မီဇိုဘာသာစကား

မီဇိုဘာသာစကား (အင်္ဂလိပ်- Mizo language၊ မီဇို- Mizo ṭawng (အသံထွက်- မစ်ဇိုးတြော့(င်))) သည် တိဗက်-ဗမာ မျိုးနွယ်စုဝင် ကူကီး-ချင်း-မီဇိုဘာသာစကားဖြစ်ပြီး အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မီဇိုလူမျိုးများက ဇာတိစကားအဖြစ် ပြောဆိုကြသည်။ မီဇိုဘာသာစကားကို အဓိကအားဖြင့် လူရှိုင်းနှင့် ဒူဟ်လျန်းဒေသိယစကားပေါ်တွင် အခြေခံထားသော်လည်း ၎င်းသည် ၎င်း၏ပတ်ဝန်းကျင်ရှိ မီဇိုမျိုးနွယ်စုခွဲများနှင့် မျိုးနွယ်စုခွဲများမှ စကားလုံးများစွာ ဆင်းသက်လာခဲ့သည်။[၅] မီဇိုဘာသာစကားသည် အင်္ဂလိပ်နှင့်အတူ မီဇိုရမ်ပြည်နယ်၏ ရုံးသုံးဘာသာစကားဖြစ်သည်။[၆]

မီဇို
'Mizo ṭawng'
ဒေသခံအိန္ဒိယနိုင်ငံမြန်မာနိုင်ငံဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဒေသအဓိက
မီဇိုရမ်ပြည်နယ်ချင်းပြည်နယ်
အခြား
တြိပူရပြည်နယ်အာသံပြည်နယ်မဏိပူရပြည်နယ်မေဃာလယပြည်နယ်နာဂလန်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံ
လူမျိုးစုမီဇိုလူမျိုး
ဒေသခံ ပြောဆိုသူများ
၁,၀၀၀,၀၀၀ (၂၀၁၁-၂၀၂၂)[၁][၂]
စာအရေးအသားစနစ်
ဘင်္ဂါလီ-အာသံ အက္ခရာ၊[၃] လက်တင်အက္ခရာ[၃]
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
 အိန္ဒိယ
ဘာသာစကားကုဒ်များ
ISO 639-2lus
ISO 639-3lus
Glottologlush1249[၄]
  မီဇိုဘာသာစကားကို အစိုးရသုံးနှင့် ကျောင်းများတွင်သင်ကြားသော ဒေသများ
  မီဇိုဘာသာစကားကို ကျောင်းများတွင်သင်ကြား ဒေသများ
  မီဇိုဘာသာစကားသည် မည်သည့်တရားဝင်အဆင့်မရှိသော်လည်း သုံးနှုန်းသူ အသင့်အတင့်ရှိသော ဒေသများ
  မီဇိုဘာသာစကားကို ဘုံစကား သို့မဟုတ် အလုပ်စီးပွားရေးသုံး ဘာသာစကား သုံးနှုန်းသောဒေသများ

နံပါတ်များ

နံပါတ်မီဇို
ဂဏန်းစာဖြင့်
1Pakhat (ပခါ(တ်)
2Pahnih (ပနှိ)
3Pathum (ပထူး(မ်))
4Pali (ပလီး)
5Panga (ပငါး)
6Paruk (ပရု(က်))
7Pasarih (ပစရိ)
8Pariat (ပရီယတ်(တ်))
9Pakua (ပကွား)
၁၀10Sawm (စော်(မ်))

မှတ်ချက် ။ ။ အရှေ့တွင်ထည့်သော "pa" သည် အချို့နေရာတွင် မလိုအပ်ပါ။

အက္ခရာ

မီဇိုအက္ခရာသည် လက်တင်အက္ခရာ ကိုအခြေခံပြီး ဗျည်း ၂၅ လုံးပါရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စာလုံးaawbchdefgnghijk
အမည် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင်
စာလုံးlmnoprstuvz
အမည် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင် နားဆင်

မီဇိုနှင့် အခြားဘာသာစကားများ

မီဇိုနှင့် မြန်မာဘာသာစကား

မီဇိုနှင့် မြန်မာဘာသာတို့တွင် ဝေါဟာရတူညီခြင်း အချို့ရှိကြသည်။ ဥပမာအားဖြင့် ငါး (နံပါတ် ၅)၊ ခါး (အရသာ ခါးခြင်း)။

မီဇိုနှင့် ဟိန္ဒီဘာသာစကား

မီဇိုရမ်သည် အိန္ဒိယနိုင်ငံတွင်ဖြစ်သောကြောင့် နိုင်ငံ၏ရုံးသုံးဘာသာစကား ဟိန္ဒီနှင့် ဝေါဟာရတူညီခြင်း များသည်။ ဥပမာ မီဇိုတွင် "အစိုးရ"ကို sawrkar ဟုခေါ်ပြီး ဟိန္ဒီတွင် sarakaar၊ မီဇိုတွင် "သော့"ကို chahbi ဟုခေါ်ပြီးဟိန္ဒီတွင် chaabhee။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ