အယ်လန် ဒါဂျဲနရာ့စ်

အယ်လန် လီ ဒါဂျဲနရာ့စ် (အင်္ဂလိပ်: Ellen Lee DeGeneres; မွေးဖွား-၁၉၅၈ ဇန်နဝါရီ ၂၆)[၁][၂] သည် အမေရိကန် ဟာသဖျော်ဖြေသူ၊ ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူ၊ မင်းသမီး၊ စာရေးဆရာ၊ ထုတ်လုပ်သူတစ်ဦးဖြစ်ကာ ဟာသရုပ်သံဇာတ်လမ်းတွဲ "အယ်လန်" ကို ၁၉၉၄ မှ ၁၉၉၈ အထိ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့အပြင် သူမ၏အမည်ဖြင့်ပင် ပြောဆိုဆွေးနွေးပွဲပုံစံဖြင့်တင်ဆက်သော The Ellen DeGeneres Show ကို ၂၀၀၃ မှစ၍ တင်ဆက်ခဲ့သည်။

အယ်လန် ဒါဂျဲနရာ့စ်
Ellen DeGeneres
၂၀၁၁ ၌ တွေ့ရစဉ်
မွေးအမည်Ellen Lee DeGeneres
မွေးဖွား (1958-01-26) ဇန်နဝါရီ ၂၆၊ ၁၉၅၈ (အသက် ၆၆)
အမေရိကန်ပြည်ထောင်စု၊ လူဝီဇီယားနားပြည်နယ်၊ မဲတာရီးအရပ်
နယ်ပယ်
  • လူရှေ့ဖျော်ဖြေမှု
  • တီဗီ
  • ရုပ်ရှင်
  • စာအုပ်
ကျောင်းတော်University of New Orleans
တက်ကြွခုနှစ်များ၁၉၇၈–လက်ရှိ
အမျိုးအစား
  • စူးစမ်းလေ့လာ ဟာသပညာ
  • သရော်မှု
  • သဘာဝမဟုတ်သော ဟာသ
  • သွယ်ဝိုက်ဟာသ
  • မျက်နှာသေအမူအရာ
အကြောင်းအရာများ
  • အမေရိကန် ယဉ်ကျေးမှု
  • လူကြိက်များ ယဉ်ကျေးမှု
  • လိင်ပိုင်းဆိုင်ရာ
  • လက်ရှိ အဖြစ်အပျက်
ကြင်ဖော်Portia de Rossi (လက်ထပ် 2008)
မိဘဘက်တီ ဒါဂျဲနရာ့စ်
ဆွေမျိုးဗေးန်စ် ဒါဂျဲနရာ့စ် (မောင်နှမ)
လက်မှတ်

ပရိသတ်ရှေ့ ဖျောဖြေတင်ဆက်မှုသည် ၁၉၈၀ အစောပိုင်းနှစ်များမှ စတင်ခဲ့ပြီး ၁၉၈၆ ဂျွန်နီ ကားဆန်၏ အစီအစဉ်တစ်ခုတွင် ပါဝင်လာခဲ့သည်။ ရုပ်ရှင်မင်းသမီးအဖြစ် Mr. Wrong (၁၉၉၆) ၊ EDtv (၁၉၉၉) ၊ The Love Letter (၁၉၉၉) နှင့် Finding Nemo (၂၀၀၃) ၊ Finding Dory (၂၀၁၆) ပစ်ခ်ဇာကာတွန်းရုပ်ရှင်တို့တွင် ဒိုရီဇာတ်ကောင်နေရာမှ အသံသရုပ်ဆောင်ခဲ့သည်။ နီမိုကာတွန်ရုပ်ရှင်အတွက် ဒါဂျဲနရာ့စ်ကို အသံသရုပ်ဆောင်ခြင်းအတွက် "အကောင်းဆုံး အမျိုးသမီးဇာတ်ပို့နေရာ" အတွက် စေတန်ဆုချီးမြှင့်ခြင်းခံခဲ့ရကာ အသံသရုပ်ဆောင် အမျိုးသမီးတစ်ဦးအတွက် ပထမဆုံး ဆုလည်းဖြစ်ပေသည်။ ၂၀၁၀ တွင် အမေရိကန် အိုင်ဒေါ (/အိုင်းဒါလ်/) နဝမမြောက်ရာသီ၌ ဒိုင်အဖြစ်ပါဝင် လုပ်ကိုင်ခဲ့သည်။

ဟာသဇာတ်လမ်းတွဲနှစ်ခုဖြစ်သော "Ellen" ရုပ်သံတွဲတွင် ၁၉၉၄ မှ ၁၉၉၈ အထိ ပါဝင်သရုပ်ဆောင်ခဲ့ပြီး "အယ်လန် ရှိုး"ကို ၂၀၀၁ မှ ၂၀၀၂ အထိ ပါဝင်တင်ဆက်ခဲ့သည်။ ၁၉၉၇ ၌ အယ်လန်ဇာတ်လမ်းတွဲ၏ စတုတ္ထမြောက်ရာသီတွင်အတွင်း "အော်ပရာ ဝင်းဖရေး ရှိုး"တွင် သူမသည် လိင်တူအမျိုးသမီးဖြစ်ကြောင်း လူသိရှင်ကြား ဖွင့်ဟဝန်ခံခဲ့သည်။ ဝင်းဖရေးသရုပ်ဆောင်သော ကုထုံးဆရာဝန်ထံသို့ အယ်လန်၏ ဇာတ်ကောင် "အယ်လန် မော်ဂန်"သည်လည်း ထိုသို့ လူသိရှင်ကြား ဖွင့်ဟခဲ့ကာ ထိုဇာတ်လမ်းတွဲ၌ လူသိရှင်ကြား ဖွင့်ဟဝန်ခံခြင်းအပါအဝင် LGBT (လိင်တူ/ကွဲ/ပြောင်း/စုံ...) ပြဿနာများကို စူးစမ်းရှာဖွေဖော်ပြထားလေ၏ ။ ၂၀၀၈ ၌ သူမကြာရှည်စွာ တွဲလာခဲ့သော အမျိုးသမီးချစ်သူ ပေါ်တီယာ ဒီ ရော့စ်နှင့် အိမ်ထောင်ပြုခဲ့သည်။

ဒါဂျဲနရာ့စ်သည် အကယ်ဒမီဆုပေးပွဲ၊ ဂရမ်မီဆုပေးပွဲ၊ ပရိုင်းတိုင်း အမ်မီဆုပေးပွဲများတွင် စီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့၏ ။ စာအုပ်လေးအုပ် ရေးသားထုတ်ဝေခဲ့ပြီး ကိုယ်ပိုင်တေးသံသွင်းကုမ္ပဏီ အလဲဗန်းအလဲဗန်း (Eleveneleven) နှင့် ထုတ်ဝေဖြန့်ချိရေးကုမ္ပဏီ "A Very Good Production" ကို တည်ထောင်ခဲ့သည်။ ထို့အပြင် လူနေမှုပုံစံ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် "ED Ellen DeGeneres" ကို လုပ်ကိုင်ခဲ့ပြီး ထိုတံဆိပ်ဖြင့် အဝတ်အစား၊ အသုံးအဆောင်၊ နေအိမ်၊ ကလေး၊ အိမ်မွေးတိရစ္ဆာန် ဆိုင်ရာ ပစ္စည်းများကို ရောင်းချသည်။[၃] အမ်မီဆု ၃၀ ၊ လူထုစိတ်ကြိက်ဆု (People's Choice Awards) ၂၀ တို့ကို ရရှိထားပြီး ဖြစ်လေကာ[၄] သူမ၏ လက်ရာ၊ ရန်ပုံငွေရှာဖွေရေး အားထုတ်မှုများအတွက် အခြားဆုများစွာကိုလည်း ဆွတ်ခူးထားသည်။ ၂၀၁၆ ၌ (အမေရိကန်)"သမ္မတ လွတ်လပ်မှုဆုတံဆိပ်" (Presidential Medal of Freedom) ကို ရရှိခဲ့သည်။[၅] ဇန်နဝါရီ ၂၀၂၀ တွင် သူမ၏ ရုပ်မြင်သံကြားတင်ဆက်မှုများအတွက် "ကားရာလ် ဘားနတ် ဆု" (Carol Burnett Award) ကို ၇၇ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ရရှိပြန်ရာ ကားရာလ် ဘားနတ်ပြီးလျှင် ပထမဆုံး ဆုလက်ခံသူဖြစ်လာခဲ့ပေသည်။[၆]

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ