ရာဟုလာ

ဂေါတမဘုရား၏သားတော်
(ရာဟုလာထေရ် မှ ပြန်ညွှန်းထားသည်)

ရာဟုလာထေရ်သည် ဂေါတမမြတ်စွာဘုရားလက်ထက် ထင်ရှားသော ထေရ်တစ်ပါး ဖြစ်သည်။ ဂေါတမမြတ်စွာဘုရား သည် ဘုရားမဖြစ်မီ သိဒ္ဓတ္ထမင်းသားဘဝက ယသောဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်ရာမှ ဖွားမြင်သော သားတော် ဖြစ်သည်။ ဘုရားအလောင်းတော်အဖို့ လကို ရာဟုဖမ်းသကဲ့သို့ သံယောဇဉ် အနှောင်အဖွဲ့နှင့် တူသည်ဖြစ်၍ ရာဟုလာအမည် တွင်သည်။

Rāhula
ဘာသာဗုဒ္ဓဘာသာ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၅၃၄ ဘီစီခန့်
ကပိလဝတ်ပြည်
ကွယ်လွန်တာဝတိံသာ
မိဘသိဒ္ဓတ္ထမင်းသား (ဖခင်)၊ယသောဓရာ (မိခင်)
ရာထူး တာဝန်
ဂုဏ်ဒြပ်ထေရ
ဘာသာရေးရာ
ဆရာ(များ)ဂေါတမဗုဒ္ဓ

မဟာသက္ကရာဇ် ၁ဝ၄ ခုနှစ် တပေါင်းလတွင် မြတ်စွာ ဘုရားသည် ကပိလဝတ်ပြည်သို့ ကြွတော်မူပြီးနောက် ရာဟုလာ ၏မယ်တော် ယသောဓရာမိဖုရားသည် သားတော်ရာဟုလာအား ဖခမည်းတော် ဘုရားထံတွင် ဖွားတော်မူစဉ်က ပေါ်ပေါက်ခဲ့ သော ရွှေအိုးကြီးများကို အမွေတောင်းရန် စေလွှတ်သည်။ရာဟုလာသည် မြတ်စွာဘုရားထံသို့ ရောက်သောအခါ မြတ်စွာဘုရားက လောကီအမွေထက် မြတ်သော လောကုတ္တရာ အမွေကို ပေးရန် ရှင်မဟာမောဂ္ဂလာန်ကို ခေါ်၍ ဆံရိတ်စေ သည်။ ထိုနောက် ရှင်သာရိပုတ္တရာအား သရဏဂုံပေးစေလျက်၊ ရှင်မဟာကဿပကို ဩဝါဒဆရာပြုစေကာ သာသနာ့ဘောင်သို့ သွတ်သွင်းတော်မူသည်။

ထိုအချိန်တွင် ရှင်ရာဟုလာမှာ အသက် ခုနစ်နှစ်မျှသာ ရှိသေးသည်။ မြတ်စွာဘုရားသည် ရာဟုလာအား သိက္ခာပုဒ် မြဲ စေရန် ရာဟုလောဝါဒသုတ်ဖြင့် ဆုံးမတော်မူသည်။ ရာဟုလာ ကား သိက္ခာပုဒ်တို့ကို ပို၍ အားထုတ်လိုသောဆန္ဒ ပြင်းထန်လှ သည်။ အသက် ၁၈ နှစ်ရွယ်အထိ ပြက်ရယ်ပြုသောစကားကိုမျှ မပြောချေ။ ရှင်ရာဟုလာကိုယ်တော်မှာ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သောလက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသဖြင့် လူအများက တဏှာပေမဖြင့် ချစ်ခင်ကြသောကြောင့် မြတ်စွာဘုရားက မဟာရာဟုလောဝါဒသုတ်ကို ဟောတော်မူသည်။

ရှင်ရာဟုလာသည် အသက် ၁၈ နှစ်ရှိသောအခါ ဉာဏ် ရင့်ပြီဖြစ်သဖြင့် မြတ်စွာဘုရားက စူဠရာဟုလောဝါဒသုတ်ကို ဟောတော်မူရာ တရားတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်သည်။

ရှင်ရာဟုလာသည် သိက္ခာကို ထိန်းသိမ်းရာတွင် အလွန် ခိုင်မြဲလွန်ကဲသောကြောင့် သိက္ခာကာမာနံဧတဒဂ်ဘွဲ့ဖြင့် ချီမြှောက်တော်မူခြင်း ခံရလေသည်။[၁]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ