သတ္တု

သတ္တုအမျိုးအစား

အကြမ်းအားဖြင့် သတ္တု ဆိုသည်မှာ ပါဝင်ဖွဲ့စည်းသော အက်တမ်တို့၏ အပြင်ပန်းအီလက်ထရွန်များ အဖြစ် အရေအတွက် ၁ ခု၊ ၂ ခု၊ ၃ ခု ပါရှိတတ်သည့် ဒြပ်စင်များ ဖြစ်သည်။ ထို့ကြောင့် ဓာတုဓာတ်ပြုမှုတွင် ယင်းအက်တမ်များက အဆိုပါအီလက်ထရွန်များကို စွန့်ထုတ်ကာ လျှပ်စစ်အဖိုဓာတ်ဆောင်သော အိုင်းယွန်းများအဖြစ် ပြောင်းလဲပါဝင်တတ်သည်။ အဆိုပါအီလက်ထရွန် ဖြန့်ကျက်မှုကြောင့် ကွမ်တမ် မက္ကင်းနစ် အားဖြင့် သံလိုက်ဓာတ် ဆောင်တတ်သည့် သဘောအခြေအနေလည်း ရှိနေခြင်း ဖြစ်သည်။ ဒြပ်ထုအဖြစ် စုဝေးရာတွင် လွတ်လပ်နေသည့် အီလက်ထရွန်များ ရှိနေ၍ လျှပ်ကူးပစ္စည်းများ ဖြစ်နေသည်။

ရှေးခေတ်ဂရိလူမျိုးတို့၏ μέταλλον métallon, "mine, quarry, metal"[၁][၂] ဟူသောစကားလုံးမှ ဆင်းသက်လာပြီး မာကျော၊ တောက်ပြောင်သည့် ဓာတုဗေဒ ဒြပ်ပေါင်းဟု ဆိုနိုင်သည်။ သတ္တုသည် လျှပ်စစ်စီးကူးမှု ကောင်းမွန်ပြီး မအက်ကွဲစေဘဲ ဆွဲဆန့်နိုင်၊ လိုသလို ပုံဖော်နိုင်သောအရာလည်း ဖြစ်သည်။ ယင်းအပြင် အရည်ပျော်စေနိုင်ပြီး နန်းမျှင်များအဖြစ် ဆွဲဆန့်နိုင်သေးသည်။[၃] ၁၁၈ ခုသော ဒြပ်စင်အလှည့်ကျဇယား၏ ၉၁ ခုသည် သတ္တုများ ဖြစ်ကြသည်။ အချို့သော ဒြပ်စင်များသည် သတ္တုပုံစံ၊ သတ္တုမဟုတ်သောပုံစံအဖြစ် နှစ်မျိုးစလုံး တွေ့ရသည်။ နက္ခတ္တရူပဗေဒပညာရှင်များက ဟိုက်ဒရိုဂျင်နှင့် ဟီလီယမ်ကို ဘေးဖယ်ပြီး ကျန်သောဒြပ်စင်များကို သတ္တုအဖြစ် ဖော်ပြကြသည်။ သို့သော် ရှေးရိုးစွဲခေါ်နေကျ သတ္တုများကို ရည်ညွန်းခြင်း မဟုတ်ပေ။[၄]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ