မျိုးသုဉ်းခြင်း

မျိုးသုဉ်းပျောက်ကွယ်ခြင်း

ဇီဝဗေဒတွင် မျိုးသုဉ်းခြင်း (extinction) သည် မျိုးစိတ်တစ်ခု တည်ရှိခြင်းမှ ပြတ်ဆဲသွားခြင်း ဖြစ်သည်။ ၎င်းမျိုးသုဉ်းခြင်း အချိန်ကို များသောအားဖြင့် နောက်ဆုံး ၎င်းမျိုးစိတ်အကောင် သေသော အခိုက်အဖြစ်ယူကြသည်။ သို့သော် ၎င်းမျိုးဆက်တည်ရေးမှာမှု ၎င်း နောက်ဆုံး ၎င်းမျိုးစိတ်အကောင် မသေမှီကပင် ဆက်လက်ပြန့်ပွားရန် မဖြစ်နိုင်သောကြောင့် မျိုးသုဉ်းခြင်း အခိုက်မှာ ထိုထက်ပင် စောနိုင်သည်။ မျိုးစိတ်တစ်ခု၏ သန်စွမ်းနိုင်မှု အချိန်မှာ အလွန်ပင် ကျယ်ပြန့်သဖြင့် တိုင်းတာရန် ခက်ခဲ့သောကြောင့် ပြီးမှသာ နောက်ပြန် တွက်ချက်ယူရတတ်သည်။ ထိုအခက်အခဲသည် Lazarus taxon ခေါ် မျိုးသုဉ်းပြီးမှ ပြန်လည် ပေါ်ပေါက်လာခြင်း တို့လည်းရှိသည်။

ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
Bufo periglenes ဤဓာတ်ပုံသည် ၁၅ မေ ၁၉၈၉ တွင်ရိုက်ကူးနိုင်ခဲ့သော ရွှေရောင်ဖားငယ် မျိုးစိတ် (ဘပ်ဖို ပယ်ရစ်ဂလင်း) ၏ နောက်ဆုံးမှတ်တမ်းဓာတ်ပုံဖြစ်သည်။
မျိုးသုဉ်းသည့် အဆင့်
အန္တရာယ်မြင့်မားသည့် အဆင့်
အန္တရာယ်နည်းပါးသည့် အဆင့်

အခြားသတ်မှတ်မှု အဆင့်

ဆက်စပ်​သော အကြောင်းအရာများ

IUCN Red List category abbreviations (version 3.1, 2001)
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့်
အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု

NatureServe category abbreviations
Jan Savery သရုပ်ဖော်သော ဒိုဒိုငှက် အကြောင်းမှာ ခေတ်သစ် မျိုးသုဉ်းခြင်း၏ ပြယုဂ် ဖြစ်သည်[၁]

ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်တွင် မျိုးပေါင်းခြင်း (speciation) နည်းစဉ်ဖြင့် မျိုးစိတ် အသစ်များဖြစ်ပေါ်လာပြီး သဘာဝ ပတ်ဝန်းကျင်၏ လစ်လပ်နေသော နေရာတွင်ဖြည့်ဆည်းပေးသည်။ ၎င်းမျိုးစိတ်သည် ထိုလစ်လပ်မှု ပျက်သုဉ်းလျှင် သို့မဟုတ် ပိုမိုစွမ်းအားရှိ မျိုးစိတ်ပေါ်ပေါက်လာလျှင် မျိုးသုဉ်းခြင်းဖြစ်သွားသည်။ ပျမ်းမျှအားဖြင့် မျိုးစိတ် တစ်ခု၏ သိရှိမှု သက်တမ်းမှာ နှစ် ၁၀ သန်း ရှိသည်။ သို့သော် အချို့သော မျိုးစိတ်တို့တွင် ထို့ထက်ပို၍ သက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်း (living fossils) အဖြစ်နှင့် နှစ်သန်း ရာပေါင်းများစွာ တည်ရှိနိုင်သည်။ မျိုးသုဉ်းခြင်းသည် သဘာဝ ဖြစ်စဉ် တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် ရှင်သန်ခဲ့ဖူးသမျှ ၉၉.၉ ရာနှုန်းသော မျိုးစိတ်တို့မှာ မျိုးသုဉ်းခဲ့ပြီး ဖြစ်လေသည်။[၂][၃][၄][၅][၆]

လူသားများ ကမ္ဘာအနှံ မပြန့်နှံမှီက မျိုးသုဉ်းခြင်းမှာ ဖြည်းဖြည်းမှန်မှန်သာဖြစ်ပြီး အမြောက်အမြား မျိုးသုဉ်းခြင်း (mass extinctions) မှာ ရှားသည်။ သာမန်မျိုးစိတ်တစ်ခုသည် ယင်းမျိုးစိတ် ပထမဆုံးပေါ်ပေါက်ပြီး နှစ်ပေါင်း ၁၀ မီလီယံကြာသော် မျိုးသုဉ်းပျောက်ကွယ်လေ့ရှိသည်။[၆] လူသားများ စတင်ပေါ်ပေါက်ချိန်နှင့် အချိန်ကိုက်ဖြစ်သော လွင်ခဲ့သော နှစ်ပေါင်း ၁၀၀ ၀၀၀ ခန့် ကမှသာ Cretaceous ပြီးနောက် ၎င်း အမြောက်အမြား မျိုးသုဉ်းခြင်း အဆမတန် များပြားစွာ ဖြစ်ပေါ်လာသည်။ ဤသည်ကို Holocene extinction event ဟု ခေါပြီး ၎င်းကဲ့သို့ အခိုက်မျိုး ကမ္ဘာပေါ်တွင် ခြောက်ခါ ဖြစ်ခဲ့ဖူးသည်။ မျိုးသုဉ်းပျောက်ကွယ်သွားသော မျိုးစိတ်အများစုကို သိပ္ပံနည်းကျ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ အချို့သောသိပ္ပံပညာရှင်များက ၂၁၀၀ ခုနှစ်ရောက်လျင် လက်ရှိ အပင်နှင့် တိရစ္ဆာန်မျိုးစိတ် ထက်ဝက်ခန့် မျိုးသုဉ်းမည်ဟု ခန့်မှန်းကြသည်။ [၇] ကမ္ဘာပေါ်ရှိ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၂၅ ရာခိုင်နှုန်းသည် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။[၈][၉][၁၀] မျိုးသုဉ်းပျောက်ကွယ်ခြင်း၏ အဓိကအကြောင်းရင်းမှာ သစ်တောများ ခုတ်လှဲပြီး စိုက်ပျိုးရေးအတွက်အသုံးချသော လူသားတို့၏ လုပ်ဆောင်ချက်များကြောင့်ဖြစ်သည်။[၁၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ