အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅

မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲ ၂၀၁၅

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ရွေးကောက်ခံခဲ့ကြသည်။ ယင်းအမတ်နေရာများတွင် တပ်မတော်မှ တိုက်ရိုက်ခန့်အပ်မည့် နေရာများလည်း ပါဝင်သည်။ ၂၀၁၅ ရွေးကောက်ပွဲကို မှတ်ပုံတင်ထားပြီးသော နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာ့အထွေထွေရွေးကောက်ပွဲ ၂၀၁၅

← ၂၀၁၀၈ နိုဝင်ဘာ ၂၀၁၅ [၁]၂၀၂၀ →

ပြည်သူ့လွှတ်တော် ၄၄၀ နေရာအနက် ၃၃၀
ပြိုင်ဖက်ကို အနိုင်ရရန် ၂၂၁ နေရာ လိုအပ်အမျိုးသားလွှတ်တော် ၂၂၄ နေရာအနက် ၁၆၈
ပြိုင်ဖက်ကို အနိုင်ရရန် ၁၁၃ နေရာ လိုအပ်
 ပထမပါတီဒုတိယပါတီ
 
ဦးဆောင်သူဒေါ်အောင်ဆန်းစုကြည်ဦးသိန်းစိန်
ပါတီNLDUSDP
စတင် ဦးဆောင်ချိန်၂၇ စက်တင်ဘာ ၁၉၈၈၂ ဇွန် ၂၀၁၀
Leader's seatကော့မှူးမပြိုင်ပါ။
နောက်ဆုံး ရွေးကောက်ပွဲမပြိုင်ခဲ့ပါ၂၅၉ (ပြည်သူ့) ၇၈.၄၈%
၁၂၉ (အမျိုးသား) ၇၆.၇၉%
ယခင် နေရာ၃၇ (ပြည်သူ့)
၄ (အမျိုးသား)
၂၁၂ (ပြည်သူ့)
၁၂၄ (အမျိုးသား)
အနိုင်ရ နေရာ၂၅၅ (ပြည်သူ့)
၁၃၆ (အမျိုးသား)
၃၀ (ပြည်သူ့)
၁၂ (အမျိုးသား)
နေရာ အပြောင်းအလဲIncrease ၂၁၈ (ပြည်သူ့)
Increase ၁၃၂ (အမျိုးသား)
Decrease ၁၈၂ (ပြည်သူ့)
Decrease ၁၁၂ (အမျိုးသား)


ရွေးကောက်ပွဲ မတိုင်မီ သမ္မတ

ဦးသိန်းစိန်
USDP

သမ္မတ-ရွေးချယ်ခံရသူ

ဦးထင်ကျော်
NLD

အလားအလာ ရှိသူများ

ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ပြန်တက်လာနိုင်သည်ဟု ခန့်မှန်းသူများ ရှိသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတခန့်မည်ဟု ပြောဆိုသူများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းကန့်သတ်ချက်များအရ သမ္မတ ဖြစ်ခွင့် မရှိပေ။ သို့သော် NLD အနိုင်ရပါက သမ္မတအထက်မှနေ၍ အစိုးရအဖွဲ့ကို ဦးဆောင် စီမံခန့်ခွဲမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။[၂]

ယခင် စစ်အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဖြစ်ခဲ့သော သူရဦးရွှေမန်းသည်လည်း သမ္မတ ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း သူသည် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ်မှ ဖယ်ရှားခံထားရသည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ

2

ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ကြေညာချက်အမှတ် (၆၇/၂၀၁၅) ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ နယ်မြေအချို့သည် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများကျင်းပမည် မဟုတ်ကြောင်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ [၃] ရွေးကောက်ပွဲ မကျင်းပနိုင်သော နယ်မြေများမှာ

  • မိုင်းရှူးမြို့နယ်
    • မြို့နယ်တစ်ခုလုံး
  • ကျေးသီးမြို့နယ်
    • မြို့နယ်တစ်ခုလုံး
  • တန့်ယန်းမြို့နယ်
    • ကျေးရွာအုပ်စု (၃၇) အုပ်စု နှင့် ရပ်ကွက် (၅) ရပ်ကွက်

ရွေးကောက်ပွဲ ရလဒ်

မဲရုံတစ်ရုံတွင် မဲပေးနေကြပုံ
မဲလက်မှတ်နှင့် တံဆိပ်တုံး

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေညာခဲ့သည့် ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာ နှင့် ပြည်ထောင်စုလွှတ်တော်တွင် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ရန် လိုအပ်သော အမတ်အရေအတွက်ကို ကျော်လွန်ခဲ့သည်။ အဆိုပါရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတ တစ်ဦးကို ရွေးချယ်နိုင်ပြီ ဖြစ်သည်။[၄]

အမျိုးသားလွှတ်တော် ရလဒ်များ

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၅
ပါတီအမတ်နေရာအသားတင် အနိုင်/အရှုံးနေရာ %မဲ %မဲ+/−
 NLD၁၃၅ ၁၃၂၆၀.၂၇
 USDP၁၁ ၁၁၂၅.၃၆
 ANP၁၀ ၄.၄၆
 SNLD ၁.၃၄
 ZCD ၀.၈၉
 MNP ၀.၄၅
 တစည ၀.၄၅
 PNO ၀.၄၅%
 TNP ၀.၄၅%
 တစ်သီးပုဂ္ဂလ ၀.၈၉%
 AMRDP
 SNDP
 အခြား ၁၈
 တပ်မတော်သား ကိုယ်စားလှယ်၅၆ ၂၅.၀၀
စုစုပေါင်း၂၂၄၁၀၀


ပြည်သူ့လွှတ်တော် ရလဒ်များ

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၅
ပါတီအမတ်နေရာအသားတင် အနိုင်/အရှုံးနေရာ %မဲ %မဲ+/−
 NLD၂၅၅ ၂၁၈၅၇.၉၅
 USDP၃၀ ၁၈၂၆.၈၁
 ANP၁၂ ၂.၇၃
 SNLD၁၂ ၁၂၂.၇၃
 PNO ၀.၆၈
 TNP ၀.၆၈
 LNDP ၀.၄၅
 ZCD ၀.၄၅
 KSDP ၀.၂၃
 KDUP ၀.၂၃
 WDP ၀.၂၃
 တစ်သီးပုဂ္ဂလ ၀.၂၃
 SNDP ၁၈
 တစည ၁၂
 AMRDP
 အခြား ၁၂
 နယ်မြေမတည်ငြိမ်ခြင်းကြောင့် ရွေးကောက်ပွဲမလုပ်သည့် နေရာများ[၅]၁.၅၉
 တပ်မတော်သား ကိုယ်စားလှယ်၁၁၀ ၂၅.၀၀
စုစုပေါင်း၄၄၀၁၁၀၁၁၀


ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ရွေးကောက်ပွဲ၊ ၂၀၁၅
ပါတီအမတ်နေရာအသားတင် အနိုင်/အရှုံးနေရာ %မဲ %မဲ+/−
 NLD၄၇၅ ၄၇၄၅၅.၃၅
 USDP၇၄ ၄၁၁၈.၄၉
 SNLD၂၅ ၂၁၂.၉၁
 ANP၂၂ ၂.၅၆
 TNP ၀.၈၁
 PNO ၀.၇၀
 KSDP ၀.၃၅
 LNDP ၀.၂၃
 MNP ၀.၂၃
 WDP ၀.၂၃
 ZCD ၀.၂၃
 AMRDP ၀.၁၂
 DP ၀.၁၂
 KPP ၀.၁၂
 KDUP ၀.၁၂
 LHNDP .၀.၁၂
 SNDP ၃၀.၀.၁၂
 TLNDP ၀.၁၂
 UDPKS ၀.၁၂
 WNUP ၀.၁၂
 တစ်သီးပုဂ္ဂလ ၀.၁၂
 အခြား ၂၇၀.၀၀
 နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲမလုပ်သည့်နေရာများ၁၄၁.၅၉%
 တပ်မတော်သား ကိုယ်စားလှယ်၂၂၀[၆] ၂၅.၅
စုစုပေါင်း၈၆၄၁၀၀၁၀၀


တိုင်းရင်းသားရေးရာ ဝန်ကြီးများ

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ နေရာ ပါဝင်သည်။


တိုင်းရင်းသားရေးရာ ဝန်ကြီး ရွေးကောက်ပွဲ၊ ၂၀၁၅
ပါတီအမတ်နေရာအသားတင် အနိုင်/အရှုံးနေရာ %မဲ %မဲ+/−
 NLD၂၁ ၂၁၇၂.၄၁
 USDP ၆.၉၀
 ANP ၃.၄၅
 ANDP ၃.၄၅
 LHNDP ၃.၄၅
 LNDP ၃.၄၅
 TLNDP ၃.၄၅
 တစ်သီးပုဂ္ဂလ ၃.၄၅
 SNLD
 အခြား၀%
စုစုပေါင်း၂၉၁၀၀၁၀၀


အငြင်းပွားဖွယ်ရာများ

မဲစာရင်း အကြိမ်ကြိမ် မှားယွင်းခြင်း၊ ပဋိပက္ခဒေသများတွင် မဲပေးခွင့် ဖျက်သိမ်းခြင်း၊ လူနည်းစုတချို့ မဲပေးခွင့် မရှိခြင်းများနှင့် ပတ်သက်၍ မီဒီယာများက ထုတ်ဖော်ရေးသားခဲ့ကြသည်။

"နိုင်ငံကို အုပ်ချုပ်နေပြီး တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီကို မဲမပေးဘဲ မြန်မာပြည်သူ သန်းပေါင်းများက ဆန့်ကျင်စေကာမူ တပ်မတော်သည်သာလျှင် ပါဝါအစစ်အမှန်အဖြစ် ဆက်လက် ကျန်ရစ်လိမ့်မည်" ဟု The Economist စာစောင်က ဝေဖန်ရေးသားခဲ့သည်။[၇]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ