အိုင် (အက္ခရာ)

လက်တင်အက္ခရာ

I သည် အခြေခံလက်တင်အက္ခရာတွင် ကိုးလုံးမြောက် အက္ခရာဖြစ်သည်။ ထို့ပြင် I သည် အင်္ဂလိပ်သဒ္ဒါတွင် နာမ်စားအဖြစ် အသုံးပြုသော အက္ခရာ တစ်ခုဖြစ်သည်။ ဤနေရာတွင် I (နာမ်စား) ကို ကြည့်ရှု့ပါ။ စီမီတစ်ဘာသာရှိ လက်မောင်းနှင့်လက်ဖဝါးပုံ နံရံဆေးရေး ပန်းချီပုံ တစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည် ဟု သတ်မှတ်ကြသည်။ ထိုရုပ်ပုံအား အီဂျစ် အရုပ်စာသင်္ကေတတွင် ရှိသော လည်ချောင်းဖြင့် ပွတ်တိုက်ဗျည်းသံ (/ʕ/) အား ကိုယ်စားပြုထားသည့် အီဂျစ်အရုပ်စာသင်္ကေတမှ ရရှိခဲ့ခြင်းဖြစ်သည်မှ သေချာသလောက် ရှိသည်ဟု ယူဆကြသည်။ j သည် i မှ ပြောင်းလဲဖြစ်ပေါ်လာသော အက္ခရာတစ်ခုဖြစ်သည်။ ထိုအက္ခရာနှစ်ခု စလုံးကို ၁၆ ရာစုမှစ၍ အသံရော ဗျည်းပါ ခွဲခြားပေးခဲ့သည်။အောက်ဖော်ပြပါ ပုံများမှာ ဘာသာစကားတစ်ခု၏ မူလ သင်္ကေတပုံများ ဖြစ်သည်။

I
I
အခြေခံ လက်တင်အက္ခရာ
AaBbCcDd  
EeFfGgHh
IiJjKkLlMmNn
OoPpQqRrSsTt
UuVvWwXxYyZz

သမိုင်း

အီဂျစ်အရုပ်စာသင်္ကေတ ˁProto-Semitic YPhoenician
yodh
ဩရုစကမ်I Iiဂရိ
Iota
D36

အသုံးပြုပုံ

အိုင် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phoneticမောရ်စ်၏ သင်္ကေတ
India··
အချက်ပြအလံFlag semaphoreမျက်မမြင် သင်္ကေတ
  • ၁၉၉၀ ခုနှစ်ကတည်းကပင် < i > (အက္ခရာသေးဖြင့်) ကို Apple Corporation မှ ထုတ်ကုန်ပစ္စည်းအမည်ရှေ့တွင် အသုံးပြုခဲ့ကြသည်မှ ယနေ့တိုင်ဖြစ်သည်။
  • ကွန်ပျူတာတွင် I အက္ခရာအကြီးတွင် ယူနီကုဒ်အမှတ် U+0049 ဖြစ်ပြီး အက္ခရာ အသေးအတွက်ကိုမူ ယူနီကုဒ်အမှတ် U+0069 အဖြစ် သတ်မှတ်ထားသည်။
  • ASCII ကုဒ်တွင် I အက္ခရာအကြီးအတွင် ၇၃ ဖြစ်ပြီး i အက္ခရာအသေးအတွက် ၁၀၅ ဖြစ်သည်။

အင်္ဂလိပ်ဘာသာတွင် နာမ်စားတစ်ခုဖြစ်သည့် I ကို အောက်ပါအတိုင်း အသုံးပြုကြသည်။

  • "I Love You"
  • "You and I can walk to the store"
  • "She and I are Friends."
  • ထို့အပြင် ဓာတုဗေဒ ဘာသာရပ်တွင် I သည် Iodine(အိုင်အိုဒင်း) ကို ကိုယ်စားပြုသော သင်္ကေတ တစ်ခုဖြစ်သည်။
  • ရောမသင်္ချာဂဏန်းတွင် I သည် တစ် ဖြစ်သည်။
  • သင်္ချာဗေဒတွင် I သည် imaginary units ဟုခေါ်သော square root ၏ အနုတ်လက္ခနာတစ်ခုဖြစ်သည်။
  • ဇီဝ-ဓာတုဘာသာရပ်တွင် I ကို အိုင်ဆိုလီယူဆင်(Isoleucin) အဖြစ် ကိုယ်စားပြုသည်။
  • နိုင်ငံတကာ ခရီးသွားလုပ်ငန်း မှတ်ပုံတင်အမှတ်တွင် I သည် အီတလီနိုင်ငံသား(အီတာလျံလူမျိုး)ကို ကိုယ်စားပြုဖော်ပြပေးသည်။
🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ