အကူအညီ:ဝီကီပီးဒီးယား မိတ်ဆက်

ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးဆောင်ရွက်ခြင်း မိတ်ဆက်
ဝီကီပီးဒီးယားက အခမဲ့ စွယ်စုံကျမ်းတစ်ခုဖြစ်ပြီး အသုံးပြုတဲ့သူတွေကပဲ ပူးပေါင်း ရေးသားထားကြတာပါ။ ၂၀၀၁ ခုနှစ်ကနေ စတင်ခဲ့ပြီးတော့ အခုအခါမှာ အလျင်အမြန် ကြီးထွားလာပြီး ကမ္ဘာ့အကြီးဆုံး ရည်ညွှန်းဝဘ်ဆိုဒ်တစ်ခု ဖြစ်လာပါပြီ။ လတ်တလော မြန်မာဝီကီပီးဒီးယားမှာ ဆောင်းပါးပေါင်း ၁၀၇၆၂၇ ရှိနေပြီး လစဉ် ဝင်ရောက်ကြည့်ရှုမှုသန်းချီ ရှိနေပါတယ်။ ပရောဂျက်အကြောင်း အသေးစိတ် သိရှိနိုင်ဖို့ ဝီကီပီးဒီးယား အကြောင်းကို ဖတ်ရှုပေးပါ။

ဘယ်လို ပါဝင်ပံ့ပိုးနိုင်သလဲ

A 3D-printed Wikipedia globe being held in someone's hands

တည်းဖြတ်ဖို့အတွက် ကြောက်မနေပါနဲ့ – စာမျက်နှာတိုင်းနီးပါးကို မည်သူမဆို ပြင်ဆင်တည်းဖြတ်နိုင်ပါတယ်။ သင့်အနေနဲ့ အကြောင်းအရာတွေထည့်သွင်းတာ (ကိုးကားတွေနဲ့)၊ ပုံတွေတင်တာ၊ စာလုံးပေါင်းနဲ့ သဒ္ဒါအမှားတွေ ပြင်ဆင်တာ၊ ဖတ်လို့ကောင်းအောင် ပြင်ဆင်တာ စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ လူသစ်တွေအနေနဲ့ ကျွန်ုပ်တို့ရဲ့ မူဝါဒများကြောင့် အနည်းငယ် ထိတ်လန့်တတ်ကြမယ့် အစောပိုင်းမှာ အကုန်လုံးကို နားမလည်သေးပေမယ့် စိတ်ပူမနေပါနဲ့။ တည်းဖြတ်ပြင်ဆင်မှုကို သာမန်လိုပဲ သဘောထားပြီး ပြင်ဆင်နိုင်ပါတယ်။ တကယ်လို့များ တစ်ခုခု မှားယွင်းလုပ်ဆောင်မိတယ်ဆိုရင် အခြားတည်းဖြတ်သူ တစ်ဦးဦးကနေ ပြန်လည်ပြင်ဆင်ပေးသွားပါလိမ့်မယ်။ ဒါကြောင့် ရှေ့ဆက်လုပ်ပါ၊ ဆောင်းပါးတစ်ပုဒ်ကို တည်းဖြတ်ပြင်ဆင်ပြီး ဝီကီပီးဒီးယားကို ကမ္ဘာ့အကောင်းဆုံး သတင်းအချက်အလက် ရင်းမြစ်ဖြစ်အောင် ကူညီလိုက်ပါ။

အကြံပြုဆွေးနွေးခြင်း – ဆောင်းပါးတိုင်းမှာ သက်ဆိုင်ရာ "ဆွေးနွေးချက်" စာမျက်နှာတွေရှိပြီး ဆောင်းပါးကို ပိုမိုကောင်းမွန်အောင် အကြံပြုဆွေးနွေးနိုင်ပါတယ်။

လှူဒါန်းမှု – ဝီကီပီးဒီးယားကို အခမဲ့အသုံးပြုနိုင်ပြီး စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းတည်းဖြတ်ပြင်ဆင်ပေးနေတာပါ။ ဒါပေမယ့် ဆာဗာတွေ ဆက်လက်အလုပ်လုပ်နိုင်ဖို့ လှူဒါန်းမှုတွေပေါ်မှာ မှီခိုနေရတာပါ။ ကျေးဇူးပြုပြီး ပရောဂျက် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကုန်ကျစရိတ်တွေအတွက် လှူဒါန်းခြင်းဖြင့် ကူညီနိုင်ပါတယ်။


အကောင့်တစ်ခုဖွင့်လိုက်ပါ

အမည်မဖော်ဘဲ တည်းဖြတ်လို့လဲရပါတယ်။ ဒါပေမယ့် အကောင့်တစ်ခု မှတ်ပုံတင်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေရှိပါသေးတယ်။

အကောင့်သစ်ဖွင့်မယ်


အခုပဲ တည်းဖြတ်တာကို စမ်းလုပ်ကြည့်ရအောင်

တည်းဖြတ်ခြင်းက ဘယ်လိုနေသလဲဆိုတာကို စမ်းကြည့်နိုင်ဖို့ အောက်က "sandbox" စမ်းသပ်စာမျက်နှာတစ်ခုခုကို နှိပ်ပြီး ပြင်ဆင်ကြည့်ပါ။

စာမျက်နှာကို မျက်မြင် တည်းဖြတ်မယ်စာမျက်နှာကို မျက်မြင် တည်းဖြတ်မယ်ဒါမှမဟုတ်wiki markup နဲ့ တည်းဖြတ်မယ်wiki markup နဲ့ တည်းဖြတ်မယ်

စာသား အချို့ ရိုက်ထည့်ပြီး ကြည့်ရှုရ အဆင်ပြေပြီဆိုရင် ပြောင်းလဲမှုများကို လွှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်ပါ။ တစ်ခုခု ပျက်စီးသွားမှာကို မစိုးရိမ်ပါနဲ့။ အဲဒီစာမျက်နှာတွေက စမ်းသပ်ဖို့ လုပ်ထားတာပါ။


A video that articulates the diversity and enthusiasm of the Wikipedia community. (4 min 10 s)

နောက်ကွယ်မှာ အများကြီး ရှိပါသေးတယ်

ဝီကီပီးဒီးယားမှာ ဆောင်းပါးစာမျက်နှာတွေအပြင် နောက်ကွယ်မှာ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ စာမျက်နှာတွေ အများကြီး ရှိပါသေးတယ်။

WikiProjects – Special-interest editor communities
Extensive help pages – Support and advice from other Wikipedians
Community portal – A general directory to the community pages







🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ