ရိုးရာတရုတ်စာလုံးများ

ထိုင်ဝမ်၊ ဟောင်ကောင်နှင့် မကာအိုတို့တွင် အသုံးပြုသော တရုတ်စာလုံးရေးနည်း

ရိုးရာတရုတ်စာလုံးများ သို့မဟုတ် တန်းရှိစာ(正體字)သည် တရုတ်အရေးအသားစနစ်တွင် အသုံးပြုသောတရုတ်စာလုံးများဖြစ်သည်။ ထိုရိုးရာစာလုံးများသည် စာလုံးပုံစံများပြောင်းလဲခဲ့ပြီးသော အေဒီ ၂ ရာစုမှစ၍ ထိုအသွင်အတိုင်းတည်ရှိနေခဲ့သည်။[၁] တရုတ်အက္ခရာကို စာရေးစနစ်အဖြစ် အသုံးပြုကြသောနိုင်ငံများသည် တရုတ်စကားလုံးပုံစံများကို မပြောင်းလဲခင် ၂၀ ရာစုနှစ်အလယ်အထိ ရိုးရာတရုတ်သည် တရုတ်အရေးအသားတွင် စံပုံစံဖြစ်ခဲ့သည်။[၁][၃][၄][၅][၆]

ရိုးရာတရုတ်
အမျိုးအစား
ဘာသာစကားများတရုတ်ကိုရီးယား (ဟန်ဂျာ)၊ ဂျပန်
အချိန်ကာလ
အေဒီ ၂ ရာစုမှစ၍[၁]
မိခင်စနစ်များ
အရိုးပေါ်စာအရေးအသား
ရင်သွေးစနစ်များ
လားရာVaries
ISO 15924Hant, 502
ရိုးရာတရုတ်စာလုံးများ
ရိုးရာ တရုတ်
ရိုးရှင်းသော တရုတ်
ဆိုလိုရင်းစံပုံစံအက္ခရာများ
အခြားအမည်
ရိုးရာ တရုတ်
ရိုးရှင်းသော တရုတ်
ဆိုလိုရင်းရှပ်ထွေးပုံစံအက္ခရာများ
လက်ရှိသို့မဟုတ်ယခင်က စာရေးစနစ်အဖြစ် တရုတ်စာလုံးများကို တရားဝင်အသုံးပြုနေသည့် နိုင်ငံများနှင့်ဒေသများ:
  ရိုးရာတရုတ်ကို တရားဝင်အသုံးပြု (ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအို)
  ရိုးရှင်းတရုတ်ကို တရားဝင်အသုံးပြုသော်လည်း ရိုးရာတရုတ်ကို ထုတ်ဝေရာတွင်လည်းအသုံးပြု (စင်္ကာပူနှင့် မလေးရှား)[၂]
  ရိုးရှင်းတရုတ်ကို တရားဝင်အသုံးပြု (တရုတ်၊ ကိုးကန့် နှင့် ဝပြည်နယ်
  တရုတ်အက္ခရာများကို သက်ဆိုင်ရာ မိခင်ဘာသာစကား၏ အက္ခရာများနှင့်အပြိုင်အသုံးပြု (တောင်ကိုရီးယား၊ ဂျပန်)၊
  တရုတ်စာလုံးများကိုတစ်ချိန်က တရားဝင်အသုံးပြုခဲ့သော်လည်း ယခုအခါအသုံးမပြုတော့ (မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်)

ရိုးရာတရုတ်ကို တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)၊ ဟောင်ကောင် နှင့် မကာအိုတို့တွင် ဆက်လက်သုံးစွဲသည်သာမက ပြည်ပရောက်တရုတ်လူမျိုးအချို့လည်းသုံးစွဲကြသည်။[၇] ကိုရီးယားဘာသာစကားဟန်ဂျာအက္ခရာအများစုသည် ရိုးရာတရုတ်စာလုံးများနှင့်ဆင်တူကြသည်။ ထိုင်ဝမ်အစိုးရသည် ရိုးရာတရုတ်စာလုံးများ အသုံးပြုခြင်းကိုအားပေးပြီး ပညာရေးဝန်ကြီးဌာနက တရားဝင်ထိန်းသိမ်းသည်။

ဆက်စပ်ကြည့်ရန်

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ