မာတိကာသို့ ခုန်သွားရန်

မြေဓာတ်

ဝီကီပီးဒီးယား မှ
(မြေ မှ ပြန်ညွှန်းထားသည်)

မြေဓာတ် သည် ရှေးဟောင်းအယူအဆဖြစ်သည့် အခြေခံကျသော ဓာတ်ကြီးလေးပါးအနက်မှ တစ်ခုဖြစ်သည်။ မြေဓာတ်ကို ပထဝီဓာတ်ဟု ခေါ်ဆို၍ ကျန်သုံးခုမှာ တေဇောဓာတ် (မီး)၊ အာပေါဓာတ် (ရေ)၊ ဝါယောဓာတ် (လေ) တို့ဖြစ်ကြသည်။

မြန်မာ အယူဝါဒ

မြန်မာတို့၏ ရှေးဟောင်းရိုးရာ အယူအဆတစ်ရပ်မှာ လူသားများမပေါ်မီကပင် ကမ္ဘာမြေကြီးတည်ရှိနေသည်။ မြေသင်းနံ့ကြောင့် ဗြဟ္မာကြီးများဆင်းလာပြီး ၄ဦးမှာ မြေဆီလွှာကို တပ်မက်စားသုံးမိသဖြင့် ဗြဟ္မာဘုံသို့ ပျံသန်းမတက်နိုင်တော့ပဲ အခြေချနေထိုင်ကြရာမှ လူသားများ ပေါက်ဖွားလာသည် ဆိုကြသည်။မြေကမ္ဘာကို နတ်မင်းကြီးလေးဦး ထမ်းပိုးစောင့်ရှောက်ထားပြီး ၎င်းတို့ ပခုံးပြောင်းသည့် အခိုက်အတန့်များတွင် မြေငလျင်လှုပ်ခြင်း ဖြစ်ပေါ်သည်ဟုလည်း ယူဆတတ်ကြသည်။မြေကြီးသည် အခြားသောအရာဝတ္တုများနှင့် နှိုင်းစာသော် တည်တံ့ခိုင်မြဲသည့် သဘောကိုလည်း အလေးထားတတ်ကြသည်။မြေကြီးသည် ကောင်းမွန်သန့်ရှင်းအောင် ပြုပြင်ခြင်း၊ တူးဆွဖြိုဖျက်ခြင်း၊ ညစ်ညမ်းရှုပ်ထွေးစေခြင်းတို့အပေါ် မတုန်မလှုပ် သည်းခံနိုင်ပေသည်ဟု စံနမူနာပြုတတ်ကြသည်။အရာရာကိုသည်းခံနိုင်ပြီးအများအကျိုးသယ်ပိုးသူများကို မြေသားဆန်သည်ဟု အမွှန်းတင် ပြောဆိုရလောက်အောင် မြေကြီးသည် အရေးပါခဲ့သည်။မြေကို အမှီပြုနေထိုင်ကြရပြီး ပတ်ဝန်းကျင်အပေါ်၊ လောကအပေါ် ကျေးဇူးပြန်လည် မတုံ့ပြန်နိုင် သိတတ်မှု မရှိသူများအား အလကား ဆန်ကုန်မြေလေးတွေ ဟု ကဲ့ရဲ့ရှုံ့ချသောအမြင် ရှိတတ်ကြပြီး ရေမြေတောတောင် သဘာဝအရင်းအမြစ်များအပေါ် တန်ဖိုးထားတတ်၊ ကျေးဇူးပြုတတ်သူများကို ချီးမွမ်းကြသည်။မြေဓာတ်ကို မြန်မာတို့က လောကရှိ အခြေခံအကျဆုံးဓာတ်သဘာဝ လေးခုအနက် တစ်ခုအဖြစ်မှတ်ယူတတ်ကြပြီး စိန့်တိုင်းသားပေါက်ဖော်များကမူ အခြေခံအကျဆုံး ဓာတ်ကြီး ငါးခုအနက်မှ တစ်ခုအဖြစ် သတ်မှတ်ကြသည်။ (ယင်းဓာတ်ကြီးလေးပါး တို့မှာ ရေဓာတ်၊ မြေဓာတ်၊ လေဓာတ်၊ မီးဓာတ် တို့ဖြစ်ပြီး ငါးပါးယူဆသူတို့မှာ သတ္တုဓာတ်ကို မြေဓာတ်မှ သီးခြားခွဲ၍ ရှုမြင်ကြခြင်းဖြစ်သည်။)

ဂရိ နှင့် ရောမ အယူဝါဒ

ဂရိ ရှေး ဖီလိုဆိုဖီ နှင့် သိပ္ပံ အယူအဆ အရ မြေ သည် ဓာတ်ကြီး လေးပါး ၌တစ်ပါး အပါအဝင် ဖြစ်သည်။ ၎င်းသည် လက်တွေ့ကြခြင်း၊ ခုခံခြင်းနှင့် ဒြပ်ဝတ္တု သဘောကို ဆောင်သည်။ ထို့အပြင် သတ္တဝါ တို့ ခံစားရေး ရုပ်ကမ္ဘာလည်း ဖြစ်သည်။

အိန္ဒိယ အယူဝါဒ

ဟိန္ဒူဘာသာဖြင့် Prithvi (Sanskrit: pṛthvī, also pṛthivī) သည် ကမ္ဘာမြေ သို့ အမိ ဘုရား (mother goddess) ဟု အဓိပ္ပါ ယ်ရသည်။

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်အောင်ဆန်းစုကြည်မြန်မာနိုင်ငံမင်းအောင်လှိုင်အောင်ဆန်းအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ကဆုန်လပြည့် ဗုဒ္ဓနေ့ထိုင်းနိုင်ငံပုဂံမန္တလေးမြို့မေတ္တသုတ်ဂျပန်နိုင်ငံတပ်မတော် (ကြည်း)ညောင်ရေသွန်းပွဲနန်းမတော်မယ်နုရွှေတိဂုံစေတီတော်ပဋ္ဌာန်းရန်ကုန်မြို့စကားကြီး ဆယ်မျိုးပရိတ်ကြီး ၁၁ သုတ်ဘာဂျာမှုတ်ခြင်းမဟာသမယသုတ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များကားလိုး ကော်လိုဒီတပ်မတော်ဒုတိယ ကမ္ဘာစစ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကဏ္ဍ:မြန်မာစကားပုံများအထူး:လတ်တလောအပြောင်းအလဲများမိန်းမ မျိုးပွားအင်္ဂါတရုတ်ပြည်သူ့သမ္မတနိုင်ငံစင်ကာပူနိုင်ငံဗုဒ္ဓဘာသာမြန်မာနိုင်ငံရှိ မြို့များမြန်မာသရုပ်ဆောင်များစာရင်းဂေါတမဗုဒ္ဓပုလွေမှုတ်ခြင်းအော်ကာ