လျှပ်ကာ

လျှပ်ကာ သည် လျှပ်စစ်ဓာတ်များ လွပ်လပ်စွာ မစီးဆင်းနိုင်သော ပစ္စည်းများဖြစ်ကြသည်။ ထို့ကြောင့် လျှပ်စီးကြောင်းသည်လျှပ်စစ်စက်ကွင်းအောက်တွင် စီးကူးရန် မဖြစ်နိုင်သလောက်ရှိသည်။ ယင်းသည် လျှပ်ကူးပစ္စည်းများ၊ တပိုင်းလျှပ်ကူးပစ္စည်းများအတွက်လည်းအကျုံးဝင်သည်။ လျှပ်ကာတစ်ခုအား သတ်မှတ်ချက်မှာ ယင်း၏ ခုခံအားဖြစ်ကာ လျှပ်ကူး သို့မဟုတ် တပိုင်းလျှပ်ကူးပစ္စည်းများထက်ခုခံအားပိုကောင်းသည်။ ပြီးပြည့်စုံသော လျှပ်ကာဆိုသည်မှာ မရှိပေ။ အဘယ်ကြောင့်ဟူမူ လျှပ်ကာတစ်ခုတွင် ပမာဏနည်းပါးသောcharge carrier များပါဝင်သည်။ ယင်းတို့သည် သတ်မှတ်ထားသောအခြေနေတွင် လျှပ်စီးကြောင်းအား သယ်ဆောင်နိုင်သည်။ လျှပ်ကာများသည် ဗို့အား အင်မတန်များပြားသော အခြေနေတွင် လျှပ်ကူးပစ္စည်းများ ဖြစ်နိုင်သည်။ ယင်းအား လျှက်ကာ၏ ကျိုးပျက်သည့်ဗို့ဟု ခေါ်သည်။ဖန်၊ စာရွက်၊ တယ်ဖလွန်ကဲ့သို့သော အရာဝတ္ထုများသည် မြင့်မားသည့် ခုခံနိုင်အားရှိကြပြီး အင်မတန်ကောင်းမွန်သော လျှပ်ကာများဖြစ်ကြသည်။အခြားသော လျှပ်ကာပစ္စည်းများသည် နည်းပါးသော ခုခံနိုင်အားရှိကြသော်လည်း သာမန်အသုံးပြုသော ဗို့အားအတွက် လုံလောက်သည့်လျှပ်ကာနိုင်စွမ်း ရှိကြသည်။ ယင်းတို့အား လျှပ်စစ်ဝိုင်ယာရိန်းနှင့် ကေဗယ်များတွင် အသုံးချသည်။ ဥပမာဆိုရသော် ပိုလီမာနှင့် ပလစ်စတိတ်များ ဖြစ်ကြသည်။လျှပ်ကာများအား လျှပ်စစ်ပစ္စည်းများတွင် အသုံးချသည်။ ယင်းတို့အား လျှပ်ကူးပစ္စည်းများနှင့် ခွဲထုတ်ရန်ဖြစ်သည်။

10 kV ကြွေသီး လျှပ်ကာ
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ