အရှေ့နီးပါးအပိတ်နီးပါးအပြန့်သရ

အရှေ့နီးပါးအပိတ်နီးပါးအပြန့်သရ (အင်္ဂလိပ်: near-close front unrounded vowel, or near-high front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨ɪ⟩ (အစ်[မှတ်စု ၁]) သင်္ကေတဖြင့်ပြသည်။ ဆိုလိုသည်မှာ အက္ခရာအသေး i ဖြစ်၏ ။ နိုင်ငံတကာသဒ္ဒဗေဒအသင်းက ထိုအက္ခရာ၏အပေါ်အောက်၌ အစွန်းထုတ်၍ ရေးရန်လမ်းညွှန်ထားသည်။[၁] အက္ခရာ၏ အစွန်းများ၌ အတုံးတိုလေးများဖြင့် ရေးရန်ဖြစ်သည်။ ဤသို့ အတုံးတိုအစွန်းများဖြင့်ရေးသားသော ဖောင့် (font) များသည် ဤပုံနှိပ်၊ ပရင့်ထုတ်သည့် စည်းမျဉ်းနှင့် ကိုက်ညီပေသည်။[၂] ၁၉၈၉ မတိုင်မီ အခြားကွဲပြားသော သရသံအက္ခရာတစ်မျိုးရှိခဲ့ရာ ထိုအက္ခရာမှာ ⟨ɩ⟩ ဖြစ်၍ ယခုအခါ၌ သဒ္ဒဗေဒအဖွဲ့က သဘောမတူ ခွင့်မပြုတော့ပေ။[၃] သို့သော်ငြားလည်း အချို့သော ခေတ်ပေါ်အရေးအသားများ၌ ယခုထိတိုင်သုံးစွဲနေသေး၏ ။[၄]

near-close near-front unrounded vowel
ɪ
IPA Number319
Encoding
Entity (decimal)ɪ
Unicode (hex)U+026A
X-SAMPAI
Braille⠌ (braille pattern dots-34)

အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း  ဝိုင်းခြင်း ဖြစ်သည်။

နိုင်ငံတကာသဒ္ဒဗေဒအသင်း၏ လက်စွဲစာအုပ်တွင် [ɪ] အက္ခရာကို အလယ်တစ်ဝက် (mid-centralized) ၊ အရှေ့နီးပါး (close front) ၊ နှုတ်ခမ်းဖြန့် ရွတ်ဆိုရသော သရဟူ၍ အဓိပ္ပာယ်ဖွင့်ပြီး လက်ရှိ ဤအက္ခရာ ⟨ɪ⟩ ၏ တရားဝင်အမည်မှာ near-close near-front unrounded vowel (အရှေ့နီးပါးအပိတ်နီးပါးအပြန့်သရ) ဖြစ်သည်။[၅] သို့ရာတွင် အချို့သော ဘာသာစကားများ၌ အရှေ့နီးပါး၊ အလယ်နှင့် နီးကပ်သော အပြန့်သရ (close-mid near-front unrounded vowel) များရှိကြ၍ [ɪ] ၏ ယေဘုယျ ပြဋ္ဌာန်းစံ တန်ဖိုးထက် အနည်းငယ်နိမ့်သော အနေအထားရှိ သရ ဖြစ်သည်။ ဥပမာအားဖြင့် ကာလီဖိုးနီးယားတွင်ပြောလေ့ရှိသော အထွေထွေအမေရိကန်အသံထွက် (General American )၊ ခေတ်သစ် ဗြိတိသျှအများလက်ခံအသံထွက် (Received Pronunciation) နှင့်[၆][၇][၈] အခြားသော ဘာသာစကားများ၌ ဖြစ်သည်။[၉][၁၀]ɪ⟩ ထက်နိမ့်သော ပုံစံကို ⟨ɪ̞⟩ အဖြစ် အသံဖလှယ် ရေးသားနိုင်သည်။

မြန်မာဘာသာစကား

အင်္ဂလိပ်ဘာသာစကားရှိ sit မှ 'i' ၏ အသံဖြစ်၍ မြန်မာစကားရှိ စစ်၊ တစ် အစရှိသော စကားလုံးများမှ သရသံကို ဤအက္ခရာဖြင့် ရေးသားနိုင်သည်။[၁၁] ဥပမာ "စစ်" ကို [sɪʔ] အဖြစ်ရေးသားနိုင်၍ နှာသံပါသော"စင်" ကို [sĩ] ဟူ၍ ရေးသားနိုင်သည်။

အင်္ဂါရပ်

  • ယခုဖော်ပြပါ (ရပ်သံမပါသော) ⟨ɪ⟩ (အစ်) သရ၌ လျှာသည် ခံတွင်း၌ အပိတ်နီးပါးရှိရ၍ အပိတ်သံ အထိ မရှိရပေ။
  • လျှာ၏ ရှေ့နောက် အနေအထား၌ လျှာသည် ခံတွင်း၏ အရှေ့ဖက်သို့ ရောက်ရှိနေသည်။ သို့သော် ဗျည်းသံဖြစ်ပေါ်သည်အထိ ပိတ်ဆို့လိုက်ခြင်းမပြုရချေ။
  • အပြန့်သရဟူ၍ ခေါ်ဆိုရာ၌ နှုတ်ခမ်းကို ဝိုင်း၍ မပြုလုပ်ရပေ။


မှတ်စု

ကိုးကား

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ