အိုရိုင်ယွန် နက်ဗျူလာ

05h 35m 17.3s, −05° 23′ 28″

အိုရိုင်ယွန် နက်ဗျူလာ (Messier 42, M42, သို့မဟုတ် NGC 1976 ဟုလည်းသိထား) သည် နဂါးငွေ့တန်းထဲမှ အိုရိုင်ယွန် ကြယ်စုတန်းတွင် တည်ရှိသည်။ ယင်းသည် ကောင်းကင်တွင် အတောက်ပဆုံး နက်ဗျူလာဖြစ်ကာ သာမန်မျက်စိဖြင့် မြင်နိုင်သည်။ M42 သည် ကမ္ဘာမြေမှ ကြယ်တာရာများ အစုလိုက်အပြုံလိုက် မွေးဖွားရာနယ်မြေနှင့် အနီးဆုံးဆီသို့ ၁,၃၄၄ ± ၂၀ အလင်းနှစ် ကွာဝေးသည်။[၃][၆] M42 သည် အလင်းနှစ် ၂၄ အကွာထိ လွှမ်းခြုံထားသည်ဟု ခန့်မှန်းထားသည်။ ယင်းသည် နေထုထည်ထက် အဆပေါင်း ၂ဝဝဝ ပိုများသည်။ရှေးစာပေများတွင် အိုရိုင်ယွန် နက်ဗျူလာအား ကြီးကျယ်သော နက်ဗျူလာ ဟု မကြာခဏ ရည်ညွန်းလေ့ရှိကြသည်။[၇]အိုရိုင်ယွန် နက်ဗျူလာသည် ညဘက်ကောင်းကင်တွင် ဆန်းကြယ်သည့် ဓာတ်ပုံများကို ပေးစွမ်းနိုင်သော အရာဝတ္ထုများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။[၈]

အိုရိုင်ယွန် နက်ဗျူလာ
Diffuse nebula
မြင်နိုင်သောအလင်းထဲမှ အိုရိုင်ယွန် နက်ဗျူလာတစ်ခုလုံး
လေ့လာမှု ဒေတာ: J2000 Epoch
အမျိုးအစားခွဲReflection/Emission nebula[၂]
ညာဘက် တိမ်းစောင်းမှု05° 35′ 17.3″[၁]
နိမ့်ဆင်းမှု−05° 23′ 28″[၁]
အကွာအဝေး1,344±20 ly   (၄၁၂[၃] pc)
အမြင် တောက်ပမှု (V)+၄.၀[၄]
အမြင် ဒိုင်မင်းရှင်း (V)65×60 arcmins[၅]
ကြယ်စုတန်းအိုရိုင်ယွန်
ရုပ်သွင်ပြင် လက္ခဏာ
အချင်းဝက်၁၂[a] ly
ပကတိ တောက်ပမှု (V)
သိသာသော သွင်ပြင်များTrapezium cluster
သတ်မှတ်ချက်များNGC 1976, M42,
LBN 974, Sharpless 281
အခြားကြည့်ရန်: နက်ဗျူလာများ စာရင်း

ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ

DSLR ကင်မရာဖြင့် ရိုက်ကူးထားသော အိုရိုင်ယွန် နက်ဗျူလာ၏ ဝါရင့်ပုံ

နက်ဗျူလာအား အလင်းအနှောက်အယှက်အချို့ရှိလျင်တောင် သာမန်မျက်စိဖြင့် မြင်နိုင်သည်။ တယ်လီစကုပ်အသေးစားဖြင့်ဆိုပါက နက်ဗျူလာအားသိသာစွာမြင်နိုင်သည်။ အိုရိုင်ယွန် နက်ဗျူလာတွင် နုပျိုသော open cluster ပါဝင်ပြီး Trapezium ဟုသိထားသည်။ Trapezium သည်လည်း ပိုမိုကြီးမားသော Orion Nebula Cluster ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ကြယ်တာရာပေါင်း ၂၈ဝဝ ခန့်နှင့် အချင်းအားဖြင့် အလင်းနှစ် ၂ဝ ခန့်လွှမ်းခြုံထားသည်။[၉]

ဆင့်ကဲ့ပြောင်းလဲမှု

မိမိတို့ ယနေ့တွေ့ရသည့် အိုရိုင်ယွန် နက်ဗျူလာထဲမှ အတောက်ပဆုံးနှင့် အနုပျိုဆုံးကြယ်များသည် သက်တမ်းအားဖြင့် နှစ် ၃ဝ,ဝဝဝဝ ထက်မပိုပေ။[၁၀] အတောက်ပဆုံးကြယ်များသည် နှစ် ၁ဝ,ဝဝဝ ဝန်းကျင်တွင် ရှိနိုင်သည်။

ပြခန်း

ကျမ်းကိုး

ပြင်ပလင့်

🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ