အင်ဒပ်စထရီ ၄.၀

အင်ဒပ်စထရီ ၄.၀ (Industry 4.0) ဆိုသည်မှာ ကုန်ထုပ်လုပ်ရေး နည်းပညာများ၌ လက်ရှိ ဖြစ်ပေါ်နေသော အော်တိုမေးရှင်းနှင့် အချက်အလက် ဖလှယ်ခြင်း တို့ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ၎င်းတွင် ဆိုင်ဘာ-ရူပစနစ်အင်တာနက်ချိတ်ဆက် ပစ္စည်းများ၊ မိုးတိမ်ကွန်ပျူတင်း၊ [၁][၂][၃][၄] နှင့် သိမြင်မှု ကွန်ပျူတင်း တို့ ပါဝင်သည်။ အင်ဒပ်စထရီ ၄.၀ အားအများစုက စတုတ္ထမြောက် စက်မှုတော်လှန်ရေးဟု အမည်ပေးထားကြသည်။

စက်မှုတော်လှန်ရေး နှင့် အနာဂတ်

အင်ဒပ်စထရီ ၄.၀ သည် "စမတ်ကျသော စက်ရုံ" ဟု ခေါ်သော အရာကို ဖန်တီးပေးသည်။ စမတ်ကျသော စက်ရုံ၏ အပိုင်းလိုက် ခွဲခြားထားသော အစိတ်အပိုင်းများတွင်၊ ဆိုင်ဘာ-ရူပစနစ်သည် ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို စောင့်ကြည့်ပြီး၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ၏ ပုံတူကို ဆော့ဖ်ဝဲလ်စနစ် အတွင်း ဖန်တီးပြီး တစ်နေရာတည်းမှ ဆုံးဖြတ်ချက်ချခြင်း မဟုတ်ဘဲ နေရာပေါင်းများစွာမှ ဆုံးဖြတ်ချက်ချခြင်းကို လုပ်ဆောင်သည်။ အင်တာနက်ချိတ်ဆက် ပစ္စည်းများ ပေါ်တွင် ဆိုင်ဘာ-ရူပစနစ်များသည် အချင်းချင်း အတွင်းထဲတွင် ဆက်သွယ်ကြသလို အဖွဲ့အစည်းတလျှောက်တွင်လည်း ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ကြပြီး လူသားများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြသည်။.

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ