်လူဦးခင်အောင်မြင့်
အမျိုးသားလွှတ်တော် အမတ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်ကရင်ပြည်နယ် မဲဆန္ဒနယ် (၈)
မြဝတီမြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1952-04-23) ဧပြီ ၂၃၊ ၁၉၅၂ (အသက် ၇၁)
ဟင်္သာတမြို့နယ်ဧရာဝတီတိုင်းမြန်မာနိုင်ငံ
လူမျိုးမြန်မာနိုင်ငံသား ကရင်လူမျိုး
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သွေးသားတော်စပ်သူမန်းဘခိုင် (အဖိုး)
မိဘမန်းသန်းရှိန်၊ နန့်ခင်ရီခိုင်
ပညာရေးဟင်္သာတမြို့နယ် ယုန်တလင်းရွာအထက်တန်းကျောင်း
မိခင်ကျောင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်ရှေ့နေ၊ နိုင်ငံရေးသမား
ကိုးကွယ်သည့်ဘာသာခရစ်ယာန်ဘာသာ

ဟင်္သာတမြို့နယ်၊ ယုန်သလင်းရွာအထက်တန်း‌ကျောင်းနှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၇ ခုနှစ်မှစ၍ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ် (United Karen Leauge) ပါတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ ဧရာဝတီတိုင်းကျုံပျော်မြို့၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းတွင် ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။[၅]

နိုင်ငံရေးဘဝ

၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ မြန်မာနိုင်ငံ၏ ခေတ္တဒုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ခန့်အပ်မှုအရ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။[၆][၇]၂၀၂၁ခုနှစ် ၊ဧပြီလ ၁၆ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှဖွဲ့စည်းသော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ