လှိုင်းတို ရေဒီယို

လှိုင်းတို ရေဒီယို သည် ရေဒီယိုထုတ်လွှင့်မှုတမျိုးဖြစ်ပြီး လှိုင်းတိုရေဒီယိုကြိမ်နှုန်းများ (SW) ကို သုံးသည်။ ထိုလိုင်းအတွက် တိကျသော လိုင်းအကျယ်ဟူ၍ သတ်မှတ်မထား။ သို့သော် ၃-၃၀ မဂ္ဂါဟက် (မီတာ ၁၀ဝ မှ ၁၀ မီတာ အကြား) လွှင့်နိုင်သော ကြိမ်နှုန်းမြင့်လိုင်း (HF)၊ ၃၀၀ ကီလိုဟက် မှသည် ၃ မဂ္ဂါဟက် လွှင့်နိုင်သော ကြိမ်နှုန်းလတ်လိုင်း (MF)၊ ၃၀-၃၀၀ မဂ္ဂါဟက် လွှင့်နိုင်သော ကြိမ်နှုန်းအလွန်မြင့်လိုင်း (VHF) တို့ကိုလည်း လိုင်းတိုဟုပင် သုံးတတ်ကြသည်။ [၁][၂]

လိုင်းတိုလိုင်းတွင်သုံးသော ရေဒီယိုလှိုင်းမှာ အိုင်ရွန်နိုစဖီးရား ခေါ် အိုင်ရွန်းစုလေထုလွှာရောက်လျှင် ကန်ထွက်ခြင်း၊ ထောင့်စောင်းခြင်းများ ဖြစ်တတ်သည်။ ထို့ကြောင့် မှန်ကန်သောထောင့်တခုခုဖြင့် လိုင်းတိုကို ကောင်းကင်သို့ လွှင့်လိုက်ပါက လိုင်းမိစေလိုသော အရပ်ဒေသသို့ရောက်အောင် ပြုနိုင်သည်။ ယင်းသို့လုပ်သည်ကို ကောင်းကင်လှိုင်းသုံးထုတ်လွှတ်ခြင်း ခေါ်သည်။ ထို့ကြောင့် လိုင်းတိုသည် အလွန်ဝေးသော အရပ်ဒေသများသို့ ဆက်သွယ်ရာတွင် အသုံးဝင်သည်။ အသံလွှင့် တေးလွှင့်ဌာနများသည် လိုင်းတိုသုံးကာ ရပ်ဝေးဒေသသို့ ထုတ်လွှင့်လေ့ ရှိသည်။

အခြားအသုံးများမှာ စစ်ဘက်၌ မိုးကုတ်စက်ဝိုင်းလွန်ရေဒါအဖြစ်လည်းကောင်း၊ သံတမန်ရေး ဆက်သွယ်ရန်လည်းကောင်း၊ အပျော်တမ်း ရေဒီယိုဝါသနာရှင်များအနေဖြင့် နိုင်ငံဖြတ်ကျော်ဆက်သွယ်ရေးအတွက်လည်းကောင်း၊ ပညာရေးဆိုင်ရာ ထုတ်လွှင့်မှုများအတွက်လည်းကောင်း၊ အရေးပေါ်ကိစ္စများကြေညာရန်လည်းကောင်း၊ (လေထုပေါ်ရောက်နေသော လေယာဉ်မှ မြေပြင်ရှိ လေဆိပ်တခုခုသို့) လေကြောင်းဆိုင်ရာ ခရီးဝေးဆက်သွယ်ရေးအတွက်လည်းကောင်း၊ ရေကြောင်းဆက်သွယ်ရေးတွင်လည်းကောင်း အမျိုးမျိုး အသုံးချကြသည်။

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ