အူးလုံ

တစ်စိတ်တစ်ပိုင်း ဓာတ်တိုးထားသော တရုတ် လက်ဖက်ခြောက်

အူးလုံလက်ဖက် (ရိုးရှင်းတရုတ်: 乌龙; ရိုးရာတရုတ်: 烏龍 (ဝုလုံ, "နဂါးနက်")) သည် တရုတ်ရိုးရာ လက်ဖက်တစ်မျိုးဖြစ်၍ လက်ဖက်ရွက်များ လိပ်တွန့်မှုမရှိခင် တစ်စိတ်တစ်ပိုင်းဓာတ်တိုးစေခြင်း (semi-oxidation)၊ နေရောင်ခပ်ပြင်းပြင်းအောက်၌ ညှိုးခြောက်စေခြင်းဖြစ်စဉ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။[၁]

လှိမ့်ထားသော အူးလုံလက်ဖက်များ
Oolong tea
"Oolong" in Traditional (top) and Simplified (bottom) Chinese characters
ရိုးရာ တရုတ်烏龍茶
ရိုးရှင်းသော တရုတ်乌龙茶
ဆိုလိုရင်း"Black dragon tea"

ဓာတ်တိုးမှုဖြစ်စဉ်ပမာဏသည် မီးမပေးမီ၌ မျိုးမူကွဲနှင့် ထုတ်လုပ်မှုပုံစံတို့ပေါ်မူတည်၍ ၈% နှင့် ၈၅% ကြားတွင် ရှိနိုင်သည်။[၂] အူးလုံလက်ဖက်သည် အထူးသဖြင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်အာရှတွင် နေထိုင်သော တရုတ်လူမျိုးများကြား အကြိုက်များသည်။[၃]

မတူညီသော အူးလုံလက်ဖက်ရည်ကြမ်းဖျော်နည်းပုံစံသည် အနံ့အရသာ အတော်ကွဲပြားနိုင်သည်။ စိုက်ပျိုးနည်းစနစ်၊ ထုတ်လုပ်ပုံတို့အပေါ်မူတည်ကာ အနံ့အရသာအမျိုးမျိုးဖြစ်နိုင်သည်။[၁] ဖူးကျင့်မြောက်ပိုင်း ဝုယီတောင်တန်းထွက် အူးလုံလက်ဖက်များသည် အကျော်ကြားဆုံးတရုတ်လက်ဖက်များဖြစ်ကြသည်။ ကွဲပြားသော အူးလုံလက်ဖက်များကို ထုတ်လုပ်စီမံရာ၌လည်း ကွဲပြားသောနည်းစနစ်များကိုသုံးကြလေ့ရှိသည်။ သို့ရာတွင် အရွက်များကို ထင်ရှားသော ပုံစံနှစ်မျိုးဖြင့်သာ ဆောင်ရွက်လေ့ရှိကြ၏ ။ အချို့ကို ရှည်လျားတွန့်လိပ်သည့်အရွက်များရစေရန် လိမ့်ကြပြီး အချို့ကို အလုံး/အထုံးပုံစံနှင့် အငြှောင့်ပါစေရန် ပြုလုပ်ကြလေသည်။ ပထမပုံစံသည် ရိုးရာဟန်ဖြစ်၏ ။

၁၈၅၇ တွင် ရှိဟုန်ပေါင်ရေးသော "ဖူးကျင့် ထွေရာလေးပါးမှတ်စုစာ"တွင် တရုတ်ဝေါဟာရ အူးလုံ (ဝုလုံ) ကို ပထမဆုံးအသုံးပြုထားကြောင်း တွေ့ရှိရသည်။ အနက်မှာ "အစိမ်းရင့်ရောင် လက်ဖက်" ဟူ၍ ဖြစ်သည်။[၄]

အူးလုံလပ်ဖက်ခြောက်များကို ထုတ်လုပ်ရာတွင် လိုချင်သည့် အရွက်၏ ကြေမွမှု၊ အညိုသမ်းမှုရစေရန် လုပ်ဆောင်ရသည့်အဆင့်များကို ထပ်ကျော့၍ ပြုလုပ်ကြလေ့ရှိသည်။ ညှိုးခြောက်ခြင်း၊ လှိမ့်ခြင်း၊ ပုံဖော်ခြင်း၊ မီးတိုက်ခြင်းတို့သည် အချိုခြောက် (black tea) နှင့်တူညီသော်လည်း ပြုလုပ်ကိုင်တွယ်ချိန်နှင့် အပူချိန်ကို ပို၍ ဂရုပြုကြရသည်။[၅]

ကိုးကား


🔥 Top keywords: ဗဟိုစာမျက်နှာအထူး:ရှာဖွေရန်မြန်မာနိုင်ငံနှစ်ဆန်းတစ်ရက်နေ့သင်္ကြန်မင်းအောင်လှိုင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)မေတ္တသုတ်ရှစ်ပါးသီလပရိတ်ကြီး ၁၁ သုတ်အောင်ဆန်းစုကြည်ကိုးပါးသီလအောင်ဆန်းအောင်လပဋ္ဌာန်းလွတ်လပ်ရေးကြေညာစာတမ်းမဟာသမယသုတ်ရတနသုတ်တပ်မတော် (ကြည်း)အော်ကာတပ်မတော်ဘုရားဂုဏ်တော်ဘာဂျာမှုတ်ခြင်းဂေါတမဗုဒ္ဓမြန်မာပိတောက်ငါးပါးသီလဥပုသ်ဒုတိယ ကမ္ဘာစစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကျန်စစ်သားမိန်းမ မျိုးပွားအင်္ဂါဆယ်ပါးသီလမြန်မာနိုင်ငံရှိ မြို့များမင်္ဂလသုတ်သင်္ကြန်မိုးဂျပန်နိုင်ငံမထိုးသွင်းသော လိင်ဆက်ဆံခြင်းမြန်မာ သက္ကရာဇ်ပုဂံ